
ကိုရီးယားမြို့များကဲ့သို့ သာယာလှပပြီး နိုင်ငံခြားသားများ လာရောက်လည်ပတ်ခွင့်မရှိတဲ့ မြန်မာပြည်က မြို့ကလေး
ပန်ဝါမြို့ – ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်။
မြန်မာပြည်မြောက်ဖျားက ကချင်အထူးဒေသ (၁) ဖြစ်ပြီး နိုင်ငံခြားသား ဝင်ခွင့်မပြုတဲ့မြို့ ဖြစ်ပါတယ်။
ဧရိယာစတုရန်းမိုင် (၁၃၅၅) မိုင် ကျယ်ဝန်းပြီး မြင့်မားမတ်စောက်သည့် တောင်တန်းနှင့် တောင်စောင်းများ ဝန်းရံထားသောကြောင့် မြေပြန့်လွင်ပြင် နည်းပါးသည့် မြို့ ဖြစ်သည်။
ကချင်တိုင်းရင်းသား အနွယ်ဝင် လော်ဝေါ်၊ လချိတ်၊ လီဆူ မျိုးနွယ်တို့ အများစု နေထိုင်ကြပြီး အိမ်ထောင်စု (၁၇ဝ) ကျော်တွင် လူဦးရေ (၁၁ဝဝ) ကျော် နေထိုင်သည်။
ကျေးလက်ဒေသတွင် အိမ်ခြေ (၁၂ဝဝ) ကျော်ရှိပြီး လူဦးရေ (၆၉ဝဝ) ကျော်
နေထိုင်သောကြောင့် ပန်ဝါမြို့တွင် လူဦးရေစုစုပေါင်း (၈ဝဝဝ) ကျော်ရှိသည်
အများစုမှာ ခရစ်ယာန် ဘာသာဝင်များ ဖြစ်ကြသည်။ဗုဒ္ဓဘာသာ ဘုရားစေတီ နှစ်ဆူနှင့် ဘုန်းကြီးကျောင်း တစ်ကျောင်းလည်း ရှိပါသည်။
မြို့ပေါ် အမှတ် (၁) ရပ်ကွက်ရှိ ဇမ္ဗူငြိမ်းစေတီတော်၊ မြို့ဦးဘုန်းကြီးကျောင်းနှင့် စိန်ပေါလ်ကက်သလစ် ဘုရားကျောင်းတို့သည် ပန်ဝါမြို့၏ ထင်ရှားသည့် နေရာများ ဖြစ်သည်။
ရာသီဥတုကတော့ တစ်နှစ်ပတ်လုံး ချမ်းအေးသည့် ရာသီဥတုရှိပြီး အမြင့်ဆုံး အပူချိန်မှာ (၁၈) ဒီဂရီဆဲလ်စီးယပ်သာ ရှိပါတယ်။
ဆောင်းရာသီတွင် အအေးဒဏ်ကို ပိုမိုခံစားရပြီး အနိမ့်ဆုံး အပူချိန်မှာ ရေခဲမှတ်အောက် (-၁၀) ဒီဂရီဆဲလ်စီးယပ်ထိ ကျဆင်းကာ တစ်မြို့လုံး ရေခဲနေတတ်သည့်မြို့ ဖြစ်ပါသည်။
မြန်မာနိုင်ငံမှာ ရာသီဥတု (၃) မျိူး ရှိပေမယ့် ကချင်ပြည်နယ်က ပူတာအိုမြို့နဲ့ ပန်ဝါမြို့ကတော့ “မိုး နဲ့ ဆောင်း” ရာသီဥတု (၂) မျိူးတည်းနဲ့ နေသားကျနေတဲ့ မြို့ (၂) မြို့ ဖြစ်ပါတယ်။
နှင်းတွေ ရေခဲပြင်တွေနဲ့ ပတ်သက်လာရင် သူများနိုင်ငံထက် မလျော့တဲ့ အလှတွေ ကိုယ်တို့ ကချင်ပြည်နယ်မှာလည်း ရှိပါတယ်။
အခုလို ဆောင်းရာသီမှာ မနောမြေက ဆောင်းအငွေ့အသက်နဲ့ ဆောင်းအလှအပကို ခံစားဖို့ ကချင်ပြည်နယ်ကို အလည်တစ်ခေါက်တော့ အရောက် လာကြပါဦးနော်။
ဒီမြို့လေးရဲ့တည်နေရာကို google map မှာ ခေါက်ကြည့်ရင် လတ္တီကျု (၂၅)ဒီဂရီ၊ (၅၉)မိနစ်၊ လောင်ဂျီကျု (၉၈)ဒီဂရီ၊ (၂၀)မိနစ်မှာတည်ရှိပီး၊ မြန်မာနိုင်ငံ မြေပုံအရတော့ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ၊ ပန်ဝါမြို့လေးပါ။
ဒီ ပန်ဝါမြို့လေးက ဧရိယာစတုရန်းမိုင် ၁၃၅၅ လောက် မိုင်ကျယ်ဝန်းပြီး အရှေ့မှာ တရုတ်နိုင်ငံ၊
တောင်ဘက်မှာ ဝိုင်းမော်မြို့နယ် နဲ့ တရုတ်နိုင်ငံ၊ အနောက်ဘက် နဲ့ မြောက်ဘက်မှာတော့ ချီဖွေမြို့နယ် နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။
