မျက်တောင်အတု တပ်စရာမလိုဘဲ သဘာဝအတိုင်း မျက်တောင်မွှေးရှည်အောင်ပြုလုပ်နည်း

မျက်တောင်အတုတပ်စရာမလိုဘဲ သဘာဝအတိုင်း မျက်တောင်မွှေးရှည်အောင်ပြုလုပ်နည်း ….

လူတစ်ယောက်မှာ မျက်တောင်မွှေးရှည်ချင်ကလည်း အလှအပကို စွဲဆောင်စေတဲ့ အဓိကအချက်တစ်ချက်ပါပဲ။

ဒါပေမဲ့ မျက်တောင်မွှေးရှည်ခြင်းဟာလူတိုင်းလိုလိုတော့
မရရှိနိုင်တဲ့ ရှားပါးတဲ့ အလှတရား လက္ခဏာတစ်ရပ်ပဲဖြစ်တာကြောင့်၊

မျက်တောင်မွှေးကို ရှည်အောင်ဘယ်လိုပြုလုပ်မလဲ၊ ထိန်းသိမ်းမလဲ ဆိုတာ မျှဝေပေးလိုက်ပါတယ်။

ဗီတာမင္အီး=မျက်တောင်ကော့တဲ့အခါမှာအသုံးပြုတဲ့ Brush တံကို ဗီတာမင်အီး အနည်းငယ်စွတ်ပြီး
သင့်ရဲ့ မျက်တောင်မွှေးကို အချိန် ၅မိနစ်လောက် ဖြီးလိမ်းပေးပါ။

တစ်နေ့ကို နှစ်ကြိမ်ပြုလုပ်နိုင်ပြီး ထိုသို့ပြုလုပ်ခြင်းဟာ မျက်တောင်မွှေးရဲ့ကြီးထွားနှုန်းကို လှုံ့ဆော်ပေးစေတဲ့အပြင် သာမန်ထက်လည်း အရှည်ပိုမြန်စေပါတယ်။

အုန်းဆီ သို့မဟုတ် သံလွင်-အုန်းဆီဒါမှမဟုတ် သံလွင်ဆီတွင် အဟာရဓာတ်များကြွယ်ဝစေတဲ့-Fatty Acids များစွာပါဝင်တာကြောင့် သင့်မျက်တောင်မွှေးအတွက် အထူးကောင်းမွန်ပါတယ်။

သန့်စင်တဲ့ Brush တံ သို့မဟုတ် လက်နဲ့ပဲဖြစ်ဖြစ် အုန်ဆီ/သံလွင်ဆီကို နည်းငယ်စွတ်ပြီး အိမ်ယာသို့ မဝင်ခင်သုတ်လိမ်းပေးပါ။

Petroleum ခရင်မ်-Petroleum ခရင်မ်ဟာ မျက်တောင်မွှေးခြောက်သွေ့ခြင်းနဲ့ ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

အိပ်ယာသို့ မဝင်ခင် မျက်တောင်ကော့တဲ့အခါမှာအသုံးပြုတဲ့ Brush တံ-သို့မဟုတ် လက်နဲ့ပဲဖြစ်ဖြစ် Petroleum ခရင်မ်
အနည်းငယ် သုတ်လိမ်းပေးပါ။

မျက်လုံးမထိအောင် ဂရုတစိုက်သုတ်လိမ်းသင့်ပြီး မနက်အိပ်ယာထတဲ့အခါ မျက်နှာကိုသန့်စင်အောင် ဆေးကြောပေးပါ။

ဗီတာမင်ကြွယ်ဝသော အစားအစာ-ဗီတာမင်ကြွယ်ဝမှုမရှိလျှင် ဆံပင်များ၊ မျက်တောင်မွှေးများ ကျွတ်ခြင်းစတဲ့ ဆုံးရှုံးမှုတွေဖြစ်ပေါ်နိုင်ပါတယ်။

ဒါကြောင့် ပရိုတိန်းဓာတ်၊ ဗီတာမင် နဲ့ Fatty Acids ကြွယ်ဝမှုရှိတဲ့-အခွံမာသီး၊ အသား၊ ငါး၊ ဥ၊ အသီးအနှံ နဲ့ ဟင်းသီးဟင်းရွက်များကို မျှမျှတတ စားသုံးသင့်ပါတယ်။

