နောက် ၁၀ နှစ်ကြာလျှင် သင့်ကိုနောင်တရစေမယ့် အရာများ

နောက် ၁၀ နှစ်ကြာလျှင် သင့်ကိုနောင်တရစေမယ့် အရာများ …

တကယ်လို့ နောက် ၁၀ နှစ်ကျရင် သင်ဒါတွေကြောင့် နောင်တရမယ်ဆိုတာကို၊

သင်ယခုသိမယ်ဆိုရင် သင်ပြုပြင်နိုင်မလား။ ဆွေးနွေးကြည့်ကြရအောင်……….

၁။ မျက်နာဖုံးစွပ်ပြီး အသက်ရှင်နေထိုင်ခြင်း

သူများရဲ့အထင်အမြင်ကို အထူးအလေးထားမယ်။ သူများဝေဖန်မူကို အမြဲစိုးရိမ်နေမယ်။

သူများအလိုကျ အသက်ရှင်နေထိုင်မယ်။သူများအထင်ကြီးတဲ့ ပုံစံအတိုင်း နေထိုင်ပြမယ် ဆိုရင်၊

နောက်ဆုံးတော့ ဟန်ဆောင်မှန်းမသိ ဟန်ဆောင်မိပြီးသားဖြစ်သွားပါတယ်။

ကိုယ့်ကိုယ်ကို ပျောက်ဆုံးပြီး ဂုဏ်၊ အဆင့်အတန်း၊ အတန်းအစား စတဲ့ အတုအယောင်တွေကြားမှာ

ဟိုတူညီဝတ်စုံဝတ်လိုက်၊ ဒီဖွင့်ပွဲသွားလိုက်၊ ဟိုနေ့စုဝေးလိုက် ဟိုဟာဝိုင်းစားလိုက်၊

ဓါတ်ပုံတင်လိုက်၊ ဒီနေ့စုဝေးလိုက့်၊ ဒီဆိုင်မှာစားလိုက်၊ ဓါတ်ပုံတင်လိုက်နဲ့ တဝဲလည်လည်နွံနစ်သလိုပါပဲ နှစ်လေနက်လေ ဖြစ်သွားပါတော့တယ်။

ကိုယ်တကယ်တန်ဖိုးထားရမဲ့ ကိုယ့်အိမ်ထောင်ရေး၊ သားရေးသမီးရေးတွေ အာလုံးလစ်ဟင်းကုန်ပါတော့တယ်။

၂။ အခြားသူများမှ မိမိအိမ်မက်ကို အကောင်အထည်ဖေါ်စေခြင်း၊

လူဆိုတာ အလွန်အံ့သြစရာကောင်းပါတယ်။ ကိုယ့်စိတ်ကို ကိုယ်မနိုင်ရင် သူများနိုင်သွားပါလိမ့်မယ်။

ကိုယ့်ဘဝကို ကိုယ်ကပဲ့မကိုင်ရင်၊ သူများပဲ့ကိုင်တဲ့နောက်ကို တကောက်ကောက် လိုက်ရပါလိမ့်မယ်။

အဲဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်တဲ့စိတ် အရင်မွေးမြူ ရပါလိမ့်မယ်။

၃။ အဆိုးမြင် အပျက်သဘော ဆောင်တဲ့လူနဲ့ အဖေါ် ပြုခြင်း

စိတ်ညစ်စရာ၊ ပူဆွေးစရာ ခံစားချက်များဟာ ပတ်ဝန်းကျင်ကို အလွန်ကူးစက်လွယ်ပါတယ်။

အစိုးရ မကောင်းဘူး၊ ခေတ်မကောင်းဘူး၊ ကျောင်းမကောင်းဘူး၊ လူတွေမကောင်းဘူး၊

အိမ်သားများ မကောင်းဘူး၊ စသည်ဖြင့် အဆိုးမြင်သမားတွေ ရဲ့မျက်စိထဲမှာ ဘာတစ်ခုမှ အကောင်းမမြင်တတ်ပါ။

အဲဒီအဆိုးမြင် အပျက်ထင်တဲ့ အကျင့်ကူူးသွားရင် ဘာလုပ်လုပ် အဆင်မပြေတော့ပါ။

အဲဒါကြောင့် အဆိုးမြင်တဲ့လူနဲ့ တွေ့ရင် အမြန်ရှောင်ရှားထားပါ။

အဆိုးမြင်တဲ့စကားများဟာ အမိုက်တွေပါ။ ကိုယ်အမိုက်ပုံးဖြစ်တာကြာသွားရင် အမှိုက်ပုံပါ။ အမှိုက်ကိုက်လို့ အမိုက်ဖြစ်သွားပါတော့တယ်။

၄။ အတ္တဆန်ခြင်း..

