မိဘနှစ်ပါး ကို ရန်မူပြီး ရဲတွေနဲ့အပြန်အလှန် ဖြစ်ခဲ့တဲ့ မကွေးကဖြစ်စဥ်

  • ယခု သတင်းကို ( ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း ) စာမျက်နှာ မှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်

၆.၆.၂၀၂၀ မကွေးမြို့နယ်၊ ကြိုးကြာကန်ရွာ သို့ ဆေးရုံဆင်းလူနာပို့ရင်း….လူနာအိမ်ရောက်ခါနီး ပေ ၂၀၀ ဝန်းကျင်ခန့်အကွာလောက် အရောက်တွင်…လူနာ၏ သားဖြစ်သူမှ ဓားကိုင်ကာကျွန်တော်တို့ လူနာတင်ယာဉ်အနားကိုရောက်လာပြီး…ယာဉ်ပေါ်ပါလာသူမှန်သမျှကို …ဓားနဲ့ထိုးပါတယ်…

ပထမ.. ဦးလေးဖြစ်သူ ရန်မူပါတယ် ပြီးတော့…..ဒုတိယ.. ယာဉ်မောင်းအကူ…..တတိယ.. မိခင်ဖြစ်သူနှင့် သူ့ရဲ့ သမီး

စတုတ္တ.. ယာဉ်မောင်း ကိုပါ ဓားနှစ်ချောင်းနဲ့ လိုက်ထိုး နေလို့ အားလုံးပဲ မနည်းအသက်လုပြီး ပြေးခဲ့ရပါတယ်…

ဖခင်ဖြစ်သူ လူနာမှာ…ကံကောင်းချင်တော့ ကားတံခါးက lock ကျနေပြီးဖွင့်မရသဖြင့် အသက်ဘေးလွှတ်မြောက်သော်လည်း…ရောင်စုံမေတ္တာ အသင်းကားမှာ…ဘေးမှန်(ရှေ့၊နောက်)၊ နောက်မှန်၊ ရှေ့ဘန်ဘာ၊ရှေ့ထိုင်ခုံ၊ ဘယ်ခြမ်းကားတာယာ (ရှေ့၊နောက် ၂ လုံး )အားလုံး…ဓားနဲ့ထိုးပြီး ဖျက်စီးခံခဲရပါတယ်….

ဖြစ်ဖြစ်ချင်း ညောင်ကန်ရဲစခန်းကို ဖုန်းဆက်အကူညီ တောင်း…ဆက်လက်ပြီး တိုင်းရဲမှူးကြီးဆီ ဖုန်းဆက်အကူညီတောင်း၊ ဆက်လက်ပြီး အမှတ် ၁ စခန်းကို ဆက်လက်အကူညီတောင်းခံခဲ့ရပြီး….မကွေးမြို့နယ်မှူး ဦးမြင့်လွင်နှင့်အတူ ၊ညောင်ကန် ရဲစခန်းမှူးနှင့်ရဲတပ်သားများရောက်ရှိလာပြီး…

တရားခံမှာ..ချွန်ထက်သော တုတ်၊ ဓားများကိုင်ဆောင်ထားကာ..အားလုံးကိုပြန်လည်ခုခံနေပြီး၊ သမီးဖြစ်သူ ၅ နှစ်သမီးလေးကိုလည်း နောက်ကျောတွင် ပိုးထားသဖြင့်…ဝင်ရောက်ဖမ်းဆီးဖို့ရန် တော်တော်လေး အချိန်ပေးခဲ့ရပါတယ်…

အဖမ်းခံဖို့ စိတ်ရှည်ရှည်မေတ္တာရပ်ခံခဲ့ရခြင်း၊ သေနတ်ဖြင့် ပစ်ခတ် ခြိမ်းခြောက်ခဲ့ရခြင်း၊ နောက်ဆုံးတွင် တရားခံနောက်ကျောတွင် ပိုးထားသော သမီးလေးအား အနုနည်းသုံးပြီး ရအောင်ခေါ်ယူကာ…တရားခံအား ဝင်ရောက်လုံးထွေးဖမ်းဆီးခဲ့ရပါတယ်

တရားခံမှ အနီးရှိအရာဝတ္ထုများဖြင့် ခုခံခဲ့သဖြင့် .မြို့နယ်မှူး၊ စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပါတယ်…

အနီးကပ်ညွှန်ကြားပြီး..ကိုယ်တိုင်ကိုယ်ကျ လာရောက်ကူညီပေးပါသော…မြို့နယ်မှူး ဦးမြင့်လွင်နှင့်အတူ ညောင်ကန် ရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များကျေးဇူးတင်ရှိပါတယ်ခင်ဗျာ…

* လူငယ်တွေဆိုတော့…စိတ်ဒဏ်ရာရရှိခဲ့တာအမှန်ပါ* ..ဒါပေမယ့် ကိုယ့်ကိုယ်လိုက်သတ်နေတဲ့လူတစ်ယောက်ကို…ကိုယ်ကိုယ်တိုင် ပတ်တီးစည်းပြီး ..လိုအပ်သော ပြုစုမှုများပြုလုပ်၍ မေတ္တာတရားထားကာ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသို့ အသင်းကား No.2 ဖြင့် ကူညီပို့ဆောင်ပေးခဲ့ပါသည်….

ဆေးရုံဆင်း လူနာကိုလည်း…နေအိမ်ပေါ်ထိရောက်အောင် ကျွန်တော်တို့ ညီအကိုအားလုံး… အစ၊အဆုံး ကူညီပေးခဲ့ပါတယ်…

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ …. မကွေးတိုင်းဒေသကြီး၊မကွေးမြို့
ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း …. 09 265 488 244

Be the first to comment

Leave a Reply

Your email address will not be published.


*