ဆံပင်အရှည်မြန်ချင်တဲ့သူတိုင်း လုပ်ကြည့်သင့်တဲ့ အထိရောက်ဆုံးနည်းလမ်းများ

ဆံပင်အရှည်မြန်ချင်တဲ့သူတိုင်း လုပ်ကြည့်သင့်တဲ့ အထိရောက်ဆုံးနည်းလမ်းများ…

ဆံပင်အရှည်မြန်ချင်တဲ့ သူတိုင်း လုပ်ကြည့်သင့်တဲ့ အထိရောက်ဆုံး နည်းလမ်းတွေကို မျှဝေပေး လိုက်ပါ တယ်

ဆံပင်အရှည်နှေး လို့ပဲဖြစ်ဖြစ်၊ ဆံပင်ညှပ် လိုက်တာ တိုသွားလို့ အမြန်ပြန်ရှည် ချင်ရင်ပဲဖြစ်ဖြစ်၊ ဆံပင်သန်ချင် ရင်ပဲဖြစ်ဖြစ်,

ဒီနည်းလမ်းတွေ ကိုသာ ပုံမှန် စိတ်ရှည်ရှည်နဲ့ လုပ်သွားပေးပါ။ လပိုင်းအတွင်း မှာတင် သိသာတဲ့ ရလဒ်ကို ရရှိ လာမှာပါ။

ဆံပင်အရှည်မြန်ချင်တဲ့သူတိုင်း လုပ်ကြည့်သင့်တဲ့ အထိရောက်ဆုံးနည်းလမ်းများ…

ဆံပင်နှစ်ခွတွေကိုညှပ်ထုတ်ပေးပါ၊ဆံပင်နှစ်ခွတွေကို ပုံမှန် ညှပ်ပေးမှ အရှည်မြန် မှာပါ။

ဆံပင် အဖျားမှာ နှစ်ခွတွေ၊ ပျက်စီးနေတာတွေများ ရင်လည်း ဆံပင် အရှည်နှေး ပါတယ်။

ဆိုင်မှာ သွားညှပ် ရင်တော့ အဖျားညှပ်ထုတ်လည်း တိုသွားပါ လိမ့်မယ်။ ဒါကြောင့် အိမ်မှာပဲ အဖျားလေးတွေကို ကိုယ်တိုင်ညှပ်ပါ။

ခေါင်းမလျှော်ခင်ညမှာ hair oil တွေ၊ သံလွင်ဆီ၊ ကြက်ဆူဆီ စတာတွေကို လိမ်းပြီးနှပ်ထားပြီး အိပ်ပါ။

ဒီလိုလုပ်ပေးခြင်းက ဆံသားပျက်စီးတာတွေ ပြန်ကောင်းလာစေတယ်။

ဆံပင်ကျွတ်တာသက်သာပြီး ဆံသားကျန်းမာလို့ အရှည်မြန်စေပါတယ်။

သဘာဝနည်းလမ်းနဲ့ဆံပင်ပေါင်းတင်ပါ။
ခေါင်းလျှော်ခါနီး တစ်နာရီလောက်အလိုမှာ သဘာဝနည်းလမ်းတွေနဲ့ ဆံပင်ပေါင်းတင်ပေးပါ။

ရှားစောင်းလက်ပတ်၊ ကြက်သွန်နီ စတာတွေနဲ့ ပေါင်းတင်ပေးရင် ဆံပင်အရှည်မြန်ပြီး အုံထူလာစေပါတယ်။


ခေါင်းခဏခဏမလျှော်ပါနဲ့
ခေါင်းခဏခဏလျှော်ရင် ဆံပင်ပို ကျွတ်စေ ပါတယ်။

ဆံသားအဆီ ဓာတ်ဆုံးရှုံးစေလို့ ဆံပင်အရှည်နှေးစေ ပါတယ်။

ဒါပေမယ့် မလျှော်ပဲ ထားတာကြာ ရင်လည်း ဆံသားအတွက်မကောင်းပါဘူး။

ဒါကြောင့် ၄ ရက်တစ်ခါ၊ ၅ ရက်တစ်ခါတော့ ပုံမှန်လျှော်ပေးပါ။

ဆံပင်သန်စေတဲ့ခေါင်းလျှော်ရည်
ဆံပင်အရှည်မြန် ချင်ရင်တော့ chemical နည်းတဲ့ ခေါင်းလျှော်ရည်တွေ၊

ဆံပင် သန်စေတဲ့၊ အရှည်မြန်စေ ဖို့ထုတ် ထားတဲ့ ခေါင်းလျှော်ရည်တွေ ကို ရွေးသုံးပေး ပါ။

Hair serum, hair oil ပုံမှန်လိမ်းပေးပါ
ခေါင်းလျှော်ပြီး ဆံပင်မခြောက် တစ်ခြောက် အချိန်မှာ hair serum (သို့) hair oil ကို လိမ်းပေးပါ။

နောက်ရက်တွေ မှာလည်း နေ့တိုင်းလိမ်းပေးပါ။ ဆံသား သန်စွမ်းကျန်းမာပြီး ဆံပင်အရှည်မြန်လာ ပါလိမ့်မယ်။

အပူချောင်းတွေမသုံးပါနဲ့
ဆံသားကျန်းမာမှ ဆံပင်အရှည်မြန်မှာပါ။

ဒါကြောင့် ဖြောင့်စက်၊ ကောက်စက် စတဲ့ အပူချောင်းတွေကို မသုံးပါနဲ့။

ခေါင်းလျှော်ပြီးရင်လည်း တတ်နိုင်သလောက် dryer မသုံးပဲ သဘာဝအတိုင်း အခြောက်ခံပါ။

ဆံပင်ချွတ်ဆေးတွေမသုံးပါနဲ့ဆံပင်ချွတ်ဆေးတွေ သုံးပြီး ဆံပင်ကာ လာတွေ အမျိုးမျိုးပြောင်းနေ ရင်တော့ ဆံသားပျက်စီးပြီး ပြတ်ထွက် ကုန်တာ၊ ကျွတ်တာတွေ ဖြစ်မှာပါ။

ဒီလိုတွေဖြစ်ရင် ဆံပင်အရှည်မြန်မှာလည်း မဟုတ်တော့ ပါဘူး။

Hair growth vitamins သောက်ပေးပါ
ဆံပင်ကိုပုံမှန်ထက်ပိုပြီး အရှည်မြန် ချင်တယ် ဆိုရင်တော့ hair growth vitamins တွေ သောက်ပေးနိုင် ပါတယ်။

သောက်တဲ့ အခါမှာလည်း တကယ် ထိရောက်ပြီးကောင်း တာမျိုးကိုပဲ ရွေးချယ်သင့်ပါတယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website