အင်မတန် ဖူးရခဲတဲ့ ငါးမျက်နှာဘုရား တည်ရှိရာ နေရာ

  • ယခု သတင်းသည် နေ့စဥ်သတင်းနှင့်သုတရသအဖြာဖြာ Page မှ ရေးသားထားသော သတင်း ဖြစ်သည်။

ခေတ်သစ်ဒီဇိုင်းများ နှင့်ထူးခြားသောဗိသုကာလက်ရာ များဖြင့် တည်ထားသောတောင်ထိပ်‌ပေါ် ဘုရားကျောင်းဆောင်လေးဟာ ဗုဒ္ဓဘာသာတို့ သာမန်ထက်ပိုပြီး တရားအားထုတ် ဖို့အတွက် နေရာလေးတစ်ခုဖြစ်ပါတယ်။

ထိုင်းနိုင်ငံမြောက်ဘက် Tambon Khaem Son ဒေသ အလယ်ပိုင်းတွင်ရှိသော Wat Pha Sorn Kaewဗိမာန် သည်ဘုန်းတော်ကြီးများ နှင့် ဗုဒ္ဓဘာသာတရားအားထုတ်သူများ အတွက်ဓမ္မ ဆိတ်ငြိမ်ရာနေရာတစ်ခုလည်းဖြစ်ပါတယ်။

တရားဟောပြောရန်အတွက် ခန်းမ ၊ စေတီ နှင့် ပန်းဥယျာဉ်များပတ်ပတ်လည် ရှိသော တောင်ထိပ်ဘုရား‌ကျောင်း စေတီသည် သန့်ရှင်းသပ်ရပ်ပြီး အလွန်အံ့သြဖွယ်ကောင်း‌လောက်အောင် ဒီဇိုင်းဆင်ဆောက်လုပ်ထား ပြီး အသစ်ဆန်း ဗိသုကာလက်ရာများဖြင့် ပုံဖော်ထားသောနေရာတစ်ခုလည်း ဖြစ်ပါတယ်။

Khao Kho ဒေသရဲ့တည်နေရာကို‌ ရွေး ချယ်လိုက်ခြင်းဟာ သဘာ၀တောတောင် အလှများဖြင့် တရားဘာ၀နာ ကျင့်ဖို့ နေရာကောင်းတခုဖြစ်သောကြောင့်ဖြစ်ပါတယ်။

စိမ်းလန်းသောတောတောင်တန်း၏ အေးချမ်းတိတ်ငြိမ် မှုနှင့် အညီ ဘုရားတည်ထားခြင်းက အလွန်ထူးခြားတဲ့ပုံစံတခုဖြစ်တယ် ။

ရေခဲဖြူရောင်ဗုဒ္ဓရုပ်ပွား‌တော် ငါးဆူကို ကိုယ်စားပြုထားသော ‌ဘုရားဟာကမ္ဘာတစ်၀န်းလာကရောက်လည်ပတ်ကြသော ဘုရားဖူးများလည်ပတ်မှုအများဆုံး ဘုရားတစ်ဆူလည်းဖြစ်ပါတယ်။

ဗုဒ္ဓဘာသာလူမျိူးများသည် အတူတကွ တရားများကျင့်ကြံအားထုတ်ကြကာ သဘာ၀တောတောင်ချိူင့်ဝှမ်းများကိုကြည့်ရှူပြီး စိတ်အေးချမ်းသက်သာစေကြပါတယ်။

ရုပ်ပွားတော်ငါးဆူဟာ တစ်ဆူနဲ့တစ်ဆူ အရွှယ်အစားအနည်းငယ်ပိုကြီးသည့်ပုံစံဖြင့်ထုလုပ်ပူဇော်ထားပြီး ခေတ်မှီသော ရိုးရာထိုင်းဗိသုကာလက်ရာများဖြင့် အသစ်ဆန်းဖြစ်စေသောဒီဇိုင်းဖြင့်တည်‌ ဆောက်ထားပါတယ်။

