အင်းဝ မှာ “ရေ” ၊ မြေ မှာ “ပဲခူး” ဆိုတဲ့ ဆိုရိုးစကားအဓိပ္ပာယ် နှင့် ပေါ်ပေါက်လာပုံ

အင်းဝမှာရေ – အင်းဝမှာ ရေ ၊ မြေမှာ ပဲခူး ဟူသော စကားကို ရှေးလူကြီးများမှ တစ်ဆင့် ကြားဖူးကောင်း ကြားဖူးနိုင်ပါတယ်။

ဒီလိုဆိုရခြင်းမှာ အင်းဝသည် ရေကြီးခြင်း ၊မိုးခေါင်ခြင်း စသည့် ရေနှင့် ပတ်သတ်သော ဒုက္ခများကြောင့် မြို့ပါ ပျက်ခဲ့ရသည်ဟု ဆိုလို့ရသော ကြောင့် ပင်၊

သက္ကရာဇ် ၁၇၄၁ ခုနှစ် မဟာဓမ္မရာဇာဓိပတိ လက် ထက်တွင် ဖြစ်ခဲ့သည့် အဖြစ်များဖြစ်သည်။

ထိုမင်းသည် မင်းဆိုးဟု မဆိုထိုက်သော်လည်း မင်းကောင်း မင်းမြတ်ဟု လည်း မဆိုထိုက်ပြန်။

တိုင်းပြည်ရေးကို သိပ်စိတ်မဝင်စားခဲ့။နန်းတက်သည့် နှစ်အ တွင်း၌ပင် အင်းဝအား ဧရာဝတီမြစ်ရေ အဆမတန် မြင့်တက်ခဲ့ပြီး လနှင့်ချီ၍ ပြန်မကျခဲ့တာကြောင့်“ရေရူးကြီး” ဟုပင် နာမည် တွင်သွားသည်။

ရေကိုတားဖို့ ဆ ည်ဖို့ကြသော်လည်း ရေအားကို မလှန်နိုင်ခဲ့ပဲ မြစ်ရေသည် မြို့တွင်းသာမက ဘုရင့်နန်းတော် ကြမ်းပြင်အထိ တက်ခဲ့သည်။

ရှိသမျှ စိုက်ခင်း အားလုံးနီးပါး ပျက်စီးသဖြင့် ရေကျသည်နှင့် အလျှင် အမြန် စိုက်ပျိုး ကြရသည်။

နောက်တစ်နှစ် ၁၇၄၂ ခုနှစ်တွင်ကား ရေမကြီးတော့ပဲ မိုးခေါင်ပြန်သည်။ လယ်ယာကိုင်းကျွန်း စိုက်ပျိုးရေး လုပ်ငန်းများ ပျက်စီးရပြန်သည်။

နှစ်နှစ် ဆက်တိုက် ရေကြီးခြင်း ၊မိုးခေါင်ခြင်းကိုခံရသောအခါ ဆန်ဈေးလည်း အ ဆမတန် တက်လာတော့သည်။

မူလက ၁တင်း ၃မူးဈေး ရှိခဲ့ရာမှာ ၅ကျပ် ၃မူးကျော် အထိ အဆမတန် ကြီးမြင့်သွားခဲ့သည်။

အစာရေစာ ခေါင်းပါးလွန်းသဖြင့် ပြည်သူများ ပျက်စီးကြရသည်။ မြို့ရွာအနှံ့၌လည်း ခိုးဆိုး လုယက်သူများ ပေါများလာခဲ့သည်။

နောက် ၂ နှစ်အကြာ ၁၇၄၄ ခုနှစ်တွင် ၁၂နာရီကြာသော မီးကြီးလောင်ရာ တစ်မြို့လုံးနီးပါး ပျက်စီးရပြန်သည်။

လူဆိုး ၊ သူခိုးများ မှာ နယ်စားမြို့စားများနှင့် ပေါ င်းကာ ဝေမျှစားသဖြင့် တရားဥပဒေလည်းမရှိတော့။

ဘုရင်ကလည်း ဖိဖိစီးစီး မနှိမ်နှင်းနိုင်သဖြင့် အဓိ က ဒုက္ခဆင်းရဲ ခံရသူများမှာ ဆင်းရဲသား ပြည်သူများသာ ဖြစ်သည်။

နောက်ဆုံး လူဆိုး သူခိုးဒဏ်ကို မခံနိုင်သော ပြည်သူများမှာ ဘုရင့် ဆွေတော်မျိုးတော် များ ထံတွင် အသီးသီးကပ်မှီ၍ ကျွန်ဘဝနှင့် နေကြတော့သည်။

