လမ်းဘေးမှာ တံမြက်စည်းရောင်းနေရတဲ့ အသက် ၉၀ အရွယ်အဘွားအိုကို စေတနာထက်သန်စွာ ကူညီပေးခဲ့တဲ့ လူရွှင်တော်မိုးစက်

လူရွှင်တော်မိုးစက်ကတော့ လတ်တလောမှာ ဟာသဇာတ်လမ်းတိုလေးတွေ ရိုက်ကူးပြီးပရိသတ်နဲ့အဆက်မပြတ်စေရန် ဆောင်ရွက်နေသလိုပရဟိတအလုပ်တွေကိုလည်း နိုင်သလောက်
လုပ်ဆောင်လျှက်ရှိတာပါ။


အထူးသဖြင့့်သက်ကြီးအဖိုးအဖွားတွေကို ပိုမိုကူညီပေးလေ့ရှိပြီး နိုင်သလောက်ပိုက်ဆံနဲ့ ကန်တော့သလိုကူညီပေးနေတာဖြစ်ပါတယ်။



ခုတခေါက်မှာလည်း မိုးစက်ဟာ တံမြက်စည်းရောင်းနေရတဲ့ အသက် ၉၀ အရွယ် အဘွားအိုကြီးကို အလှူငွေ၅၀၀၀၀ ကျပ်ကို ထောက်ပံ့ကန်တော့ခဲ့တာပဲဖြစ်ပါတယ်။


အဖွားကတော့ သမီးဖြစ်သူ ခြေထောက်မကောင်းတာကြောင့် ပင်ပန်းစွာနဲ့ ဈေးရောင်းစားနေရတာလို့ သိရပြီး မိုးစက်က စေတနာအရင်းခံနဲ့ ကူညီပေးခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ။ မိုးစက်ရဲ့ အလှူကို သာဓုခေါ်ဆိုနိုင်စေဖို့တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source – Moe Sat