“အဖေ ခေါ်ခ ၆၀၀” တဲ့ လား.?

ရပ်ကွက်တစ်ခုမှာ.. ကိုထွန်းနဲ့မကြည်ပြာ ဆိုတဲ့ လင်မယား သားသမီး သုံးယောက်မွေးဖွားထားတယ် ပေါ့..။

ကိုထွန်းဟာ အရက်ကျေးကျွန်ဖြစ်သွားပြီ ။အရက်ကလွှဲလို့ .. သူ့ဘဝမှာ ဘာမှမရှိ၊ မကြည်ပြာကိုလဲ သူဂရုမစိုက်တော့ !သားသမီးသုံးယောက်ကိုလဲ..စိတ်မဝင်စားတော့..

သူသိတာက ..မကြည်ပြာဆီကရမဲ့ .. အရက်ဖိုးမနက် ၂၀၀ ။ နေ့လည် ၂၀၀ ။ ညနေ ၂၀၀ဒါပဲ.. သူ သိတော့တယ်။

မကြည်ပြာကတော့ .. ခေါင်း ရွက်ဗျတ်ထိုးဈေးသည်ဘဝနဲ့ မိသားစုကို ဦးဆောင်ပြီးကလေးတွေ စားစရိတ် ကျောင်းစရိတ် အပြင်ကိုထွန်းအတွက် အရက်ဖိုးကိုပါ နေ့စဉ် ပင်ပန်းကြီးစွာ ရှာဖွေနေရတယ်။

ဒါကို..မကြည်ပြာရဲ့ အစ်မ တွေ အဒေါ်တွေက မကျေနပ်ကြတော့ဘူး။ ဒါနဲ့ .. မကြည်ပြာကို ခေါ်ဆူကြတယ် ။

ညည်း ဒီလောက် ယောင်္ကျားရှားနေလား.?ညည်း ဒီလောက် ယောင်္ကျားအပေါ် ချစ်နေတာလား.?ညည်း ဒီလောက် အရှက်မဲ့နေရလား.?ဆွေမျိုးတွေပါ.. သိက္ခာကျရတယ်။

သူရှိနေလည်း..ကိုယ့်ဟာကိုယ်လုပ်စားနေရတယ် ။သူမရှိတော့ရင်လည်း.. ကိုယ့်ဟာကိုယ်လုပ်စားရမှာပဲလေ၊ဘာလို့ ..

ဒီလောက်သုံးမရတဲ့ အရက်သမားကို အရက်ဖိုးပေးရှာကျွေးပြီးနှိပ်စက်တာ ခံနေရတာလဲ.?

ညည်း.. သူနဲ့ မကွာသေးဘူးလား.?ဘာလား.. ညာလားပေါ့.?မကြည်ပြာက.. အဒေါ်တွေ။အစ်မ တွေပြောသမျှကို အေးဆေးစွာနားထောင်နေလိုက်တယ် ..

ပြီးမှ..အဒေါ်တို့ အစ်မတို့ ပြောတာ မှန်ပေမဲ့ကိုထွန်း ကို ကျွန်မ မကွဲနိူင်ပါဘူး။ယောင်္ကျားရှားလို့..

သူ့ကို ချစ်လွန်းလို့ ကျွန်မ ဒု က္ခတွေခံပြီး..သူနဲ့ ပေါင်းနေတာ.. မဟုတ်ပါဘူး..ကျွန်မမွေးထားတဲ့ ကလေးသုံးယောက်မှာ..သူများတွေနဲ့ တန်းတူ အဖေ လို့ခေါ်ခွင့်ရဖို့ သူ များကလေးတွေနဲ့တန်းတူ..

အဖေ လို့ ခေါ်လိုက်ရင် ” ဟေ ” လို့ ပြန်ထူးဖို့..သူ့ကို ကျွန်မ သားသမီးလေးတွေအတွက် အဖေ ခေါ်ခ.. ပေးနေတာပါ။

ကျွန်မ အရွယ်ရှိသေးတာ..နောက်အိမ်ထောင်ပြုလို့ရနိူင်တာကမှန်ပေမဲ့.. ကျွန်မ ကလေးတွေအတွက်..ပထွေး ကို ” အဖေ ” လို့ အခေါ်မခံနိူင်ပါဘူး။

ကိုထွန်းကိုပေးနေတာ..အရက်ဖိုးမဟုတ်ပါဘူး။ကျွန်မ..သားလေးတွေ သမီးလေးတွေအတွက်အဖေ ခေါ်ခ ပေးနေတာပါ။

အဒေါ်တွေ အစ်မ တွေမှာ..ခေါင်းငိုက်စိုက် ကျသွားပါတော့တယ် ။ မကြည်ပြာ.. မှန်လား / မှားလား.?(

ကျေးဇူးပြုပြီး..စာဖတ်သူရဲ့ သဘော ထားအမြင်လေး ရေးခဲ့ပေးပါ ။လွပ်လပ်စွာ အမြင် ကွဲပြားခွင့် ရှိပါတယ် )

Credit – အတိတ်ခေတ်