အစိမ်းရောင်လက်ဖက်-အစိမ်းရောင်လက်ဖက်တွင်
Antioxidants ဓာတ်များနဲ့ ဗီတာမင်းများစွာပါဝင်တာကြောင့်-အလှကုန်ပစ္စည်းတော်တော်များများမှာပါဝင်ပါတယ်။

ဆံပင်ဆုံးရှုံးမှုကို အထူးကာကွယ်ပေးတာကြောင့် သင့်မျက်တောင်မွှေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။

အစိမ်းရောင်လက်ဖက်ရည်ကိုအအေးခံပြီးဝါဂွမ်းဖြင့် သင့်ရဲ့ မျက်တောင်မွှေးကို တစ်နေ့ နှစ်ကြိမ်သုတ်လိမ်းပေးပါ။

ရှားစောင်းလက်ပတ်-ရှားစောင်းလက်ပတ်ဟာ ဆံကေသာအတွက်လည်း အားကောင်းစေပြီး မျက်တောင်မွှေးအတွက်လည်း အသုံးပြုနိုင်ပါတယ်။

လတ်ဆတ်တဲ့ရှားစောင်းလက်ပတ်ရွက်မှ အရည်ကိုညှစ်ယူပြီး သကြားမှုန့် သို့မဟုတ် သံလွင်ဆီ အနည်းငယ်ရောမွှေပေးပါ။

ညအိပ်ယာမဝင်ခင်ထိုရည်ဖြင့် သင့်ရဲ့ မျက်တောင်မွှေးကိုသုတ်လိမ်းပေးပြီးနံနက်မိုးလင်းတဲ့အခါ မျက်လုံးကို သန့်စင်အောင် ဆေးကြောပေးပါ။

နှိပ်နယ်ပေးခြင်း-မျက်တောင်နေရာတစ်ဝှိုက်ကို နှိပ်နယ်ပေးခြင်းဟာ မျက်တောင်မွှေးကြီးထွားနှုန်းကို လှုံ့ဆော်ပေးစေပါတယ်။

မနှိပ်ခင်သင့်လက်ကို သန့်စင်အောင်အရင်ဆေးကြောပါ။ပြီးလျှင် သင့်လက်ချောင်းကို သံလွင်ဆီ ဒါမှမဟုတ် အုန်ဆီအနည်းငယ်သုတ်ပြီး-၅မိနစ်ခန့် မျက်ခမ်း နဲ့ မျက်တောင်
တစ်လျှောက်ကိုနှိပ်နယ်ပေးပါ။

တစ်ပတ်ကို အကြိမ်းပေါင်းများစွာ ပြုလုပ်နိုင်ပါတယ်။ကြက်ဥ-ကြက်ဥဟာ ဆံပင်နဲ့ မျက်တောင်မွှေး ကို အားကောင်းလာစေတဲ့ ဗီတာမင်ဘီအုပ်စုများစွာပါဝင်ပါတယ်။

ကြက်ဥတစ်လုံးကို အလှဆီ သို့မဟုတ် Petroleum ခရင်မ် စာပွဲတင်ဇွန်း တစ်ဇွန်းစာ ရောနှောပြီး-သင့်ရဲ့ မျက်တောင်ပေါ်တွင် သုတ်လိမ်းပေးပါ။

တစ်ပတ်ကို ၃ကြိမ်ထိပြုလုပ်နိုင်ပါတယ်။သန့်စင်ပေးခြင်း-မျက်တောင်ကော့ဆေးကို အသုံးပြုပြီးတဲ့အခါမှာ-ညဘက်အိပ်ယာဝင်လျှင် သင့်မျက်နှာကို စင်ကြယ်အောင်ဆေးကြောဖို့မမေ့ပါနဲ့။

အဆိုပါ မျက်တောင်ကော့ဆေးဟာHair Spray နဲ့တူတာကြောင့် ခေါင်းဦးသို့မဟုတ် တစ်ခုခုနဲ့ ထိတဲ့အခါ ကျွတ်ခြင်း ပျက်စီးခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒါကြောင့် ညဘက်အိပ်တဲ့အခါ မျက်နှာကိုနှိုက်နှိုက်ချွတ်ချွတ်ဆေးကြောပေးသင့်ပါတယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website