ထိုအတွင်း က သည်းအရေး ၊ ဟံသာဝ တီ အ ရေး နှင့် ကွေ့အရေး တို့ပေါ်လာပြန်ရာ ဘုရင်အဖို့ အရူးမီးဝိုင်း သလို ဖြစ်ခဲ့ပြန်သည်။

ပြည်သူတို့မှာ စစ်ရေးစစ်ရာကိုလည်း မပြင်နိုင် ၊ စိုက်ပျိုးရေးလည်း ကောင်းစွာ မလုပ်နိုင်သဖြင့် အငတ်ဘေး ပိုမို ကြီးမားလာခဲ့သည်။

ဆန်ဈေးမှာလည်း ၁၆ ကျပ်အထိ မြင့်တက်သွားရာ မနေနိုင်သူများမှာ ဧရာဝတီမြစ်ကိုစုန်၍ အောက်ပြည်သို့ ပြေးကြလေသည်။

ဘုရင့်ခမျာမှာလည်း ၂နှစ်ကျော် ၃နှစ်ကြာ ကျီတော်ထဲမှ စပါးများကို ပြည်သူများထံ ဝေမျှ ပေးခဲ့သည်။

ကျီတော်ထဲမှ စပါးများ ကုန်သွားသော် ရွှေငွေတို့အား ထုတ် ပေး ကာ ဝ ယ်စားစေခဲ့ပြန်သည်။ ဆန်ဈေးမှာ ၈၀ ကျပ် အထိ ရှိသွားခဲ့သည်။

သို့သော် ဈေးသာ ရှိသော်လည်း ဝယ်စားရန် ဆန်ကားလုံး၀ မရှိတော့။ အင်းဝ ပြည်သူ ပြည်သားတို့ မှာ ဘာကိုမျှ မတွေးတော့ မဆင်ခြင်နိုင်တော့။

ရှိသမျှ ကျွဲ နွား မြင်း တို့ကို သတ် စား ကြလေသည်။ ကျွဲ နွား မရှိသူတို့ကား လူသေကောင်များကို စားကြသည် အထိ အငတ်ဘေး ကြီးထွားခဲ့သည်။

ကြာသော်လူအချင်းချင်းပင် သတ်ဖြတ် ခုတ်ထစ်တော့မည် အထိ ဖြစ်လာမည်မှာ မလွဲတော့ပေ။

ထိုအချိန်တွင် ဟံသာဝတီ စစ်သည်တို့က အင်းဝပြည်အား ပိတ်ဆို့ ဝန်းရံလိုက်သည့်အခါ အင်းဝဘုရင် မဟာဓမ္မရာဇာဓိပတိသည် ၁၇၅၂ နှစ်တွ င် တိုင်းပြ ည် ကို လက်လွှတ်ကာ ဟံသာဝတီသို့ ပါသွားရတော့သည်။

အင်းဝပြည်ကြီးလည်း ပျက်စီး သွားခဲ့ရသည်။ မိုးခေါင်ခြင်း ၊ ရေ ကြီးခြင်းမှ အစပြု ၍ အင်းဝပြည်ကြီး ပျက်စီးခဲ့ရသောကြောင့် “အင်းဝမှာ ရေ” ဟူသော စကားလည်း ပေါ်ပေါက်လာတော့သည်။

မြေမှာ..ပဲခူး – အင်း၀ မှာ..ရေ ၊ မြေမှာ..ပဲခူး ဟူသော ဆိုရိုးစကားအရ အင်း၀ သည် ရေဖျက်၍ ပျက်ခဲ့ရသလို ပဲခူးသည်လည်း ငလျှင်ဒါဏ်ကြောင့် မြို့ပျက်မတတ် ကြုံတွေ့ခဲ့ရပါတယ်။

မြန်မာနိုင်ငံတွင် ငလျှင်ဒါဏ် အခံရဆုံး နေရာကို ပြပါဆိုလျှင်ပဲခူးကိုပင် ပြရမှာပါ။ ပဲခူးမြို့ကို သက္ကရာဇ် ၁၈၇ ခုနှစ်မှာ မဟာသ မလမင်းက စတင် တည်ထောင်ခဲ့ပါတယ်။

အဲဒီနောက် ညီတော်ဝိမလမင်း ၊ အသားမင်းသားခေါ် အဿကုမ္မာတင်း ၊ အရိန္ဒမမင်း နှင့် မဟိံသရာဇာမင်းထိ မင်း ၅ ဆက် စိုးစံ ပြီးချိန် မှာ ငလျှင်နဲ့ စတင် ကြုံရပါတယ်။

