ဖောက်ပြန်တတ်တဲ့ သူတွေမှာ တွေ့ရတတ်တဲ့ အကျင့်စရိုက် (၅)မျိုး …

ဖောက်ပြန်တတ်တဲ့ သူတွေမှာ တွေ့ရတတ်တဲ့ အကျင့်စရိုက် (၅)မျိုး …

လူတစ်ယောက်ဟာ သစ္စာရှိမယ့်သူလား၊ သစ္စာမရှိ လိမ်ညာတတ်တဲ့ သူလားဆိုတာ

သူ့ရဲ့ အပြု အမူ၊ အပြောအဆိုတွေကို ကြည့်ရုံနဲ့ ခန့်မှန်းလို့ ရပါတယ်။

သစ္စာမရှိတဲ့သူအများစုမှာ အခုလို လက္ခဏာတွေကို သိသိသာသာတွေ့မြင်နိုင် ပါတယ်။

(၁)ကိုယ့်ဖို့ပဲကြည့်တတ်တဲ့အတ္တသမားဖြစ်နေခြင်း – သစ္စာမရှိတဲ့သူအများစုဟာ ကိုယ်တစ်ယောက်အတွက် ပဲကြည့်တတ်ပြီး
သူများဘက်ကို လုံးဝထည့်မစဉ်းစားတတ်တဲ့အတ္တကြီး သူတွေဖြစ်ပါတယ်။

ကိုယ့်ဖို့ပဲကြည့်လွန်းပြီး သူများဘက် ကိုမကြည့်ပေး ၊မတွေးပေး တတ်တော့ သစ္စာဖောက်ဖို့လည်း ဝန်မလေးတော့ ပါဘူး။

(၂) ကိုယ့်ချစ်သူ၊ လက်တွဲဖော်ကို မလေးစားတတ်ခြင်း – ချစ်သူတွေ၊ လက်တွဲဖော်တွေအချင်းချင်အပြန်အလှန်လေးစား တတ်ဖို့ကလည်း အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ပါတယ်။

ချစ်သူ၊ အိမ် ထောင်ဖက်ကို မလေ းစားတဲ့သူတွေဟာ သစ္စာဖောက်ဖို့ဝန်မလေးသူတွေဖြစ်ပါတယ်။

(၃) လျှို့ဝှက်ချက်တွေများလွန်းခြင်း – လက်တွဲ ဖော်တွေဟာတစ် ယောက်နဲ့တစ်ယောက်လျှို့ဝှက်ချက်တွေထားလွန်းတာဟာ မကောင်းတဲ့အကျိုးဆက်ကိုပဲဖြစ်စေပါတယ်။

ကိုယ်ပိုင်လွတ်
လပ်ခွင့်အရ မဖြစ်မနေလျှို့ဝှက်ထားတဲ့အရာတချို့ကလွဲပြီးမိသားစုနဲ့ပတ်သက်တာနှစ်ယောက်လုံးနဲ့ပတ်သက်တာတွေကို အချင်းချင်းပွင့်လင်းဖို့လိုပါတယ်။

စိတ်ပညာရှင်တွေရဲ့သုတေသနတွေအရ လျှို့ဝှက်ချက်တွေများလွန်းတဲ့သူတွေဟာဖောက်ပြန်သူဖြစ်ဖို့အခွင့်အလမ်းများတဲ့သူတွေ ဖြစ်တယ် ဆိုတာ သိနိုင်ပါတယ်။

(၄) သဝန်ကြောင်လွန်းခြင်း – ချစ်သူအပေါ်သဝန်တိုတာကတော့ လူတိုင်းလိုလိုပါပဲ။

ဒါပမေယ့ျ လိုအပျတာထကျပိုပွီး သဝနျကွောငျတဲ့အဆင့ျထိရောကျပွီးေ နရာတ ကာခြုပျ ခယြျလှနျးတာမြိုးကတော့
ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့ နည်းခြင်း၊အငုံ့စိတ် ရှိနေခြင်းတို့ကြောင့်ဖြစ် ပါတယ်။

ဒီလို လူမျိုးတွေက တ ခြား သူတွေထက် ဖောက်ပြန်နိုင်ချေ ပိုများပါတယ်။

(၅) အရာရာကိုအလေးအနက်မရှိခြင်း – မိ သားစုတွင်းသံယောဇဉ်၊ သူငယ်ချင်းတွေကြားကခင်မင်မှုနဲ့ကိုယ်နဲ့ဆက်စပ်နေ တဲ့ဆက်ဆံရေးတွေ အားလုံးကို အလေးအနက်ထားတတ် တဲ့သူဟာလူအချ င်းချင်းကြားက ဆက်ဆံရေးရဲ့တန်ဖိုးကိုနားလည်သူ၊ အလေးအနက်ရှိသူတွေဖြစ်ပါတယ်။

ဒီလိုလူတွေက ကိုယ်တည်ဆောက်ထားတဲ့ မိသားစုကိုလည်းတန်ဖိုးထားပြီး အပျက်စီး မခံပါဘူး၊ မဖောက်ပြန် ပါဘူး။

ဒီလိုမဟုတ်ဘဲ အရာရာ ကိုအလေးအနက် မထားတတ်သူ၊ တန်ဖိုးမထား တတ်သူတွေကတော့ကိုယ့်မိသားစု ပျက်စီးတာကိုလည်း နှမြောရကောင်းမှန်းမသိဘဲ ဖောက်ပြန်တတ်ကြ သူတွေဖြစ် ပါတယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website