သွား ဘယ်လောက်ပဲ ကိုက်ကိုက် (၅) မိနစ် အတွင်း ပျောက်ကင်းသွားစေမည့် ဆေးနည်းတစ်လက်

မည်သည့် နည်းနဲ့ သွားကိုက်ကိုက် အသုံးဝင် ထိရောက်စေသော သွားကိုက် သွားနာ ဆေးနည်း တစ်လက်မှာ….

(၁) ကပ်စေးနှဲသီးများကို မီးဖြင့်ကျွမ်းအောင်လှော်(၂) အမှုန့််ထောင်းပြီး ဖန်ပုလင်းထဲထည့်(၃) ကိုက်ပါတယ်ဆိုတဲ့ သွားကို ဆေးမှုန့်သိပ် ပေးခြင်းဖြစ်ပါတယ်။

(၄) သွားဘယ်လောက်ပဲ ကိုက်ကိုက် (၅) မိနစ်အတွင်း ပျောက်ကင်းသွားမည်ဟု ဆရာကြီးရန်ရှင်းကိုယ်တိုင် မှာလိုက်ကြောင်းဖေါ်ပြထားပါတယ်။

နက္ခတ္တရောင်ခြည် မဂ္ဂဇင်း စာအုပ်ဟောင်းမှ ဖြစ်ပါတယ်။ သွားကိုက်ပျောက်ဆေး ချီးမြှင့်ပေးသူက ဆရာကြီးရန်ရှင်း လို့ ဖော်ပြ ပေးထားပါတယ်။

ဆရာကြီးမှာ အောင်လံမြို့နဲ (၄) မိုင်ဝေး တဲ့ သံရွာကလို့ ဆိုပါတယ်။

ရောဂါ ဝေဒနာ တစ်ခုအတွက် အရွက် တစ်မျိုးတည်း၊ ဆေးမြစ် တစ်မျိုးတည်းနဲ့ ကုသလို့ ရတဲ့ မြစ်ချင်းပြီး ဆေးနည်း တို တွေပြည့်လိုပါ။

တည့် မတည့် ပျောက်မပျောက် ဆိုတာကို တော့ ကိုယ်တိုင်သုံးကြည့် မှ သိမှာပါလို့ ဖော်ပြ ထားပါတယ်။

အစ်မ ဖြစ်သူမှာ မကြာခဏ သွားကိုက်ပါတယ်။ နေ့စဉ် နေ့တိုင်းလည်း နံနက် ညသွားတိုက်ခြင်း၊ ဆားရည်ငုံ ထွေးခြင်းလည်း လုပ်ပါတယ်။

ဒါပေမယ့် သွားကိုက်ခြင်းက တစ်လ (၁) ခါ၊ နှစ်လ (၁) ခါ ဖြစ်ရကာ သွားဆေးခန်းကို သွားရ ကြိမ်လည်း မနည်းတော့ပါ။

ခဏတာ သက်သာသော်လည်း အရှင်း ပျောက်ကင်းခြင်း မရှိဘဲ ဖြစ်နေပါတော့တယ်။ ဆေးနည်းလည်း စုံနေပါပြီ။

အသက်ကြီး သူများပင် မျက်ရည်ကျအောင် ကိုက်ခဲနာ ကျင်ခြင်း ခံရ ပါတယ်။

လက်တွေ့ အသုံးပြုလိုစိတ်ဖြင့် နက္ခတ္တရောင်ခြည် မဂ္ဂဇင်းပါ ဆေးနည်းအတိုင်း လမ်းဘေးဝဲယာ ပေါပေါသီသီ ပေါက်နေသည့်

နွားမြီးကပ်(ခေါ်) ကပ်စေးနှဲပင်မှ အသီးများကို မီးကျွမ်းအောင်လှော်ပြီး ၊အမှုန့်ကို သိပ်ပေးကြည့်ရာ၊

အမှန်ပင် သွားကိုက်ခြင်း ပျောက်ကင်းခြင်း အပြင်၊ ယနေ့တိုင်သွား မကိုက်တော့ပါ။

နွားမြီးကပ်(ခေါ်) ကပ်စေးနှဲပင်မှာ မြန်မာပြည်အန့ှံအတော် များများ ပေါက်နေတတ်ပါတယ်။ သွားကိုက် ဝေဒနာရှင်များ

အလွန်ပေါသော ကပ်စေးနှဲ (နွားမြီးကပ်) သီးကို ခူးပြီး လှော်ရုံ၊ အမှုန့်ပြုရုံ ငွေကြေးမကုန်ဘဲ ဆေးတစ်ဖုံ ဖေါ်စပ်ထားလိုက်ပါ။

အဓိက သွားနာ၊ သွားကိုက် ဖြစ်နေကြပြီး ဆေးရုံ၊ ဆေးခန်း၊ သွား ဆရာဝန်များ နှင့် ဝေးကွာစွာ ရှိနေကြသော ကျေးလက် နေပြည်သူ များအား ရည်စူးပါတယ်။

ကျေးလက်နေ သူတို့အဖို့ နွားမြီးကပ် ( ကပ်စေးနဲစေ့) ကို သိကြပြီး ဖြစ်ပါတယ်။

လိုသူတို့သုံး လက်တွေ့အပြုံးဖြင့် ခံစားရ ခက်သော သွားကိုက်၊ သွားနာဝေဒနာ ပျောက်ကင်း နိုင်ကြပါစေ။

စာကိုး နက္ခတ္တရောင်ခြည်မဂ္ဂဇင်း

မည်သည့်နည်းနှင့်ပဲသွားကိုက်ကိုက်(လေ့လာသူတစ်ဦး)

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website