ဆံပင်တွေက မကြာခဏ ကျွတ်ပြီး ဆံပင်နှစ်ခွထွက်လို့ စိတ်ညစ်နေတဲ့မိန်းကလေးများအတွက်

ဆံပင်တွေက မကြာခဏ ကျွတ်ပြီး ဆံပင်နှစ်ခွထွက်လို့ စိတ်ညစ်နေတဲ့မိန်းကလေးများအတွက်…..

“နက်မှောင်သေချာဆံကေသာ”

ဆံပင်ကနီကြန်ကြန်ဖြစ်၊ဆံပင်တွေကမကြာခဏကျွတ်၊ဆံပင်နှစ်ခွက ထွက်သေး၊

အမျိုးသမီးတို့၏ ဆန္ဒမှာဆံကေသာအလှသည်က ပသာဒမဟုတ်ပါလား။

ဒီလိုကြီးဆိုစိတ်မညစ်ပါနဲ့လွယ်ကူသောနည်းလမ်းလေးစမ်းကြည့်ကြပါစို့ကျား/မ မရွေးမခက်ခဲသောနည်းလေးပါ။

မြင်းခွာရွက် (၅)ကျပ်သား

ကြိတ်မှန်ရွက်(၅)ကျပ်သား

ကွမ်းရွက်(၅)ကျပ်သား

အညီအမျှ သတ္တုရည်စိမ်းညှစ်ယူပြီး ပုလင်းလေးတွင် ရောကာထည့်ပြီး၊

ရေပါအသင့်တင့်အောင်ထည့်၍ ခေါင်းကို မကြာခဏလိမ်းပေးခြင်းဖြစ်ပါသည်။

ဆံပင်စလေးများကိုပါ စိုရွဲအောင်လိမ်းပေးပါ။
ဆံပင်ကျွတ်ခြင်းကင်းဝေးပြီးဆံပင်နီကြန်မှုမရှိတော့ပါ ။

နက်မှောင်သောဆံကေသာကိုပြန်လည်ရရှိ ပိုင်ဆိုင်သူများဖြစ်လာပါလိမ့်မည်။

ဦးရေလည်းအေးမြကာ စိတ်ကြည်လင်ခြင်းကိုလည်း ပေးမည်မို့ မုဒိတာပွားလိုက်ရပါသည်။

စာကိုးနက္ခတ္တရောင်ခြည်အမှတ်(၃၇၁)

ဆံပင်မကျွတ် ပိုမိုနက်လိုပါသလား မှ

ရဲမျိုးသူ(ဗောဓိမြိုင်)

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website