မြင့်မားမတ်စောက်တဲ့ တောင်တန်းနှင့် တောင်စောင်းများ ဝန်းရံထားတာမို့ မြေပြန့်လွင်က မရှိသလောက် နည်းပါးလွန်းပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့က တစ်ဆင့် ကားနဲ့သွားလို့ရတဲ့ ပန်ဝါမြို့။ ပန်ဝါကို လမ်းနစ်လမ်း ရှိပါတယ်။
ပထမ အလွယ်ကူဆုံးတစ်လမ်းက မြစ်ကြီးနား ကန်ပိုက်တီ တရုတ်ပြည်လမ်းကနေ မြန်မာပြည် ပြန်ဝင်တဲ့ လမ်းပါ။
ပထမလမ်း အသုံးပြုမယ်ဆိုရင် တရုတ်ပြည်လမ်းက မြန်မာပြည် ပြန်ဝင်ရတဲ့အတွက် တရုတ်ပတ်စပို့ လိုပါတယ်။
ဒုတိယလမ်းက မြန်မာပြည်လမ်းပါ မြစ်ကြီးနား ချီဖွေ လမ်းကို အသုံးပြုမယ်ဆိုရင် လမ်းမှာ တစ်ညအိပ် နှစ်ရက် ကြာပါမယ်။
လမ်းက မြေနီလမ်း များပါတယ်။ ပတ်စပို့ လုပ်စရာ မလိုပါဘူး။ပထမလမ်း ရန်ကုန် မန်းလေးက လာမယ်ဆိုရင် လေယာဉ်နဲ့ မြစ်ကြီးနားကို ဆင်းရပါတယ်၊ မြစ်ကြီးနားကနေ ကားငှားပြီး ဆက်သွားရပါတယ် ၊
ကန်ပိုက်တီ လမ်းကနေ တရုတ်ပြည် လမ်းသွားရင် ကားစီးချိန် ၅ နာရီပဲကြာပါတယ်။ ကိုယ်လမ်းသိစရာမလိုဘူး။
ကားသမားတွေ သိပါတယ်။ ကားစင်းလုံး ငှားလို့ရသလို လိုင်းကားတွေလည်း ရှိပါတယ်။
ကန်ပိုက်တီဂိတ်မှာ ပတ်စ်ပို့ ဝင်လုပ်ရပါမယ် ၊ မှတ်ပုံတင် မိတ္တူတစ်ခု လှိင်စင်ပုံ နှစ်ပုံ ပေးလိုက်ရင် ပတ်စပို့ လုပ်ပေးပါတယ်။
အများဆုံး ၁၅ မိနစ်ပဲကြာပါတယ်။ လူများရင်တော့ တန်းစီစနစ်နဲ့ လုပ်ရပါမယ်။ ပတ်စ်ပို့က တရုတ်ပြည်မှာ ၁၄ ရက် သွားလာခွင့်ရှိပါတယ်။
ပန်ဝါ အဝင်ဂိတ်မှာ မှတ်ပုံတင် ပတ်စပို့ ပြန်ပြရပါတယ်၊ပန်ဝါမှာတည်းဖို့ ဟိုတယ်တွေမသိရင် လဝက ဝန်ထမ်းတွေ ရဲတွေရှိပါတယ်။
အကူညီတောင်းရင် ကူညီကြပါတယ်။ တည်းခိုခန်း ဟိုတယ်တွေက ၃ သောင်းအထက်တွေ ရှိပါတယ်။ ပန်ဝါမှာ တရုတ် နဲ့ အားလုံးက ရိုးသားကြပါတယ်။
အကူညီတောင်းပြီး လည်ပတ်လို့ရပါတယ် ဒါက အလွယ်ကူဆုံး လမ်းပါ။
ဒုတိယလမ်း မြစ်ကြီးနားကနေ ချီဖွေမြို့လမ်းပါ။
မြစ်ကြီးနား ချီဖွေ ကားတစ်ရက် စီးရပါတယ်။ ချီဖွေမှာ တစ်ည အိပ်ရပါလိမ့်မယ်။ တည်းခိုခန်းတွေ အများကြီးရှိပါတယ် လမ်းခရီး မြေနီလမ်းဖြစ်ပြီး တောတောင် သဘာဝတွေအများကြီး ရှိပါတယ်။
မေခမြစ်အတိုင်း တက်သွားရတာပါ၊နောက်နေ့မနက် ကားနဲ့ ထွက်လာရင် ညနေ ၂ နာရီလောက် ပန်ဝါ ရောက်ပါတယ်။
ပန်ဝါမြို့ ၁ ရက်လောက်လည်ပြီးရင် ကန်ပိုက်တီလမ်းလည်း ပြန်လို့ရပါတယ်။
ဆိုင်ကယ်စီး ဝါသနာရှင်တွေကတော့ မြစ်ကြီးနား ချီဖွေ ပန်ဝါလမ်းကို ဆိုင်ကယ် သွားလို့ရပါတယ်။
မှတ်ချက်။ မြစ်ကြီးနားမှာ မိုးတွေအုံ့ပြီးမြူတွေ ကျနေရင်တော့ ပန်ဝါမှာ နှင်းကျတတ်ပါတယ် မြစ်ကြီးနားမြို့ရောက်ရင် ခန့်မှန်းနိုင်ဖို့ပါ။
မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo – Google , Facebook and Others Website