ရုတ်တရက်ကျယ်လောင်တဲ့ အသံကြီးကြားလို့ အိမ်နောက်ဖေးကို သွားကြည့်တဲ့အခါ…

ရုတ်တရက် သင့်အိမ်ထဲကို ဧရာမသတ္တဝါကြီး တစ်ကောင်က ဝင်ရောက်လာခဲ့ရင် ဘယ်လိုခံစားရမလဲ။

တရုတ်နိုင်ငံက မိသားစု တစ်စုဟာ အိမ်နောက်ဖေးကနေ ကျယ်လောက်တဲ့ အသံကို ကြားလို့ သွားကြည့်ရာမှ မထင်မှတ်ထားတဲ့ မြင်ကွင်းတစ်ခုကို မြင်လိုက်ရပါတယ်။

ဆာဆာလောင်လောင်နဲ့ နံရံကို ဖောက်ထွင်းပြီး မီးဖိုချောင်ထဲကို ဝင်ရောက်လာတဲ့ တောရိုင်းဆင်ကြီး ဖြစ်ပါတယ်။

အစပိုင်းက တော့ အိမ်ရှင်တွေက ငလျှင်လှုပ်တယ်လို့ပဲ ထင်ခဲ့ကြတာပါ။

တကယ်တမ်းမှာတော့ မီးဖိုခန်း နံရံကြီးကို ဦးခေါင်းနဲ့ ခွင်းပြီး အစာလာရှာတဲ့ ဆင်ရိုင်းကြီးရဲ့ အဖြစ်က သနားစရာကောင်းလှပါတယ်။

အိမ်ရှင်တွေကလည်း အဆိုပါအဖြစ်အပျက်ကို ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ်တင်ခဲ့ကြပါတယ်။

Writer – WPO