ကားတစ်စီးကို ကိုယ်တိုင်ပြုပြင်ထိန်းသိမ်းနိုင်ဖို့ လုပ်ဆောင်နိုင်တဲ့ အချက်(၁၀)ချက်

ကားတစ်စီးကို ကိုယ်တိုင်ထိန်းသိမ်းပြုပြင်မယ်ဆိုရင် ကိုယ်တိုင်လုပ်ဆောင်နိုင်တဲ့အချက်(၁၀) ချက် ကိုရွေးချယ် ဖော်ပြပေးလိုက်ပါတယ်။

၁။ အင်ဂျင်ဝိုင်ကို စစ်ဆေးလဲလှယ်ပါ။ အင်ဂျင်ဝိုင်နဲ့ Filter ကို ပုံမှန် စစ်ဆေးပြီး အသစ်လဲပေးတာက အင်ဂျင်သက်တမ်းကို ကြာရှည် စေပါတယ်။

၂။ တစ်နှစ် ကို တစ်ကြိမ် ရေတိုင်ကီနဲ့ အအေးပေး စနစ်ကို ဆေးကြောပေးပြီး coolant ကိုလည်း အသစ် လဲလှယ်ပေးပါ။

coolant နဲ့ ပေါင်းခံရေကို အချိုးတူ ရောစပ်အသုံးပြုတာက အအေးပေးစနစ်ကို ကောင်းမွန်စေပြီး ရေတိုင်ကီနဲ့ ပိုက်လိုင်းတွေထဲမှာ အနည်ထိုင် ပျက်စီးတာကို ကာကွယ် ထားနိုင်ပါတယ်။

၃။ ဂီယာဆီတွေကိုလည်း လဲလှယ်ပေးပါ။ မကြာခဏ လဲပေးဖို့ မလိုပေမယ့် သတ်မှတ်ချိန် တစ်ခုထားပြီး လဲပေးရင် အကောင်းဆုံး ဖြစ်ပါတယ်။

ဆီတွေ လဲတဲ့ အခါမှာလည်း အမြဲတမ်း သတ်မှတ်ထားတဲ့ အမျိုးအစား ကိုပဲ အသုံးပြုပါ။

၄။ သန့်စင် ဆေးကြောပေးပါ။ ကားရဲ့အပြင်ဖက်ကို ဆေးကြောတာကိုတော့ ပြောစရာ မလိုလောက်ပါဘူး။

ဒါပေမယ့် အောက်ဖက်တွေ ကိုလည်း သန့်စင် ဆေးကြောပေးဖို့ လိုအပ် ပါတယ်။ အညစ်အကြေး တွေကို ရေအား ကောင်းကောင်းနဲ့ ထိုးပြီး ဆေးကြောပေးတာ အကောင်းဆုံး ဖြစ်ပါတယ်။

၅။ လှုပ်ရှား လည်ပတ်နေတဲ့ အရာအားလုံးမှာ အမဲဆီ လိုအပ်တယ် ဆိုတာ မမေ့ပါနဲ့။ အမဲဆီ သေချာ မထိုးထားဘူး ဆိုရင် ဘောတွေ ဂျွိုင်းတွေက ကြာရှည် ခံမှာ မဟုတ်ပါဘူး။

၆။ အရောင်တင်ဆီ အသုံးပြုပါ။ အရည်အသွေး ကောင်းမွန်တဲ့ အရောင်တင်ဆီတွေက သင့်ရဲ့ကားဆေးရောင်ကို သစ်လွင် လှပနေစေပြီး အရောင် မလွင့်အောင် ကာကွယ်ပေးနိုင်ပါတယ်။

အနည်းဆုံး (၆)လ တစ်ကြိမ် လောက်တော့ အရောင်တင်ပေးဖို့ လိုပါတယ်။

၇။ ယူဂျိုင်း(U-Joints) တွေလိုမျိုး Driveline components တွေကလည်း ပုံမှန် ဆီထိုးပေးဖို့ လိုအပ်ပါတယ်။

၈။ အတွင်းပိုင်းကိုလည်း ကာကွယ်ပါ။ ပါကင်ထိုး ရပ်နားရင် အရိပ်ထဲမှာ ရပ်ပါ။ ပြတင်းမှန်တွေမှာ နေကာပြားတွေ တပ်ဆင်ထားပါ။

ဒါမှ ကားအတွင်းပိုင်းက ပလတ်စတစ်တွေနဲ့ ဗီနိုင်းသားတွေ ခြောက်သွေ့ ပျက်စီးတာကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

၉။ ကားဘီးတွေမှာ ရှိတဲ့ ဆုံတွေ ခွက်တွေကို စစ်ဆေး သန့်ရှင်းပေးဖို့လည်း လိုပါတယ်။

ကားဘီးရဲ့ bearing တွေနဲ့ လိုအပ်တဲ့ အမဲဆီ လဲလှယ်ပေးတာက ဘီးအုံလိုက်ဖြုတ်လဲရတာနဲ့ ယှဉ်ရင် ကုန်ကျစရိတ် သက်သာပါတယ်။

၁၀။ ဘရိတ်ဆီ က အစိုဓာတ်ကို စုပ်ယူနိုင်ပါတယ်။ အစိုဓာတ်များခြင်းကြောင့် အစိတ်အပိုင်းတွေ သံချေးတက် ပျက်စီးနိုင်ပါတယ်။

ဒါ့ကြောင့် ဘရိတ်ဆီ လဲလှယ်ပေးပြီး ဘရိတ်စနစ်ရဲ့အစိတ်အပိုင်းတွေကို တစ်နှစ် တစ်ခါလောက် စစ်ဆေးပေးဖို့ လိုပါတယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website