ဒီနေ့ည ၈ နာရီအချိန် ကိုဗစ်၁၉ လူနာအသစ် တွေ့ရှိမှု စာရင်းကို ထုတ်ပြန်ကြေငြာ

  • ယခု သတင်းကို ( MOHS ) စာမျက်နှာ မှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၉-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ (၂၉-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ရာတွင် –

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (ပထမအသုတ်) အဖြစ် ဓာတ်ခွဲနမူနာ(၄၆၉)ခုနှင့်
အမှတ် (၁) တပ်မတော် ဆေးရုံကြီး (ခုတင်-၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၉၂) ခု၊
စုစုပေါင်း (၅၆၁)ခုအား ယနေ့၊ ညနေပိုင်း၌ စစ်ဆေးပြီးစီးခဲ့ရာ

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁) ဦးတွေ့ရှိရပါသည်။

၂။ (၂၉-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၂၀၇) ဦးရှိပါသည်။

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၄) ဦး (Case-78, 138, 145 နှင့် 168) ရှိသဖြင့် (၂၉-၅-၂၀၂၀) ရက်နေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၃၀) ဦးရှိပါသည်။ ၎င်းတို့အနက် (၁၂၂) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ် နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

၅။ (၂၈-၅-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၉-၅-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၂၅) ဦး ရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*