ကားဘီး တုန်ခါမှုဖြစ်စေနိုင်တဲ့ အချက်များ

မြန်နှုန်းမြင့် မောင်းနှင်နေချိန်တွေမှာ (1) ကိုယ်ထည် ထိန်းချုပ်ရမှု အားနည်းလာခြင်း၊

(2) လက်ကိုင် တဖက်သို့ ဆွဲသွားခြင်း၊ (3) ကိုယ်ထည် တုန်ခါမှု မြင့်တက်လာခြင်း တွေကို အဓိက ဖြစ်စေတဲ့ အချက်ကတော့ ဘီးတုန်ခါခြင်း (Wheel Vibration) ကြောင့်ပါ။

ဒီလိုတုန်ခါမှု ဘာကြောင့် ဖြစ်ရတာပါလဲ။မိမိရဲ့ မော်တော်ယာဉ်မှာ အဲဒီလို ဖြစ်နေပြီ ဆိုရင်တော့ အောက်ပါ အချက်တွေကြောင့် ဖြစ်ပါလိမ့်မယ်။

၁။ တာယာနဲ့ ဒစ်ဝှီး (ဘီးခွေ) အံမကျခြင်း၊ ဟန်ချက်မညီခြင်း။ တာယာအသစ် လဲလှယ်တပ်ဆင်ချိန်နဲ့ ဘီးပေါက် ဖာချိန်တွေမှာ သတိပြုပြီး အံကျအောင် လုပ်ဆောင်ရမယ်။

၂။ တာယာပန်းသား မညီခြင်း၊ တခြမ်းစားသွားခြင်း။ ဝန်တင်များခြင်း၊ လမ်းသားမညီတဲ့ နေရာမှာ မောင်းနှင်မှု များခြင်းကြောင့် တာယာပန်းသားတွေ အစားမညီဘဲ တခြမ်းစားသွားစေနိုင်ပါတယ်။

၃။ ဒစ်ဝှီး လိမ်နေခြင်း၊ ဘီးခွေနေခြင်း။ တိုက်ခိုက်မှု တခုခုကြောင့်၊ ဝန်ပိုတင်ဆောင်ခြင်းတွေကြောင့် ဘီးခွေသွားနိုင်ပါတယ်။

၄။ တာယာ Balance အောက်နေခြင်း၊ လိမ်နေခြင်း။ တာယာသား လိမ်နေခြင်းအတွက် Wheel Balancing အမြဲချိန်ပေးဖို့ သင့်ပါတယ်။

၅။ ကားဘီးတပ်ဆင် Hub ဘောအထိုင် ချောင်နေခြင်း၊ ဘောစားနေခြင်း။ ဘောအသစ် လဲလှယ်ပေးခြင်း၊ အထိုင် Hub ပြုပြင်ပေးခြင်းများ လုပ်ဆောင်သင့်ပါတယ်။

၆။ လက်ကိုင်ဘီးနဲ့ ချိတ်ဆက်ထားတဲ့ တိုက်ရော့ဘောတွေ စားနေခြင်း။ ဒါကတော့ ဘီးကြောင့် မဟုတ်ဘဲ Balancing ကိုက်နေရင် စစ်ဆေးရမယ့် အချက်ဖြစ်ပြီး တိုက်ရော့ကို ပြန်လည် ပြင်ဆင်နိုင်ပါတယ်။

၇။ Suspension စနစ် ဆီနည်းခြင်း၊ ချို့ယွင်းခြင်း။ ဒီအချက်က ကားအောက်ပိုင်းကို ပြန်လည် စစ်ဆေးဖို့ ဖြစ်ပြီး ပုံမှန်ထက် ငြိမ့်ညောင်းမှု အားနည်းလာရင် စစ်ဆေးကြည့်သင့်ပါတယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website