သမိုင်းမှတ်တမ်းများ အရ မဟိ့သရာဇာမင်း လက်ထက်မှာ တော်လဲသံကြီး မြည်ဟီးစွာ ကြားရခြင်း၊ ဥက္ကာပျံများကျခြင်း ၊ လေမု န်တိုင်း ပြင်းထ န် စွာ တိုက်ခြင်း နှင့် မြေငလျှင် ကြီးစွာလှုပ်ခြင်း စသည်တို့နှင့် ရင်ဆိုင် တွေ့ရတယ်လို့ ဆိုပါတယ်။

အဆိုးဆုံးမှာ မင်းအဆက်ဆက် ကိုးကွယ် လာခဲ့တဲ့ ရွှေမော်ဓော စေတီကြီး ထီးတော် မြေခခဲ့သည့် အပြင် ရွဲလုံးတော်အထိ ပြိုကျခဲ့ တာပါ ပဲ။

ပဲခူးဟာ ငလျှင်ကြီးငယ်ဒါဏ်ကို ၃၂ကြိမ်ခန့် အကြိမ်ကြိမ် ခံ စားခဲ့ရကြောင်း ရွှေမော်ဓောသမိုင်း နှင့် သထုံရာဇဝင် အဆိုအရ သိရပါတယ်။

အကြီးဆုံးငလျှင် ၅ ကြိမ် ကြုံတွေ့ခဲ့ပါတ ယ်။သက္ကရာဇ် ၂၃၇ ၊ ၁၁၉၄ ၊ ၁၂၇၄ ၊ ၁၂၇၉ ၊ ၁၂၉၂ ခုနှစ်တွေမှာ လှုပ်ခဲ့တဲ့ ငလျှင်တွေပါပဲ။

နောက်ဆုံး ၁၂၉၂ (အေဒီ ၁၉၃၀) မှာ လှုပ် ခဲ့တဲ့ ငလျှင်က တော့ မြန်မာ့သမိုင်းမှာ အကြီးမားဆုံးလို့ ဆိုရမယ့် ငလျှင်ပါပဲ။

ငလျှင်ပြင်းအား အဆင့် ၁၀ ရှိပြီး စတုရန်းမိုင် ၂၂၀၀၀၀ ပတ်လည်ထိ လှုပ်ခတ်စေခဲ့ပြီး လူပေါင်း ၅၀၀ ကျေ ာ် သေဆုံးကာ ပဲခူး တစ်မြို့လုံးနီးပါး ပျက်စီးခဲ့ရပါတယ်။

ထိုငလျှင်ကြီးကြောင့် နှစ်ပေါင်း ၂၅၀၀ကျော် သက်တမ်းရှိတဲ့ ရွှေမော်ဓောစေတီကြီးမှာ အောက်ပထမ ပစ္စယံအထိ အကြီးအကျယ် ပျက် စီး ပြီး မြေ ခခဲ့ရ ပြန်ပါတယ်။

ငလျှင်ကြောင့် တစ်မြို့လုံးပျက်စီး ခဲ့ရုံသာမက ငလျှင်ပြီးတဲ့နောက်မှာလည်း မီလောင်မှုများ ဆက်လက် ဖြစ်ပွားခဲ့ပါသေးတယ်။

ထိုငလျှင်ကြေ ာင့် ပဲခူးသာမက ရန်ကုန်မြို့လည်း အတော်အတန် ပျက်စီးခဲ့ရပါတယ်။

ရွှေတိဂုံစေတီ စိန်ဖူးတော်ပင် မြေခစေခဲ့ရတဲ့ ငလျှင်ပါ။အင်း၀ သည် ရေကြောင့် ပျက်စီးခဲ့ရသလို ပဲခူးသည်လည်း မြေကြောင့် အကြိမ်ကြိမ် ပျက်စီးခဲ့ရပြီး အကြိမ်ကြိမ် ပြန်လည် ထူထော င်ခဲ့ရပါတ ယ်။

ဒါကြေ ာင့်လ ည်း ရှေး လူကြီးတွေက “အင်းဝမှာရေ ၊ မြေမှာပဲခူး” ဆိုသော စကားကို ဆိုရိုးပြုသွားကြခြင်း ဖြစ်ပါတော့တယ်။

Credit – သန်းထွန်း (လှည်းကူး) မြန်မာ့စွယ်စုံကျမ်း