
ပဲမှုန့်စိမ်း ငါးကျပ်သား ၊ ကော်မှုန့် ထမင်းစားဇွန်းတဇွန်းရောမွှေ ဇကာချ ၊ အရသာမှုန့် ၊ သကြားအနည်းငယ်၊
ဆနွင်းထည့်မွှေ ရနည်းနည်းချင်းထည့်ပျစ်နေအောင်ဖျော်ပြီး ပလတ်စတစ်အိတ်အမာထဲထည့်တင်းအောင်ချည် အဖျားစွန်းကို ကက်ကြေးဖြင့်အပေါက်သေးသေးဖောက်ဆီများများထည့် ပူအောင်တည် ပြီးမှ
မုန့်အိတ်ကိုညှစ်ထည့်ခွေပြီးကြော်ပါတဘက်အရောင်ပြောင်းမှ ကျန်တဘက်လှန်ပါ
မီးရှိန်မပြင်းရခရင်မ် အိတ်မရှိလို့ ပလတ်စတစ်အိတ်သုံးပါတယ် ။
#သင်ဆရာများကိုကျေးဇူးတင်လျှက်🙏
Credit မနန်းချောစုလှိုင်
ဒုတိယနည်း…..
ပါဝင်ပစ္စည်းများ
ကောက်ညှင်းမှုန့် ၂ ခွက်
ဆန်မှုန့် ၁ ခွက်
မွှေး ပဲစိမ်းမှုန့် ၁၅၀ ဂရမ် ၂ ထုပ်ခွဲ
ဆီ ၁၅ ကျပ်သား
ဆား အနည်း ငယ် တို့ကို အကုန်လုံး ရောနယ်၊ ပြီးရင် ရေ 600 g နဲ့ ရေကို နည်းနည်းစီ ထည့်ပြီးနယ် ရေ ၆၀၀ g လည်း ကုန်ခါးနီးရော မုန့်သားက ညောင်စီးကျ လာလိမ့်မယ် ။
အပေါ်ကို မုန့်သားကို ဆွဲကြည်ရင် တွဲကျလာရင် ရပါပြီ မကပ်အိုးလိုမျိုး ပက်လက်အပြားအိုးမျိုးဆို ပိုကောင်းပါတယ် ( ဒယ်ပြန့်)
မုန့်အနှစ်ကို ညှစ်ချဖို့ ဗီနိုင်းထုတ်တဲ့ အသားမျိုးဆို ပိုကောင်းပါတယ် အစကို တြိဂံလို အနေအထားနဲ့ မိမိလိုချင်တဲ့ အပေါက်၃ပေါက်ဖေါက်ပြီး ၊
မုန့်နှစ်ကို ထည့်ပါ ရိုးရိုး ပလပ်စတစ်အိတ်လေးထောင့်အကြည်ကိုပဲ သုံးလည်းရပါတယ်။
မုန့်နှစ်ထည့် ထောင့်မှာစုကြီး အပေါက် သုံးပေါက်ဖောက်ပြီး ဆီအိုးထဲမှာ ဝိုက်ကြီး ညှစ်ချရမှာပါ။
ပြီးရင် ဆီအိုးထဲ ဆီ ထည့် ပြီး မုန့်နှစ်ကို ဆီအိုးထဲ အဝိုင်းလေးတွေဝိုင်းပြီးကိုယ်လိုချင်တဲ့အဝိုင်းလေးတွေ ရပြီဆိုရင်၊
မုန့်နှစ် စတင်ညှစ်တဲ့ အလယ် နေရာမှာ အစ သတ်ပေးပါမိမိ ဝိုင်းထားတဲ့ အပေါ်ကို ဆီ ကို ယောင်းမလေးနဲ့ ပက်ထည့်ပေးပါ တူလေးတချောင်းနဲ့ ၊
အကြော်လေးကို ဟိုဘက်ဒီဘက် လှန်ပါ အရောင်အရမ်းကြီး ရဲစရာ မလိုပါ မုန့်သားကျက် ရင် ဆယ်လို့ ရပါပြီ…
လေလုံအောင် ထားရင် ၅ ရက်လောက် အထားခံပါတယ်အသေးစိတ်ပေးထားလို့ စာကို သေချာ ဖတ်ပေးကြပါနော်။
အိမ်စာပြမယ့် သူတွေကို မှတ်ပြီး မုန့်ဆီကြော်နည်း
ထပ်ပေးပါ့မယ်နော်ခွက်ဆိုတာ ဆန်ချိန်တဲ့ နို့ဆီဗူးလို ခွက်မျိုးပါမရှိလည်း မိမိ ကြိုက်နှစ်သက်ရာ ခွက်သုံးပါနော်။
Credit # chitthamee
#Credit Pho