
မိနစ် ၃၀ လမ်းလျှောက်ရုံနဲ့ ရလာမယ့် ကျန်းမာရေးကောင်းကျိုးတွေ…
သိပ်အများကြီးမဟုတ်ဘူး။ တစ်ပတ်မှ နာရီဝက်တည်း။
ကျန်းမာရေးကောင်းဖို့အတွက် ကာယလေ့ကျင့်ခန်းတွေ နေ့စဉ်လုပ်ပေးသင့်ကြောင်း မကြာခဏ ပြောကြတယ်။
တကယ်တမ်း လက်တွေ့လုပ်ဖို့ကတော့ ပြောသလောက်မလွယ်ဘူး။
အထိုင်များတဲ့အလုပ်ကို လုပ်နေရသူတွေကတော့ လေ့ကျင့်ခန်းလုပ်ပေးမှ ကိုယ်ကာယကြံ့ခိုင်ပြီး သက်လုံကောင်းမှာပါ။
လေ့ကျင့်ခန်းမလုပ်နိုင်ဘူး ဆိုရင်တော့လည်း လမ်းလျှောက်နည်းကိုပဲ ရွေးချယ်လိုက်ပါ။
နာရီဝက်လောက် လမ်းလျှောက်ပေးရုံနဲ့တင် ဒီလိုကောင်းကျိုးတွေ ရလာပါလိမ့်မယ်။
၁။ နှလုံးကျန်းမာရေး…
၂၀၁၂ ခုနှစ်အတွင်းက ဆေးပညာဂျာနယ် The Lancet မှာ ဖော်ပြမှုအရ လူဦးရေ သုံးပုံတစ်ပုံဟာ ထိရောက်တဲ့ကာယလှုပ်ရှားမှု မရှိကြဘူးလို့ဆိုတယ်။
အဲ့ဒီလိုလှုပ်ရှားမှုနည်းပါးသူတွေအနေနဲ့ တစ်ပတ်ကို မိနစ် ၃၀ လမ်းလျှောက်ပေးမယ်ဆို နှလုံးရောဂါဖြစ်နိုင်ခြေ ၁၁ % နည်းသွားမှာပါ။
၂။ အဆုတ်ကျန်းမာရေး…
လမ်းလျှောက်နေချိန်မှာ အောက်ဆီဂျင်ကို များများလိုအပ်တာကြောင့် အသက်ပိုရှုရပါတယ်။
အသက်များများရှုတော့ အဆုတ်ရဲ့လုပ်ဆောင်ချက်တွေ ပိုကောင်းလာတယ်။
၃။ အစာအိမ်ကျန်းမာရေး…
နောက်တစ်ချက်ကတော့ လမ်းလျှောက်ခြင်းကြောင့် ဝိတ်ကျစေတာပါပဲ။
၁၀ မိနစ်လောက် ခပ်သွက်သွက်လျှောက်ရုံနဲ့တင် ကယ်လိုရီ ၅၀ လောင်ကျွမ်းနိုင်ပါတယ်။
ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်ကိုလည်း အားကောင်းစေပါတယ်။
၄။ အရေပြား….
ခက်သွက်သွက်လမ်းလျှောက်ခြင်းလို မပြင်းလွန်း၊ မလျော့လွန်းတဲ့ လေ့ကျင့်ခန်းက အရေပြားကိုသွေးစီးဆင်းမှုအား တိုးသွားစေပါတယ်။
အရေပြားဆဲလ်တွေကို အာဟာရဖြစ်စေပြီး ကျန်းမာနုပျိုတဲ့အသွင် ဖြစ်လာစေပါတယ်။
၅။ အရိုး…
လမ်းလျှောက်တဲ့အခါ ကြွက်သားတွေက အရိုးတွေကို ဆွဲတင်ပြီး ရွေ့လျားမှု ဖြစ်ပေါ်ပါတယ်။
ဒီလိုလုပ်ခြင်းကြောင့်အရိုးတွေကို ပိုသန်မာစေပါတယ်။ စိတ်ဖိစီးမှုဖြစ်စေတဲ့ ကော်တီဇောဟော်မုန်းဟာ အရိုးတွေရဲ့သိပ်သည်းဆကိုလျော့ကျစေပြီး အရိုးပွရောဂါဖြစ်စေပါတယ်။
လမ်းများများလျှောက်ရင် ကော်တီဇောပမာဏလျော့ကျသွားလို့ အရိုးတွေလည်း ပိုသန်မာလာပါတယ်။
၆။ စိတ်ခံစားမှု
စိတ်ညစ်နေရင် တစ်ယောက်တည်းလမ်းလျှောက်ကြည့်ပါ။
စိတ်တွေတည်ငြိမ်လာပါလိမ့်မယ်။ ပြီးတော့ လူကိုကျန်းမာပျော်ရွှင်စေတဲ့ အန်ဒေါ်ဖင်ဟော်မုန်းတွေလည်း ခန္ဓာကိုယ်မှာ ပိုမိုထွက်ရှိလာပါတယ်။
၇။ ဆဲလ်များ…
တစ်ပတ်ကို နာရီဝက်လမ်းလျှောက်ခြင်းဟာ ခန္ဓာကိုယ်တွင်းကဆဲလ်တွေကို အားကောင်းစေပါတယ်။
ကင်ဆာရောဂါတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
အထူးသဖြင့် ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာမဖြစ်အောင် တားဆီးပေးပါတယ်။
Credit – Duwun