အမွှာညီအစ်မ နှစ်ဦး မှ ကျန်ရှိနေတဲ့ တစ်ဦးကို ရှာဖွေမှု ရပ်ဆိုင်းလိုက်ရတဲ့ အကြောင်းအရင်း

  • ယခု သတင်းကို ( အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်း ) စာမျက်နှာ မှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်

အမွှာနှစ်ယောက်မှ ကျန်ရှိသောရုပ်အလောင်းအားရှာဖွေမှုရပ်နား လိုက်ပါပြီ

(24.5.2020) ရပ်နေ့က စစ်ကိုင်းတံတားအဟောင်း ပေါ်မှ ခုန်ချသွားသော အမွှာညီမ နှစ်ယောက်အား SERT ရေပြင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ မှ ဧရာဝတီမြစ် အတွင်း ရှာဖွေခဲ့ရာ (26.5.2020 )ရက်နေ့တွင် ညီမဖြစ်သူ၏ ရုပ်အလောင်းအား တံငါသည်များ၏ သတင်းပေးမှုဖြင့် ရှာဖွေတွေ့ရှိခဲ့ပြီး

ကျန်ရှိနေသော အစ်မဖြစ်သူ၏ ရုပ်အလောင်းအား ကာယကံရှင် မိသားစုဝင်များနှင့်အတူ ယနေ့ ဧရာဝတီမြစ်အောက်ပိုင်းအထိ ရှာဖွေပေးခဲ့ရာ မတွေ့ရှိပါသောကြောင့် ကာယကံရှင် မိသားစုများ၏ ဆန္ဒအရ ရုပ်အလောင်းအား စိတ်မကောင်းစွာဖြင့်ရှာဖွေ မှုရပ်နားလိုက်ပါတယ်ခင်ဗျာ။

အမွှာညီမ နှစ်ဦးစလုံးကောင်းရာဘုံဘဝ ရောက်ရှိပါစေ ဆုတောင်းရင်း……

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်း #SERT
#ရေပြင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့
PH- 09779900100
09792119119

Be the first to comment

Leave a Reply

Your email address will not be published.


*