
သီးပင်စားပင်တွေအတွက် အကောင်းဆုံး သဘာဝ ဓါတ်မြေသြဇာ ကြက်သွန်နီအခွံ ဆေးရည်..
ယခုနောက်ပိုင်းမှာ အားလုံးကဓာတုပစ္စည်းရဲ့ အန္တရာယ်ကိုသိလာကြတဲ့အပြင် ကြီးမြင့်လှသည့်၊
ဓာတ်မြေဩဇာကုန်စျေးနှုန်းကို လျော့ချနိုင်ဖို့ရန်အတွက် ကြက်သွန်နီခွံနဲ့ပြုလုပ်တဲ့ သဘာဝမြေဩဇာလေးကို ဖော်ပြပေးပါမယ်။
အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ ကြက်သွန်နီခွံက အိမ်တိုင်းရဲ့ မီးဖိုချောင်မှာမရှိမဖြစ်တဲ့ စားသုံးကုန်မှစွန့်ပစ်ပစ္စည်း ဖြစ်တဲ့အတွက် အိမ်တိုင်းအလွယ်တစ်ကူ ပြုလုပ်အသုံးပြုနိုင်ပါတယ်။
ကြက်သွန်နီ အခွံမှာ ကယ်လစီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ အိုင်ရွန်း၊ ကော့ပါး စတဲ့ အပင်အတွက် လိုအပ်တဲ့အဟာရဓါတ်များစွာ ပါဝင်တဲ့အပြင် ကြက်သွန်နီ အခွံအနံ့ကြောင့် ပိုးတွေကိုလည်း မလာအောင် တားဆီးပေးစေပါတယ်။
ကြက်သွန်နီအခွံ ဆေးရည် ပြုလုပ်နည်းကတော့..
ကြက်သွန်နီ အခွံခြောက် ၅ ကျပ်သားနဲ့ ရေ ၁ လီတာကို ဘူးလွတ်တစ်ခုထဲ ထည့်၍ ၂၄ နာရီထားပါ။
နောက်ထပ် ရေ ၁ လီတာ ထပ်ရော၍ နှံ့အောင်မွှေပြီး အရည်စစ် အရည်ညှစ်ယူပါ။
ကြက်သွန်နီခွံ အားဆေးရည်ကို အပင်များသို့ တိုက်ရိုက် ပက်ဖျန်း၍ အသုံးပြုနိုင်ပါတယ်။
ကျန်ရှိသော ကြက်သွန်နီခွံ အားဆေးအနည်အနှစ်များကို မြေကြီးဖြင့်ရော၍ အပင်ခြေတွင် အစာအဖြစ်ကျွေးနိုင်ပါတယ်။
ကြက်သွန်နီခွံကိုအသားမကပ်နေတဲ့ အခွံချည်းပဲဖြစ်အောင်ဂရုပြုပေးပါ။
အားလုံးပဲ သဘာဝမြေဩဇာလေးသုံးကာ ကုန်ကျစရိတ်ချွေတာနိုင်ပြီး စိုက်ပျိုးရေးအောင်မြင်ကြပါစေနော်။
မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo – Google and Others