အထက်လမ်းဆရာနဲ့ ပညာပြိုင်တဲ့ ရွာသူစုန်းမ (ဖြစ်ရပ်မှန်)

ဒေါ်ဘုတ်ဆုံကြီးကရွာထဲမှာ စုန်းလိုလို မှော်လိုလို အောက်လမ်းဆရာမ ကြီး။

တံတားကျိုးရွာမှာ နာမည်ကြီး။သူ့ဆို တစ်ရွာလုံးက ကြောက်ကြတယ်။တစ်ခုခုဆို ဒေါ်ဘုတ်ဆုံ ဆီပဲ ပြေးကြတယ်။

ဖြစ်ပုံက ဒီလိုဗျ။ကျနော့်သူငယ်ချင်း အမေက ရွာမှာဆို အရမ်းအချမ်းသာကြီးမဟုတ်ပင်မဲ့ အသင့်အတင့်ရှိတယ်။

တစ်နေ့ သူတို့အိမ်မှာ ဒေါ်ဘုတ်ဆုံက ပိုက်ဆံချေးသွားတယ်။ မပေးချင်ပင်မဲ့လည်း ပညာကိုကြောက်လို့ ပေးလိုက်တာပေါ့။

တစ်လကုန်တော့ ကျနော့်သူငယ်ချင်းက အကြွေးသွားတောင်းလိုက်တာ။

ကျနော်က တစ်ဖက်ရွာကို သွားနေလို့ မသိလိုက်ဘူး။ ညနေ ကျနော်ပြန်လာတော့ သူနဲ့ အတူ လဖ္ဘက်ရည်အတူထိုင်သောက်ပြီး ၊။

သူကငါ ဒေါ်ဘုတ်ဆုံဆီမှာ အကြွေးသွားတောင်းတယ်ကွဟုတ်လား၊ ရရဲ့လား မရပါဘူးကွာ ၊ ငါလည်းစိတ်တိုတာနဲ့ ဆောင့်အောင့်ပြီးပဲ၊

ပြန်လာခဲ့တာ ဘာမှတော့ မပြောခဲ့ပါဘူး ကြောက်လို့ တဲ့ သူပြောပြတယ်။

အဲ့ဒါနဲ့ ကျနော်နဲ့ သူနဲ့ လမ်းခွဲပြီး အိမ်ပြန်လာခဲ့တယ်။မနက်မိုးလင်းတော့ သတင်းဆိုးကဆီးကြိုနေတယ်။

သူငယ်ချင်း တစ်ယောက် ဆေးရုံရောက်လို့တဲ့။ အဲ့ဒါနဲ့ မော်လမြိုင်ဆေးရုံကို ချက်ချင်းလိုက်တာပဲ။

မော်လမြိုင်ဆေးရုံရောက်တော့ သူငယ်ချင်းနေတဲ့ အခန်းထဲမှာ သူ့အမေနဲ့ အဖေနဲ့ အမျိုးတွေ ရောက်နေကြတယ်။

ကျနော်လည်းသူငယ်ချင်းရဲ့အနားကို ကပ်ပြီး ၊ ဘာဖြစ်တာလဲလို့မေးတော့။

သူက ဗိုက်အရမ်းအောင့်လာပြီး လူတစ်ယောက်က လည်ပင်းလာညစ်သလို အသက်ရှုကျပ်လာတယ်တဲ့။

အဲ့ဒါ ပြီးတော့ ဗိုက်က မခံနိုင်အောင် အောင့်လာတော့ အမေ့ကို ခေါ်တော့တာပေါ့ တဲ့။

ပြီးတော့ အိမ်ကကားနဲ့ ပဲ ဆေးရုံကို ညတွင်းချင်း ပြေးတာ၊ ခုမှသက်သာတယ်တဲ့။

အေးပါကွာ၊ သက်သာပြီဆိုတော့ ကောင်းတာပေါ့ကွာ၊ ငါလည်း ကြားကြားချင်း လိုက်လာခဲ့တာ။

နေ့လည်ပိုင်းလောက် ရောက်တော့ အမျိုးတွေက သက်သာပြီဆိုတော့ ပြန်ကုန်တာပေါ့။

ကျနော်ရယ် သူငယ်ချင်းတစ်ယောက်ရယ် အခန်းထဲမှာ အားလုံးပေါင်းမှ သုံးယောက်ပဲ ကျန်တော့တယ်။အဲ့အချိန်မှာ ကျနော်သူငယ်ချင်းက ထဖောက်ပါလေရော။

ပါးစပ်က တအား အား ဗိုက်အောင့်တယ်၊လို့အော်နေတယ်။ ခဏကြာတော့ သူ့လည်ပင်းကို သူကိုင်ပြီး လွှတ် လွှတ် လို့အော်နေတယ်။

ကျနော်တို့ နှစ်ယောက်က ကြောင်ပြီးကြည့်နေတယ်။
ကျနော်က သတိဝင်ပြီး ဆရာဝန်သွားပြေးခေါ်တယ်။

ခဏကြာတော့ လူနာရဲ့ မိဘတွေ ပြန်လာတာ လမ်းမှာတွေ့တယ်။ သူတို့ကိုပြောပြတော့ သူတို့လည်း ဆရာဝန်နဲ့ အတူ ပြေးလာကြတယ်။

အခန်းထဲရောက်တော့ သူငယ်ချင်းတစ်ယောက်ကကြောင်ပြီးကြည့်နေတုန်း။ ဆရာဝန်နဲ့ သူနာပြုတွေ ဝိုင်းပြီးချုပ်တာ မရဘူးဗျာ။

