ကမ္ဘာ့အစပ်ဆုံး ခေါက်ဆွဲစားမိလို့ အကြားအာရုံ ဆုံးရှုံးသွားရသူ

ဘန်တန်းလို့ အမည်ရှိတဲ့ အမျိုးသားတစ်ဦးဟာ ထူးခြားတဲ့ အစားအစာတွေကို မြည်စမ်းစားပြတဲ့ ဗီဒီယိုတွေရိုက်ကူးပြီး Youtube မှာ တင်လေ့ ရှိသူတစ်ဦးပါ ။

သူဟာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို.က Warung Abang Adek စားသောက်ဆိုင်မှာ ရောင်းချနေတဲ့ ကမ္ဘာ့အစပ်ဆုံးသော ခေါက်ဆွဲကို စားသောက်ပြခဲ့ပါတယ် ။

ဒီခေါက်ဆွဲဟာအလွန်စပ်ပြီး သေလောက်အောင် စပ်တယ်လို့ဆိုကြတဲ့ ခေါက်ဆွဲဖြစ်ပြီး ခေါက်ဆွဲတစ်ပွဲမှာ ငရုတ်သီးထောင့်အနည်းဆုံး ၁၀၀ လောက် ပါဝင်တယ်လို့ သိရပါတယ်။

ကမ္ဘာ့အစပ်ဆုံး ခေါက်ဆွဲလို့ သူက ညွှန်းဆိုပြောကြား သွားပြီး သူက ခေါက်ဆွဲစားနေရင်း အစပ်လွန်ကာ ဘာသံမှ မကြားရတော့ဘူးလို့ ဆိုပါတယ်။

ဒါဟာ အမှန်ပဲလား သူ့အနေနဲ့ ပိုပိုသာသာ ပြောတာလား ဆိုတာကတော့ မသေချာပါဘူး ။

သေချာတာကတော့ သူ့ရဲ.အသံဆုံးရှုံးမှုဟာ ခေတ္တခဏသာဖြစ်ပြီး လုံးဝဆုံးရှုံးသွားတာမျိုးတော့ မဟုတ်ပါဘူး။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website