တင်းတင်းရင်းရင်းနဲ့မျက်နှာလေးကို ပိုင်ဆိုင်ဖိုငွေကြေးအများကြီး ကုန်စရာမလိုပါဘူးနော်

တင်းတင်းရင်းရင်းနဲ့မျက်နှာလေးကို ပိုင်ဆိုင်ဖိုငွေကြေးအများကြီး ကုန်စရာမလိုပါဘူးနော်…

မျက်နှာလေးတင်းရင်းပြီး လှပ နေဖို့မဖြစ်နိုင်ဘူးထင်ပါသလား? တကယ်တော့ရိုးရှင်းကောင်းမွန်တဲ့နည်းလမ်းလေးတွေက သင့် ကို ကြိုဆိုနေတာမ သိသေးလို့ပါ။

နောက်တစ်ခုက မိန်းကလေးတော်တော်များများထင်နေတာက မျက်နှာအတွက်အေ ကာင်းစား Cosmetic တွေသုံးမှအဆင်ပြေမယ်ထင်ကြတာပါ။

တကယ်တော့ အလှပ ရေးရာဆိုတာ ကိုယ့်ရဲ့လက်တစ်ကမ်းမှာပဲရှိတဲ့အရာပါ။

ငွေသိပ်ကုန်စရာမလိုပဲ မီးဖိုချောင်းပစ္စည်းလေးတွေနဲ့လည်း သင့်မျက်နှာကိုတင်းရင်းလှပ စေတယ်ဆိုရင်ကော မသိချင်ကြဘူးလားမျက်နှာပေါင်းတင်ဖို့သီးသန့်Mask မရှိလည်းဒါမျိုးလေးတွေနဲ့ပေါင်းတင်လို့ရတယ်ဆိုတာသိရှိစေဖို့ အနည်းငယ် ဝေမျှပေးလိုက်ပါတယ်နော်။

Tomato + Baking Soda

ခရမ်းချဉ်သီးကို အရည်ပျစ်ပျစ်လေးဖြစ်အောင်ချေလိုက်ပြီး အဲ့အနှစ်နဲ့မုန့်ဖုတ်ဆိုတာ နဲ့ကိုရောနယ်ကာ မျက်နှာတစ်ပြင်လိမ်းပြီး ၁၀မိနစ်ခန့်ရေမဆေးသေးပဲထားပါ။

၁၀မိနစ်ကြာပြီးနောက်မှာ ရေဖွားဖွားပါအောင်လောင်းပြီးဆေးကြောခြင်းဖြင့် မျက်နှာပေါင်းတင်ထားသလို အသားရည်လေးတင်းပြီး ကြည်လင်လာပါလိမ့်မယ်။

Avocado + Honey

ပျားရည်နဲ့ထောပတ်သီးအနှစ်ကိုရောမွှေပြီး မျက်နှာအနှံ့ကိုသုတ်လိမ်းပါ ၁၅ မိနစ်လောက်ကြာအောင်ထားပြီး ရေဆေးချပါ။

ဒီနည်းဟာလည်းမျက်နှာအသားရည်ကိုကြည်လင်အေးမြစေတဲ့ပေါင်းတင်နည်းပါပဲ။

Lemon Juice + Papaya

လီမွန်သီးကိုအရည်ဖျော်ပြီး သဘောၤသီးရဲ့အနှစ်ရည်နဲ့ရော ကာ မျက်နှာပေါ် မိနစ် ၁၀မိနစ် (သို့) ၁၂ မိနစ်လောက်ထိထားပါ။ ပြီးတဲ့ခါမှ ရေအေးနဲ့မျက်နှာတစ်ပြင်ကို ဆေးကြောသင့်ပါတယ်။

Green Tea + Aloe Vera

လက်ဖက်စိမ်း အရည်နဲ့ရှားစောင်းလက်ပတ်အနှစ်ကိုရောပြီး မျက်နှာပေါ်မှာ မိနစ်၃၀ခန့်သုတ်လိမ်းပေးပါ။

Egg White + Cucumber

ကြက်ဥအကာနဲ့သခွားသီးကိုအရည်ဖျော်ထာတဲ့အနှစ်ကိုတွဲပြီးလိမ်းပေးပါ။ ၁၅မိနစ်လောက်ကြာအောင်ထားပြီး ရေအေးအေးလေးနေဲ့ဆေးချပေးပါ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google and Others