ကံဇာတာမြင့်စေသော အလှူခုနှစ်မျိုး

အခါတစ်ပါး၌ သူဆင်းရဲတစ်ယောက်သည် ဘုရားရှင်အား “ဘုန်းတော်ကြီးသောမြတ်စွာဘုရား၊ တပည့်တော်သည် လူမှုရေး၌လည်းကောင်၊

စီးပွားရေး၌လည်းကောင်း၊ မိသားစုအရေး၌လည်းကောင်း ဘာလုပ်လုပ်အဆင်မပြေဖြစ်ကာ ကံနိမ့်နေပါတယ်ဘုရား။

အဘယ်အကြောင်းကြောင့် ဤသိုကံနိမ့်နေရပါသလဲဘုရား” ဟုမေးလျှောက်လေ၏။“ချစ်သားသည်၊ မပေးမလှူလို့ အခုလိုဘာလုပ်လုပ်အဆင်မပြေ ဖြစ်နေရခြင်းဖြစ်ပေတယ်”

တပည့်တော်က ဆင်းရဲနွမ်းပါးသူတစ်ယောက်ပါဘုရား။ “သူဆင်းရဲတွေလည်းလှူနိုင်တဲ့ အလှူရှိပါတယ်ချစ်သား” ဟောကြားပေးတော်မူပါဘုရား။

“နားထောင်လော့ချစ်သား၊ ချမ်းသာသူသာမက သူဆင်းရဲများပါလှူနိုင်တဲ့ အလှူခုနစ်မျိုးရှိပေသည်”

(၁)မျက်နှာဟန်အမူအရာဖြင့် အလှူဒါနပြုခြင်း၊ အပြုံးဖြင့်ဖော်ရွေစွာဆက်ဆံပါ။

(၂)နှုတ်ဖြင့်အလှူ ဒါနပြုခြင်း၊ အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ ညှာတာစကား၊ နွေးထွေးသောစကားများပြောဆိုပါ။

(၃)စိတ်ဖြင့်အလှူဒါနပြုခြင်း၊ စိတ်တံခါးကိုဖွင့်၍ ဖြူစင်သောစိတ်ထားဖြင့် သူတစ်ပါးကိုပွင့်လင်း ရိုးသားစွာဆက်ဆံပါ။

(၄)အမြင်ဖြင့် အလှူဒါနပြုခြင်း၊ ကောင်းသောစေတနာ ကောင်းသောအမြင်ဖြင့် သူတပါး၏ကောင်းကွက်များကိုကြည့်ပေးပါ။

(၅)ကာယလုပ်အားဖြင့် အလှူဒါနပြုခြင်း၊ ကိုယ်နိုင်နင်းသောလုပ်ဆောင်ပေးမှုဖြင့် သူတစ်ပါးကိုကူညီပါ။

(၆)နေရာထိုင်ခင်း အလှူဒါနပြုခြင်း၊ လှေစီး၊ကားစီးသည့်အခါ မိမိထိုင်ခုံနေရာကို အိုမင်းမစွမ်းသူ၊ ကိုယ်ဝန်ရှိသူနှင့် ကလေးငယ်တို့အား မိမိ၏ထိုင်ခုံနေရာကိုထိုင်စေပါ။

(၇)နေအိမ်အလှူဒါနပြုခြင်း၊ မိမိ၏အိမ်နေရာကို သူတပါးတို့ အနားယူရန်ပေးကမ်းပါ။

“ထိုသို့လှူသောအကျင့်ကောင်းရှိသူ၏နောက်သို့ အောင်မြင်ခြင်းသည် ထပ်ကြပ်မကွာလိုက်လာလိမ့်မည်ဟုဟောကြားတော်မူခဲ့လေသတည်း။

ပြုံးရွှင်သောမျက်နှာ၊ ချိုသာသောစကား၊ ဖြူစင်သောစိတ်ထား၊ ကောင်းကွက်ကိုကြည့်ပေးခြင်း၊ ကာယဖြင့်ကူညီခြင်း၊

ကြုံလျှင်မိမိထိုင်ခုံနေရာပေးခြင်း၊ မိမိအိမ်၌ခေတ္တ တည်းခိုခွင့်ပေးခြင်းပြုလျှင် များမကြာမီကံဇာတာမြင့်တက်လာပါမည်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website