ဆံပင် ကိုမည်းနက်စေမယ့် အုန်းဆီ သံပုရာ

ဆံပင် ကိုမည်းနက်စေမယ့် အုန်းဆီ သံပုရာ

သင်ရဲ့ ဆံသားတွေ ဖြူလာ လို့နေရ တာမျိုုး

ဒါမှမဟုတ် အခြား ဆံပင် မည်းနက်စေမယ့် ဆေးတွေ သုံးနေ ရတာမျိုးတွေ ရှိပါသလား။

ဒါဆိုရင်တော့ သဘာ၀ အတိုင်း ပြန်မည်းနက်စေမယ့် နည်းလမ်း တစ်ခုကို မျှဝေ ချင်ပါတယ်။

သဘာဝ နည်းလမ်းတွေဟာ လက်တွေ့မှာ အသုံးဝင်ပြီး ဘေးထွက်ဆိုးကျိုး နည်းစေမယ့် အရာတွေပါ။

စားသုံးရတဲ့ အစားအစာတွေထ အခြား အသုံးဝင်မယ့် ဆေးဝါးတွေ ကုထုံးတွေ ဓာတ်စာတွေအနေနဲ့ အသုံးပြုလို့ ရပါ တယ်။

သဘာကပေးတဲ့ နည်းလမ်းတွေဟာ အမြဲ အထောက်အကူ ဖြစ်စေ ပါတယ်။

အုန်းဆီဟာ ဆံကေသာ ကောင်းကျိုးကို များစွာ အထောက်အကူ ဖြစ်စေတာ သိကြ မှာပါ။

သူ့မှာ ပါဝင်တဲ့ ဓာတ်ပေါင်းစုတွေဟာဆံသားရဲ့ အတွင်းပိုင်း အထိ ထိရောက်မှု ရှိတယ်လို့ ဆိုပါတယ်။

ဆံသားတွေကို စိုပြည်စေပြီး မည်းနက်ချင်တယ် ဆိုရင်တော့ အုန်းဆီဟာ မပါမဖြစ်ပါ။

ပိုပြီး အထောက်အကူ ဖြစ်စေမယ့် ဗီတာမင်စီ၊ ဖော့စရပ်၊ ဗီတာမင်ဘီနဲ့

အင်တီအောက်ဆီးဒင့်တွေ ပေါင်းစပ်ပေးရင် ပိုကောင်းမွန်တဲ့ ဆံပင်ဆေးကို ရရှိစေမှာပါ။

ပေါင်းစပ် ရမှာ ကတော့ သံပုရာသီး ဒါမှမဟုတ် သံပုယိုသီးပါ။

ပေါင်းစပ်ပြီး ပြုလုပ် ရမှာ ကတော့ အုန်းဆီ 5ml နဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်း ၃ဇွန်းပါ။

သူတို့နှစ်ခုကို ရောစပ်ပြီး ဆံသား ထဲကို အနှံ သုတ်ပေးပါ။

ညင်ညင် သာသာလေး နှိပ်ပေးပြီး ၄၅မိနစ် ထားပါ။ ပြီးရင် ခေါင်းလျှော်ပါ။

တစ်ပတ်မှာ ၂ကြိမ် ပုံမှန် လုပ်ပေးပါ။ ဗောက်တွေ ကိုလည်း သက်သာစေပြီး ဆံသားကို ပြန်ပြီး မည်းနက်လာစေ ပါတယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Websiteစ