လူနာတင်ကားတွေမှာ “Ambulance” ဆိုတဲ့ စာလုံးကို ပြောင်းပြန်ရေးခြင်းရဲ့ အဓိပ္ပါယ်

လူတိုင်းမေးဖူး ကြမှာပါ.. ဘာလို့ လူနာတင်ကားမှာ Ambulance ဆိုတဲ့ စာလုံးကို ပြောင်းပြန် ရေးထားလဲ ဆိုတာ..

ကျနော် ငယ်ငယ်က သိပ်သိချင်ခဲ့တယ်။ ဒီလိုနဲ့ လူကြီးတွေကို လိုက်မေးရင်း မေးရင်းနဲ့ နောက်တော့ သိသွားတယ်။

လူနာတင်ကားမှာ ပြောင်းပြန် ဖြစ်နေတဲ့ Ambulance ဆိုတဲ့ စာလုံးက သိပ်ကို အဓိပ္ပါယ်ရှိပြီး အရေးပါ ပါတယ်။

Ambulance ကားရဲ့ အသက်ပေါ့ကွာ။ ဘဝမှာ လူတွေနဲ့ ထိတွေ့ ဆက်ဆံတဲ့ အခါမှာလည်း ဒီအချက်က သိပ်ကို အရေးကြီးပါတယ်။

တချို့ကိစွတွေမှာ ကိုယ်ဖြစ်ချင်တာထက် ကြည့်ကောင်းနေဖို့ထက် သူများတွေ အဆင်ပြေဖို့ ကိုယ်လုပ်နေကျ၊ တွေးနေကျ၊ ပြောနေကျအရာတွေနဲ့ ဆန့်ကျင့်ဖက်တွေ လုပ်တတ်ဖို့လိုတယ်။

ကိုယ့်ရဲ့ စစ်မှန်တဲ့ ဖြစ်တည်မှုကို ဖုံးကွယ်ပြီး ဟန်ဆောင်ပါလို့ ဆိုလိုတာ မဟုတ်ပါဘူး။

ကိုယ့်အတွက် အဆင်မပြေရင်တောင် သူများနားလည်ဖို့ အဆင်ပြေဖို့ ကိုယ့်ရဲ့ အဆင်မပြေခြင်းကို သီးခံတတ်ရမယ်လို့ ဆိုလိုတာပါ။ ဒါမှ ခရီးရောက်မှာပါ။

Ambulance ကားတွေဟာ အရေးပေါ်လူနာတင်ပြီး ရှူပ်ထွေးတဲ့ လမ်းမပေါ်မှာ ပြေးလွှာပြီး လူနာအသက်ကို ကယ်ရတာပါ။

အဲလိုအခြေနေမျိုးမှာ သူလာနေပြီဆိုတာ အသိပေးတဲ့ အနေနဲ့ အသံပေးပါတယ်။

ဒီအသံ တစ်ခုတည်းက သူ့ပန်းတိုင် ခရီးရောက်ဖို့ မကူညီ ပေးနိုင်ပါဘူး။

ဘာကြောင့်လည်း ဆိုတော့ ကားတွေအရမ်းများပြီး ဆူညံနေတဲ့ အခါမျိုးမှာ အသံပဲကြားပြီး ဘယ်အရပ်က လာနေမှန်း မသိတော့ တခြားကားတွေက လမ်းဖယ် ပေးဖို့ မဖြစ်နိုင်ပါဘူး။

ကားသမားတွေက ရှုပ်ထွေးနေတဲ့ လမ်းမပေါ်မှာ အရပ်လေးမျက်နာကို မြင်နိုင်တဲ့ အခြေအနေမရှိပါဘူး။

ဒီတော့ နောက်က လာတဲ့ Ambulance ကားက သူ့ရဲ့ ပြောင်းပြန်ရေးထားတဲ့ စာလုံးကြောင့် ရှေ့မှာသွားနေတဲ့ ကားတွေရဲ့ နောက်ကြည့်မှန်မှာ အတည့်၊ အမှန်တိုင်း သွားပေါ်ပါတယ်။

ဒီတော့ ကားသမားတွေက Ambulance ဆိုတာ သိတော့ လမ်းရှင်းပေးလို့ရတာပေါ့။ တခါတရံ သူငါ့ကို နားလည်မှာပါလို့ ယူဆလို့ မရပါဘူး။

ဘာလို့လဲဆိုတော့ သူက သင်နဲ့ မတူတဲ့ ရှုထောင့်ကနေပြီး ကြည့်နေတယ် တွေးနေတယ် ဆိုတာကို သိဖို့လိုပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google and Others