လင်မယားကွာရှင်းလျှင် သားသမီးအုပ်ထိန်းခွင့်ဘယ်သူရမလဲ

လင်မယားတွေ ရန်ဖြစ်ပြီဆို မယားလုပ်သူက ကလေးခေါ်ဆင်းသွားတာ လင်က ကလေးခေါ် ဆင်းသွားတာတွေ ဖြစ်နေကျ / ပြီးမှ သား

ကိုအေမသမီးကိုအေဖ ပိုင်တယ်ဆိုပြီး ကလေးလုကြ ပြဿနာဖြစ်ကြနဲ့ နောက်ဆုံး ကြားထဲက၊

ကေလးက မြေစာပင်ဖြစ် / စိတ်ဒဏ်ရာတွေရ ကလေးရှေ့ရေး မကောင်းဖို့များသွားပြီ

( တကယ်တော့ )

( သား ) ဆို အမေပိုင် ( သမီး ) ဆို အဖေပိုင်တယ်ဆိုတာ မြန်မာပြည်မှာမှမဟုတ် ( ကမ္ဘာ့ဘယ်နိုင်ငံတရားရုံး) ကမွ မဆုံးဖြတ်ပါဘူး ။

၂ယောက်ပေါင်းသင်းလို့ မွေးလာတဲ့ကလေးဖြစ်လို့ ပိုင်ဆိုင်ခွင့် ဆတူရှိပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးမှာ လူမျိူး / ယဉ်ကျေးမှု့ / ဓလေ့ထုံးတမ်း စတာတွေကွာလို့ ပြဌာန်းဥပဒေ ကွာကြပေမယ့် ကလေးအုပ်ထိန်းခွင့်ကို ဆုံးဖြတ်ရာမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကွာဟမှု့သိပ်မရှိကြပါဘူး။။

မြန်မာနိုင်ငံမှာ ကလေးအုပ်ထိန်းခွင့်နဲ့ ပတ်သက်လို့ မြန်မာ့ဓလေ့ထုံးတမ်းအရ တရားရုံးတွေက အောက်ပါအတိုင်း ဆုံးဖြတ်ပေးကြပါတယ်။

( 1 ) ရင်ခွင်ပိုက်အရွယ် ( မွေးကင်းစမှ ၂ နှစ် ၃ နှစ် ) အထိ မိခင်သာလျင် အုပ်ထိန်းခွင့် ရပါမယ်။

( 2 ) ကလေးရဲ့ ဆန္ဒ ပေါ်မူတည်ပါမယ်

( 3 ) မိဘ ၂ ပါးရဲ့ ဝင်ငွေအဆင့်အတန်းပေါ်မူတည်ပါမယ်။

( 4 ) မိဘ ၂ ပါးရဲ့ အကျင့်စာရိတ္တပေါ် မူတည်ပါမယ်

( 5 ) ကလေးနေထိုင်ကြီးပြင်းရမယ့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းပေါ်မူတည်ပါမယ်။

( 6 ) အဓိကအခ်က္ကေတာ့ ကလေးရဲ့နောင်ရေးအား လက်ရှိအနေထက် ပိုမိုသာလွန်အောင် ဆောင်ရွက်နိုင်သူ ဖြစ်ရပါမယ်။

စတဲ့အချက်တွေပေါ် အခြေခံပြီး တရားသူကြီးရဲ့ ဆင်ခြင်တုံတရားအရကလေးအုပ်ထိန်းခွင့်ကို ဆုံးဖြတ်ပေးတာဖြစ်ပြီး။

( အထူးသတိပြုရမှာက )

ကလေးအုပ်ထိန်းခွင့် ဆိုတာ အုပ်ထိန်းခွင့်ပဲ ပေးတာဖြစ်ကာ အပိုင်ပေးလိုက်တာ မဟုတ်တဲ့အတွက် ၊

အုပ်ထိန်းခွင့် မရသူက ကေလးကို လာ
တွေ့တဲ့အခါ ရုံးတော်ကသတ်မှတ်ပေးထားတဲ့အတိုင်း အခါအားလျော်စွာ တွေ့ခွင့်ပေးရပါမယ်။

နင့်စောက်ချိုးတွေ ကူးမှာစိုးလို့ / ရှင့်လို အရက္သမား ဖဲသမားဖြစ်မှာစိုးလို့ ကလေးနဲ့ပေးမတွေ့နိုင်ဘူးတို့ကေလးကို ဖွက်ထားတာတို့၊

ကျိုးကြောင်းညီညွတ်မှုမရှိတဲ့အကြောင်းပြချက်တွေနဲ့ ကေလးကို တစ်နေရာ ပို့ထားတာမျိူးတို့( ဆိုရင်တော့ )

ရရှိပြီးသား ကလေးအုပ်ထိန်းခွင့်ကို ရုံးတော်က ပြန်လည်ရုပ်သိမ်းမှာဖြစ်ပါကြောင်း ကလေးအုပ်ထိန်းခွင့်နဲ့ ပတ်သက်လို့သိလိုသူများအတွက် ဖြေကြားပေးလိုက်ပါတယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website