လူ့ဘဝမှာ ပျော်ရွှင်စရာ အကောင်းဆုံးအချိန်အခါဟာ ကိုယ်နှစ်သက်တဲ့ အရာတစ်ခုခုကို သူများနဲ့ အထူးသဖြင့်ကိုယ်ချစ်တဲ့လူများနဲ့ မျှဝေခံစားရခြင်းပဲ ဖြစ်ပါတယ်။

လူတစ်ယောက်ဟာ ကိုယ့်အတွက်ချည်းပဲ ကိုယ်ကြည့်တယ်ဆိုရင် အတ္တကြီးပြီး တယူသန်သွားပါတော့တယ်။

လောကကြီးမှာ မိမိအတွက်သော်၎င်း၊ ပတ်ဝန်းကျင်အတွက်သော်၎င်း၊ အကျိုးအယုတ်စေဆုံးသော လူများဟာထို အတ္တကြီးတဲ့ လူများသာဖြစ်ပါတယ်။
မည်သည့်အတ္တမျှ လူ့ဘဝကို ကောင်းကျိုးမပေးပါ။

၅။ အလွယ်တကူ အရှုံးပေးခြင်း….

အောင်မြင်ဖို့အတွက် အတွေ့အကြုံလိုပါတယ်။

အတွေ့အကြုံဆိုတာ အခက်အခဲ အတားအဆီး နဲ့ ဆုံးရှုံးမူကြားထဲကနေ ရရှိလာတာပါ။

အဲဒါကြောင့် အကြိမ်ကြိမ်ဆုံးရူံးမှ အကြိမ်ကြိမ် အတွေ့အကြုံ ရရှိပြီး နောက်ဆုံးမှ အောင်မြင်သွားတဲ့ ပုံပြင်တွေ ခဏခဏ ကြားဖူးကြမှာပါ။

အလွယ်တကူ အရှုံးပေးလိုက်တော့ ဘယ်ကနေ အတွေ့အကြုံ ရတော့မှာလဲ။

၆။ ရောင့်ရဲလွယ်လွန်းခြင်း…

ရောင့်ရဲခြင်းဟာ ဘဝပျော်ရွှင်မူ အတွက် အလွန်အရေးပါတဲ့ အရည်အချင်း တစ်ရပ်လို့ ဆိုပေမဲ့ ရောင့်ရဲလွယ်ခြင်းဟာအောင်မြင်မူ့အတွက် အဟန့်အတားဖြစ်တတ်ပါတယ်။

နည်းနည်းလေး အဆင်ပြေတာနဲ့၊ နည်းနည်းလေး အောင်မြင်လိုက်တာနဲ့ ကမ္ဘာကြီးက ဤမျှသာဆိုပြီး၊

ရေတွင်းထဲက ဖားသူငယ်လို ကိုယ့်ကိုယ်ကို ဟုတ်လှပြီလို့ အောင့်မေ့တတ်ပါတယ်။

အဲလို ဘဝင်မြင့်လိုက်တာနဲ့ တိုးတက်မူဟာလည်း ရပ်တန့်သွားပါတော့တယ်။

၇။ အချိန်ဆွဲခြင်း…

အချိန်ဆိုတာမျိုးက ကိုယ်ထင်သလောက်မများပါဘူး။
အသက် ၈၀ အထိ အသက်ရှင်တာတောင်မှ ရက်ပေါင်း သုံးသောင်းလောက်ပဲ ရှိပါတယ်။

ငယ်ရွယ်တဲ့အချိန်၊ ကျောင်းတက်တဲ့ အချိန်၊ အိုမင်းတဲ့ အချိန် အားလုံးကို နူတ်လိုက်ရင် အလုပ်လုပ်လို့ ကောင်းတဲ့ အချိန် ဘယ်လောက်မှ မရှိပါဘူး။

မနက်ဖန်ကျမှ၊ မနက်ဖန်ကျမှ ဆိုပြီး အချိန်ဆွဲတတ်တဲ့ သူများဟာ ဘယ်တော့မှ မပြီးဆုံးနိုင်တော့တဲ့ “ မနက်ဖန်” ထဲမှာပဲ ပြီးဆုံးသွားပါတော့တယ်။

၈။ ပျင်းရိခြင်း

ပျင်းရိခြင်းဟာ အလွန်ကြောက်စရာ ကောင်းတဲ့ ရောဂါဆိုးတစ်မျိုးဖြစ်ပါတယ်။ မနက် ၉ နာရီခွဲမှ အလုပ်ဆင်းတယ်။

၁၀ ခွဲဆိုရင် လ္ဘက်ရည်သောက်ချိန်ရောက်ပြီ။ ၁၁ နာရီမှာ ပြန်အလုပ်ဆင်းတယ်။

၁၂ မထိုးခင်မှာ ထမင်းစားချိန်ရောက်ပြီ။ နေ့လည် ၂ နာရီကျမှ အလုပ်ပြန်ဆင်းတယ်။

၄ နာရီကျော်ကျော်ဆိုရင် ရေမိုးချိုးပြီး အိမ်ပြန်ဖို့ ပြင်ဆင်ပြီ။ ဒါတောင်မှ ဟိုပစ္စည်းပြတ်လို့ ၊ ဒီအသုံးအဆောင်မရှိလို့၊

တစ်ယောက်ပစ္စည်းထွက်ဝယ်ရင် နောက်ကလူတွေ တစ်ပုံကြီး စောင့်ဆိုင်းနေတာမျိုး ထည့်မတွက်သေးပါ။

ဒီလိုသာ ပျင်းရိနေမယ်ဆိုရင် ဘယ်မှာတိုးတက်နိုင်တဲ့နည်းလမ်း ရှာတွေ့မလဲ။

Credit > Aung Ko Latt