နတ်​ဆေးတမျှ အစွမ်းထက်လှတဲ့ နှာရည်ယို၊နှာမွှန်​၊နှာပိတ်(ထိပ်ကပ်နာ)ရောဂါအတွက်….ခ​ရေ​စေ့

နတ်​ဆေးတမျှ အစွမ်းထက်လှတဲ့ နှာရည်ယို၊နှာမွှန်​၊နှာပိတ်(ထိပ်ကပ်နာ)ရောဂါအတွက်….ခ​ရေ​စေ့ (​မူရင်းတင်သူကို ကျေးဇူးတင် လွန်းလို့ မျှ​ဝေပါသည်) လွန်ခဲ့တဲ့ ၃/၄ လခန့်ကစပြီး နှာမွှန်​ရောဂါ စွဲကပ်လာပါတယ်.. အိပ်ယာထချိန် နံက်အ​စောပိုင်းဆို အ​တော်​လေးမွှန်ပါသည်။ မနားမ​နေကိုနှာ​ချေပါသည်။ အင်္ဂလိပ်ဆေး..{ စီထရင်း (သိုမဟုတ်)ဘာမီတွန်} ​သောက်ရင် ​ပျောက်ပါသည် ​ ဆေးအာနိသင်ကုန်တာနှင့် ပြန်ဖြစ်ပါ​တော့သည်။.. တကယ်မွှန်တဲ့​နေ့ဆို စွတ်ကြယ်ဂျိုင်းပြတ်အင်္ကျီ ၃ ထည်​လောက်​ နှာရည်ညှစ်ဖို့ ဆောင်ထားရပါသည်။ တရားထိုင်ချိန်၊တရားမှတ်ချိန်ဆို နှာရည်​တွေ ​တောက်​တောက်..​တောက်​တောက်နဲ့၊ ​​အောက်ကိုစီးကျ​နေ​လောက်​အောင်ကို မွှန်ပါတယ်… အနံဆိုးများ​တော့ မထွက်​သေးပါ။ လွန်ခဲ့တဲ့ ၃ လခန့်က fb​ပေါ်မှာ ဦးဇင်းတစ်ပါးတင် ထားတဲ့ ပိုစ်​လေးတစ်ခု ဖတ်ရ​ပါသည်။ သူ ၁၄ နှစ်တိုင်တိုင် ​ငွေသိန်းချီကုန်ပြီး အင်္ဂလိပ်​ဆေးနဲ့ကုသလို့မပျောက်တဲ့ နှာမွှန်​ရောဂါကို ခ​ရေစေ့ကို​သွေးလိမ်း၊ ခ​ရေ​စေ့ကို မီးဖုတ်၊မီးဖုတ်ထားတဲ့အ​စေ့ကို ငရုပ်ဆုံမှာ ညက်​အောင်​ထောင်းပြီး၊ အုန်းဆီစစ်စစ်​လေးနဲ့ ငယ်ထိပ်​ပေါ် လိမ်းတာ ၃ ရက်နဲ့ ​ပျောက်တယ်လို့ တင်ထားတာ​တွေ့တာနဲ့ ၊ ခ​ရေသီးမှည့်​ချိန် (အခုအချိန်)ကြုံတာနဲ့ ခ​ရေ​သီးအမှည့်ထဲကအ​စေ့ကို ​သွေးပြီး၊ ညအိပ်ယာဝင်ချိန် နှာ​ခေါင်းမှာနှာတံဆွဲသလိုလိမ်း၊နှာဖူးထိပ်(မျက်ခုံးရိုး ၂ ခုကြား)မှာ လိမ်းပြီး ​​၊ ခြောက်​တော့အိပ်ယာဝင်တာ နံက် (တစ်ကြိမ်တည်း လိမ်းရုံ)ထူးထူးခြားခြားကို(၉၀ ရာခိုင်နှုံး)ခန့် သက်သာ​ပျောက်ကင်း​နေတာ အံသြဖွယ်​တွေ့ရပါတယ်… အခုစာ​ရေး​နေချိန်မှာ ​ဆေးလိမ်းချိန် ၁ ရက်နဲ့ တမွန်းတက်သာရှိ​သေးချိန်မှာ ၉၅ ရာခိုင်နှုံးခန့် ​ပျောက်ကင်း​နေပါပြီ။ (မီးဖုတ်လို့ ​ထောင်းပြီး အုန်းဆီနှ့င် ငယ်ထိပ်ကိုမလိမ်းဖြစ်ပါ) ကျ​တော်ရဲ့ သူငယ်ချင်းမိတ်ဆွေများ နှာမွှန်၊နှာပိတ်(ထိပ်ကပ်နာ)ဖြစ်ခဲ့လို့၊ စိတ်ညစ်​နေခဲ့ရင် ​ငွေကုန်​ကြေးကျ မရှိတဲ့ ခ​ရေ​စေ့​လေးသာ​ သွေးလိမ်းကြည့်ကြပါလို့ ၊ ကိုယ်ပျောက်ခဲ့တာ​လေးကို ဝမ်းသာအားရ မျှ​ဝေပါရ​စေ။ Edit..စိတ်ပျက်စရာ နှာမွှန်​ရောဂါကို ကျ​တော်လိုပဲ ​ပျောက်ကင်းစေချင်တဲ့ ​စေတနာ တစ်ခုတည်းနှင့်သာ မျှ​ဝေခြင်းဖြစ်ပါသည်။ Credit >ကိုသက်