ဆီပူ၊ မီးပူလောင် လျှင် အမာရွတ် မရှိရအောင်

ဆီပူလောင် ရေနွေးပူလောင် ဆေးနည်းများ…..

( ၁ )ကြက်ဥ ပြုတ်ပီး အကာကိုဖယ်ပါ ။ အနှစ်ကို ဒယ်အိုး သန့်သန့်နဲ့ မီးအပူ ပေးလှော်ပါ ။

အရည် ပျော်အောင်ထိပေါ့ အရည်ပျော်လာရင်ဆီလိုဖြစ်လာပါလိမ့်မည် ၎င်းကိုအနာမှာ လိမ်းပေးကြပါ။

ကျနော် လက်တွေ့သုံးခဲ့ဘူးတာ မီးလောင်ဒဏ်ရာတောင် ပျောက်တယ် ။အမာရွက် လို့တောင်မရှိဘူး နဂိုအသားတိုင်းပြန်ဖြစ်ပါတယ်။

ကူညီနိုင်တာဆို လို့ ဘာမှမရှိလို့ ဆေးမီးတိုလေး ရေးပို့ပေး ရတာပါ။ မြန်မြန်နေပြန်ကောင်း ကြပါစေ။ ကျေးဇူးတင်ပါတယ်။

( ၂ )ကြက်သား၏ အဆီကိုကြော်ထားသောဆီကို အပူလောင် အနာများကိုလိမ်းပေး လျင်လည်း သက်သာပျောက်ကင်းပြီး အနာအမာရွတ်မကျန်ပါ။
တကယ်ကောင်းသောလက်တွေ့ဆေးနည်းပါ ။

( ၃ )ဆီပူလောင် ။ အပူလောင် အမာရွတ်ဟောင်းများအားကွမ်းသီးခြောက်ကို သွေးလူးပေးပါ ။ အမာရွတ်ပျောက်ကင်းပါသည် စိတ်ရှည်ရှည်နဲ့လူးပါ ။

ခံရခက်သော အပူလောင် ဒဏ်ရာတွေကို သက်သာပျောက်ကင်းစေမယ့် နည်းလမ်း ၅ ခု…

အပူလောင်ခြင်းဟာ အဖြစ်များတဲ့ မတော်တဆမှု တခုဖြစ်ပြီး ကြီးကြီးမားမား အပူလောင်တာမျိုးမဟုတ်ဘူးဆိုရင် ၊

အိမ်မှာ အလွယ်တကူရှိတဲ့ သဘာဝပစ္စည်းတွေနဲ့တင် သက်သာပျောက်ကင်းအောင် ကုသပေးနိုင်ပါတယ်။

ဒါကြောင့်မို့လို့ အပူလောင် ဒဏ်ရာတွေကို သက်သာပျောက်ကင်းစေမယ့် အိမ်တွင်း သဘာဝကုထုံး နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

(၁) ဆီပူလောင်တာမျိုးပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ပူနေတဲ့ အရာဝတ္ထုတခုခုနဲ့ ကပ်မိတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်၊

အပူလောင်သွားတဲ့ အရေပြားနေရာပေါ်ကို ရေခဲရေနဲ့ လောင်းပေးပြီး
အိမ်မှာ အလွယ်တကူရှိတဲ့ သွားတိုက်ဆေး အနည်းငယ်ကို ပွတ်လိမ်း ပေးထားခြင်းအားဖြင့် ၊

အပူလောင်ခြင်းကြောင့် အရည်ကြည်ဖုထခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၂) ပျားရည်ဟာ အသေးစား အပူလောင်ဒဏ်ရာတွေအတွက် အသင့်တော်ဆုံး သဘာဝပစ္စည်းတမျိုး ဖြစ်ပါတယ်။

အပူလောင်ထားတဲ့ အရေပြားပေါ်ကို ပျားရည်အနည်းငယ် သုတ်လိမ်းပေးခြင်းအားဖြင့်၊

အပူလောင်ခြင်းကြောင့် ခံစားရတဲ့ စပ်ဖျင်းဖျင်း ဝေဒနာတွေကို သက်သာစေတဲ့အပြင် ကူးစက်ပိုးတွေ ဝင်ရောက်ခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၃) အုန်းဆီမှာ ဗီတာမင်အီးနဲ့ F a t t y A c i d တို့ပါဝင်တာကြောင့် အပူလောင်ခြင်းကို သက်သာစေနိုင်ပြီး သံပုရာရည်နဲ့ အုန်းဆီတို့ကို ရောစပ်ပြီး၊

အပူလောင်ဒဏ်ရာပေါ် လိမ်းပေးခြင်းအားဖြင့် အပူလောင်ဒဏ်ရာကြောင့် ကျန်ခဲ့တဲ့ အမာရွတ်ကို ပျောက်ကင်းစေနိုင်ပါတယ်။

(၄) နွားနို့မှာ ပရိုတင်းဓာတ်နဲ့ အဆီဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် အပူလောင်သွားတဲ့ အရေပြားကို အနာကျက် မြန်စေမှာ ဖြစ်ပါတယ်။

အပူလောင်ထားတဲ့ အရေပြားပေါ်ကို နွားနို့နဲ့ သေချာစွာဆေးကြော သန့်စင်ပေးရုံနဲ့ အရေပြားကို အေးမြစေပြီး ရေဓာတ်ပြည့်နေစေမှာ ဖြစ်ပါတယ်။

(၅) ရှာလကာရည်မှာ ပါဝင်တဲ့ဲ A s c e t i c A c i d ဟာ အပူလောင်ခြင်းကြောင့် ရောင်ရမ်းခြင်း၊ နာကျင်ခြင်းနဲ့ အရည်ကြည်ဖု ထခြင်းတို့ကို ပျောက်ကင်းစေနိုင်ပါတယ်။

အပူလောင်ထားတဲ့ အရေပြားကို ရှာလကာရည် အနည်းငယ် လောင်းချပေးပြီး ရေအေးအေးနဲ့ ပြန်လည် ဆေးကြောပေးရုံနဲ့ သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website