အားအတော်ကောင်းတယ်ဗျ။ ဖမ်းမနိုင်ဘူး၊ တစ်ခန်းလုံး ပွက်လောရိုက်နေတာ။

ဘယ်ကဘယ်လိုရောက်လာတဲ့ လူကြီးလဲ မသိဘူး၊ သူကအားလုံးကို ဘေးဖယ် ဘေးဖယ် ငါလုပ်ပေးမယ် ဆိုတော့ အားလုံးအကြည့်က သူ့ဆီရောက်သွားကြတယ်။

အားလုံးက ကြောင်ပြီး ဘေးကို ရှယ်ပေးလိုက်ကြတယ်။ သူက လူနာရဲ့အနားကိုရောက်လာတယ်။

ပါးစပ်က ဘာတွေရွတ် လို့ ရွတ်မှန်းမသိရွတ်နေတာ။ ခဏကြာတော့ လူနာကငြိမ်ကျသွားတယ်။ပါစပ်က ရွတ်နေတာမရပ်သေးဘူး။ နာရီဝက် လောက် ကြာမယ်။

မျက်နှာမှာ ချွေးတွေ ပြည့်နေပြီ၊ အကုန်လုံးကလဲ ကြောင်ပြီး ကြည့်နေတယ်။ရွတ်နေရင်းနဲ့ ဖန်ခွက် တစ်လုံးကို လက်ကကိုင်ထားတယ်။

ခဏကြာတော့ ဘယ်ကလာတဲ့ အငွေ့ မည်းမည်းတွေလဲ မသိဘူး၊ ဖန်ခွက်ထဲမှာ လာစုနေတာ။ ဝင်လာတာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။

ဖန်ခွက်ကို လက်နဲ့ ပိတ်လိုက်ပြီး ပါးစပ်က ရွတ်တာကို ရပ်လိုက်တယ်။ ပြီးတော့ လူနာရဲ့ မိဘကိုကြည့်ပြီး ကောင်လေးက ပြုစားခံရတာ ၊သူ့ကိုပြုစားတဲ့ သူကိုကျုပ်ဖမ်းထားပြီးပြီ ၊

ဘယ်လိုဖြစ်စေချင်လဲ၊ တစ်ခါထဲ ရှင်းပစ်လိုက်ပါ ဆရာကြီးလို့ သူငယ်ချင်းအဖေက မယုံသလို နဲ့ ပြောလိုက်တယ်။

ဆရာကြီက ပါးစပ်က ဘာတွေမှန်းမသိဘူး ထပ်ရွတ်တယ်။ အုပ်ထားတဲ့ လက်က မီးတွေ ထတောက်လာတယ်။

မီးတောက် တွေက တစ်ဖြည်းဖြည်း ဖန်ခွက်ထဲကို ကူးသွားပြီး မဲမဲ အငွေ့တွေကို လက်ပြီးလောင်တယ်။

သိပ်မကြာပါဘူး။ အငွေ့တွေ ဖန်ခွက်ထဲမှာ ကုန်သွားတယ်။

ဆရာကြီးက ရွတ်တာကို ရပ်လိုက်ပြီး ဖြစ်စေချင်သလို လုပ်ပေးပြီးပြီ ၊ သေတဲ့ သူက သေပြီ၊ အဲ့သေတဲ့ သူက မင်းတို့ရွာသားပဲ ၊ မယုံရင် သွားပြန်ကြည့်လိုက်ပေါ့ကွာ၊ ဆိုပြီး အပြင်ထွက်သွားတယ်။

မြန်လိုက်တဲ့ ခြေလှမ်း သူ့နောက်က ကျနော်ပြေးလိုက်သွားတာ လုံးဝပျောက်သွားပြီ ၊ လိုက်မေးကြည့်တော့လည်း ဘယ်သူမှ မတွေ့ဘူးတဲ့၊ ကျနော် ကြောင်သွားတယ်။

ကျနော်လည်း မရှာတော့ပဲ လူနာအခန်းကို ပြန်လာခဲ့တယ်။ အခန်းထဲမှာ အကုန်လုံး တစ်ယောက်တစ်ပေါက်နဲ့ ညံနေကြတယ်။

သူငယ်ချင်းတို့ သားအမိ တို့ကဆေးရုံက ဆင်းဖို့ပြင်နေကြတယ်။ကျနော်လည်း ပစ္စည်းတွေ ဝိုင်းသိမ်းပြီး သူတို့နဲ့ အတူ လိုက်ပြန်လာခဲ့တယ်။

ရွာရောက်တော့ ဒေါ်ဘုတ်ဆုံကြီးသေပြီတဲ့။နေ့လည်တုန်းက တစ်ယောက်တည်း လူးလိမ့်ပြီး ပူတယ်ပူတယ်နဲ့ အော်နေတော့တာပဲ ပြီးတော့ တစ်ကိုယ်လုံး မီးလောင် ထားသလိုမဲပြီး သေသွားတာတဲ့။

တစ်ချို့က သူမွေးထားတဲ့ အကောင်တွေ ပြန်သတ်သွားတာတဲ့ အမျိုးမျိုး ဝေဖန်ကြ တော့တယ်။ အဖြစ်မှန် ကိုတော့ ကျနော်နဲ့ သူငယ်ချင်းတို့မိသားစု ကလွဲပြီး ဘယ်သူမှ မသိပါဘူးဗျာ။ပြီးပါပြီ ခဗျာ။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website