အသဲတစ်ခု ခွဲပေးလိုက်ရသလို ခံစားရတယ်လို့ ရင်ဖွင့်လာတဲ့ အိမ့်ချစ်ရဲ့ ဖခင်ဖြစ်သူ အဆိုတော် ချစ်ကောင်း

  • ယခု သတင်းသည် နေ့စဥ်သတင်းနှင့်သုတရသအဖြာဖြာ Page မှ ရေးသားထားသော သတင်း ဖြစ်သည်။

ဒီနေ့ ၆.၆.၂၀၂၀ မနက်ပိုင်းမှာ တော့ တစ်ချိန်က နာမည်ကျော် အဆိုတော်ကြီး ဦးချစ်ကောင်း ရဲ့ သမီးဖြစ်သူ အဆိုတော် အိမ့်ချစ်ဟာ သူမချစ်ရတဲ့ ချစ်သူနဲ့ လက်မှတ်ရေးထိုးပြီး တရားဝင် လက်ထပ်လိုက်ပြီ ဖြစ်ပါတယ်

ချစ်စရာ ကောင်းလှတဲ့ အိမ့်ချစ်တို့ ဇနီးမောင်နှံဦးရဲ့ ပုံရိပ်တွေလူမှုကွန်ယက်ပေါ်ကို တက်လာချိန်မှာတော့ ပရိတ်သတ်တွေက ပျော်ရွှင်နေကြပြီး အရမ်းလိုက်ဖက်တဲ့ စုံတွဲ နှစ်ဦး လို့ ပြောဆိုခဲ့ကြပါတယ်

အဆိုတော် အိမ်ချစ်ရဲ့ မဂ်လာ သတင်းနဲ့ ပတ်သတ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းကို မေးမြန်ကြည့်ရာမှာတော့ ဦးချစ်ကောင်းက………..

တစ်သက်လုံး ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် နဲ့ မိသားစု ဘဝလေး ရမယ်လို့ မျှော်လင့်တယ်… မျှော်လင့်ထားတဲ့ အတိုင်းလည်း ဖြစ်မယ်လို့ ယုံကြည်တယ် ….

အသည်း တစ်ခုတော့ ခွဲပေးလိုက်ရတာပေါ့…. ဒါပေမယ့် ဒါက ဓမ္မတာပါ ကိုယ်တွေလည်း ကိုယ့်မိဘ အရိပ်အာဝါသ အောက်ကနေ ဒီလိုပဲ ခွဲထွက်ခဲ့တာပဲလေ…. တစ်ချိန်မှာ ဒါက မလွဲမသွေကြုံရမှာပါ…..

အဲ့တော့ အဲ့ဒါကြီးကို အရမ်းကြီး ခံစားနေတော့လည်း သူတို့စိတ်ညစ်မှာ ….. အဲ့တော့ ပျော်ပဲပျော်လိုက်တော့တယ်…

သမက် ဖြစ်သူကလည်း လူတော်လေးပါ လူကောင်းလေးပါ သမီး အားကိုးရမယ့် ခင်ပွန်းကောင်း ဖြစ်မယ်လို့ ယုံတယ် ” ဆိုပြီး ဆယ်လီကမ္ဘာ မီဒီယာ ရဲ့ အင်တာဗျုး တစ်ခုမှာ ဖြေဆို သွားခဲ့ပါတယ်

အဆိုတော် အိမ့်ချစ်ရဲ့ ပရိတ်သတ်တွေကလည်း ဦးချစ်ကောင်းရဲ့ သမီးဖြစ်သူအပေါ်ထားတဲ့ ဖခင်မေတ္တာကိုလည်း ခံစားမိကြမယ်လို့ ထင်ပါတယ်….

အိမ့်ချစ်တို့ ဇနီးမောင်နှံ နှစ်ဦးလည်း ဦးချစ်ကောင်း မျှော်လင့်သလို ပျော်ပျော်ရွှင်ရွှင် နဲ့ မိသားစုဘဝကို ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်….

နေ့စဥ်သတင်းနှင့်သုတရသအဖြာဖြာ

Be the first to comment

Leave a Reply

Your email address will not be published.


*