ဓလေ့ထုံးတမ်းတွင် မတည်ဆောက်ဖူးသောဒီဇိုင်းကို ကြာပန်းပွင့်ပုံသဏ္ဍာန်အထပ်ထပ်ဖြင့် အဆင့်ငါးဆင့်သတ်မှတ်ထားကာ ကြီးမာသောမှန်များဖွဲ့စည်းပြီး တစ်ထပ်ချင်းစီကို အလယ်ဗဟိုတွင် အဆင့်ဆင့်ချိတ်ဆက်ထားကြပါတယ်။

မြေမျက်နှာပြင်ကို ၅ သန်းကျော်သောပန်းချီမှန် အုပ်ကြွပ်များ၊ ကျောက်စရစ်များ၊ အိုးထည်အပိုင်းစများ၊ နှင့်တရုတ်ပစ္စည်းအစုံလိုက်တို့ဖြင့် ဖုံးလွှမ်းမွန်းမံထားပါတယ်။

ဘုရားရဲ့အတွင်းမှာရှိတဲ့ ဖန်ကျောက်စရစ် အလယ်၌ထိုင်ခြင်းဟာကံဇာတာနှင့် ကံကောင်းခြင်းများကိုယူဆောင်နိုင်တယ်ဟုဆိုလိုပါတယ်။

Wat Pha Sorn Kaew (Wat Pra Tat Pha Kaew သို့ Watpratarpharsornkaew ဟုလည်းလူသိများသောဘုရား) သည် ၂၀၀၄ ခုနှစ်တွင်အပြီးသတ်တည်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင်ဘုရားကျောင်း၏ရုပ်ထု လက်ရာများကို အဆင့်မြှင့်တင်ခဲ့ပါတယ်။

သမိုင်းတိုလေးတစ်လျောက်တွင်းမှာပဲ ထိုဝေးလံတဲ့တည်နေရာက ဘုရားကျောင်းဟာ ဗုဒ္ဓတရားကျင့်စဉ်တွေ အတွက် အဓိကနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။

Wat Pha Sorn Kaew သည်ထိုင်းနိုင်ငံမြောက်ပိုင်းရှိဝေးလံခေါင်သီသောတောင်ကုန်းများနှင့်မသက်ဆိုင်‌‌ လောက်အောင် ခံစား‌စေရသည့် အကြံဖြင့် Catalan ဗိသုကာပညာရှင် Antoni Gaudi ၏ လက်ရာပုံစံသည်တခြားဘယ်သူနဲ့မှမတူပဲ ကြည့်ရှူရသည်မှာ ရင်သပ် ရူမောဖွယ်‌ကောင်းပြီးရှူခင်းမှာအလွန်သာယာလှပပါတယ်။

သိုပေမဲ့ တောင်ပေါ်ကဘုရား ဟာ ရှေးဟောင်းရိုးရာဗုဒ္ဓ ရုပ်ပွားတော်များနှင့်အတူညီပင်ဖြစ်ပါတယ်။

Wat Pha Sorn Kaew သည် ၂၀၀၄ ခုနှစ်တွင်ပြီးစီးခဲ့သောလည်ပတ်လို့‌ ကောင်းသည့်‌ နေရာအသစ်တစ်ခုဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားများကိုဆွဲဆောင်နိုင်သောနေရာလည်း ဖြစ် ပါတယ်။

သို့ပေမဲ့ သွားရောက်လည်ပတ်ရန် အလွန်ခက်ခဲပါတယ်။ Bangkokမြို့ မြောက်ဘက် ၅ နာရီခန့်သွားပြီးလျှင် Phetchabun ဒေသရှိ Lom Sak နှင့် Phitsanulok မြို့ကြားတွင်တည်ရှိပါတယ်။

ယခုလက်ရှိကာလ တွင်ဗိမာန်တော်သို့ရောက်ရှိရန်တစ်ခုတည်းသောနည်းမှာ ကိုယ်ပိုင်ယာဉ်များဖြင့်သော်လည်းကောင်း ခရီးပို့ဆောင်ရေးဖြင့်သော်လည်းကောင်း သွားရောက်လည်ပတ်နိုင်ပါသည်။

နေ့စဥ်သတင်းနှင့်သုတရသအဖြာဖြာ

Be the first to comment

Leave a Reply

Your email address will not be published.


*