ခက်ခဲပင်ပန်းစွာနဲ့ရှာဖွေထားရတဲ့ ပိုက်ဆံသိန်းရာချီ အလိမ်ခံခဲ့ရတဲ့အကြောင်း ဝမ်းနည်းစွာရင်ဖွင့်လာတဲ့ ရဲနောင်တို့ဇနီးမောင်နှံ

အဆိုတော် ရဲနောင်ကတော့ Myanmar Idol ကနေ ထွက်ပေါ်လာတဲ့ အဆိုတော်တစ်ဦးဖြစ်ပြီး
ပရိသတ်အားပေးမှုကို ရရှိထားသူတစ်ဦးပါ



ရဲနောင်ဟာ ဇနီးဖြစ်သူကိုလည်း အလွန်ချစ်မြတ်နိုးသူဖြစ်ပြီး Surprise Present တွေမကြာခဏ ဖန်တီးပေးတတ်တာကြောင့် ရဲနောင်တို့ ဇနီးမောင်နှံဟာ လူမှုကွန်ယက်မှာ လူသိများထင်ရှားသူတွေလည်းဖြစ်ပါတယ်



ယခုရက်ပိုင်းမှာတော့ ရဲနောင်ရဲ့ ဇနီးက သူတို့ လင်မယား ၂ ယောက် သိန်း ရာနဲ့ချီ အလိမ်လည်ခံခဲ့ရတဲ့ အကြောင်း ဝမ်းနည်းစွာ ရင်ဖွင့်လာခဲ့တာပါ




” လူတိုင်း စီးပွါးရေး/ကျန်းမာရေး အရာရာအရမ်းခက်ခဲနေတဲ့ 2021 ဒီနှစ်မှာ … ကျားကုတ်ကျားခဲ လင်မယား၂ယောက် ငွေ ကြိုးစားရှာ …မစားရက် မသုံးရက်နဲ့ လူလိမ်မတွေက လိမ်ပြေးသွားပေမဲ့ ကိုယ်ကနာမည်ပျက်မခံနိုင်တော့ အကုန် လိုက်စိုက်လိုက်လျော်ပေးတာ စာရင်းချုပ်ကြည့်လိုက်တော့ သိန်း 200ဝန်းကျင် …



ဟိုအရင် လိမ်ခံရတဲ့ငွေ မပါ 4လပိုင်းကနေ ခု 12လပိုင်းထိသိန်း200ဝန်းကျင် ..တကယ် ချွေးနဲစာ ပိုက်ဆံလေးတွေ နှမြောလိုက်တာကလေးလေး နာမည်မပျက်ဖို့အရေးကြီးတယ်ဆိုပြီး သူ့အတွက် ကော်ဖီတစ်ခွက်တောင် မသထှာ …ရှာသမျှမိန်းမကို ပေးပြီး ..မိန်းမအလုပ်ကိုလဲ မပင်မပန်းမညီးမညူ ကူပေးတဲ့ ယောကျာ်းရေ တကယ်ကျေးဇူးပါဟာ …ဒီနှစ်ကုန်ရင် ငါတို့ အပူတွေအကုန်ပြီးပြီ 🦾 လူလိမ်မတွေကိုတော့ ဒီတိုင်းအလွတ်မပေးဘူး ပိုက်ဆံ လာပေးလဲမယူတော့ဘူးသူတို့ထောင်ကျမှ ကျေနပ်မယ်…ငါ့ပိုက်ဆံလေးတွေ ပေးလိုက်ရတိုင်း ရင်နာတယ် လူလိမ်မတွေ😥” ဆိုပြီးရေးသားထားတာ ဖြစ်ပါတယ်။


ပရိသတ်တွေကတော့ ရဲနောင်တို့ ဇနီးမောင်နှံ ၂ ယောက်ကို ဝိုင်းဝန်းနှစ်သိမ့်ပေးနေကြတာဖြစ်ပါတယ် ပရိသတ်ကြီးရေ လူမှုကွန်ယက်မှာ နာမည်ကြီးနေတာကြောင့် တင်ဆက်ပေးလိုက်ရပါတယ်နော်

Source Rose Lin Win