ဦးနှောက်ကောင်းအောင်အထောက်ကူဖြစ်စေမဲ့အစားစာ(၅)မျိုး

သင့်ရဲ့ဥယျာဉ်ခြံထဲမှာ သီးပင်စားပင်တို့ စိုက်ပျိုးမယ်ဆိုရင် သင့်ရဲ့အစားအစာအတွက် သာမက သင့်ရဲ့ကျန်းမာရေးကိုပါ အထောက်အကူပြုတဲ့ ဆေးဘက်ဝင် အပင်တို့ကို စိုက်ပျိုးထားသင့်ပါတယ်။

လေ့လာတွေ့ရှိချက်အရ အောက်ဖော်ပြပါ အပင်လေးတွေဟာ ကျန်းမာရေးအတွက် ဆေးဘက်ဝင်ပြီး ဦးနှောက်မှတ်ဉာဏ်အတွက်အကောင်းဆုံးလို့ဖော်ပြထားကြပါတယ်။

(၁) တရုတ်နံနံပင်

တရုတ်နံံနံပင်ရဲ့အစွမ်းက ဦးနှောက်ကျန်းမာရေးကို အကျိုးကျေးဇူးအပြုဆုံးဖြစ်ပါတယ်။

အင်ဇိုင်းမားရောဂါကြောင့် ဦးနှောက်ထဲ နာဗ်ကြောတွေပျက်စီးမှုကို
ကာကွယ်ပေးပြီး၊ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုတာပင် ဖြစ်ပါတယ်။

ဦးနှောက်အတွင်း နာဗ်ကြောဆဲလ်အသစ်ဖြစ်စေဖို့ လှုံံ့ဆော်ပေးပြီး သွေးဥနီထဲ အောက်ဆီဂျင်တွေကို ဦးနှောက်နဲ့ ကိုယ်ခန္ဓာရဲ့အခြားအစိတ်အပိုင်းတွေဆီကိုရောက်အောင် ပံ့ပိုးကူညီပေးနိုင်ခြင်း ဖြစ်ပါတယ်။

(၂) မြင်းခွာရွက်

မြင်းခွာရွက်မှာလည်း ဦးနှောက်ကျန်းမာရေးကို ကောင်းစေတဲ့ အရွက်တမျိုးဖြစ်တဲ့အတွက် သင့်ရဲ့ဥယျာဉ်ခြံထဲ မဖြစ်မနေ စိုက်ပျိုးထားသင့်တဲ့ အရာဖြစ်ပါတယ်။

လေ့လာတွေ့ရှိချက်အရ မြင်း ခွာရွက်မှာပါဝင်တဲ့ဓာတ်သဘာဝတွေဟာ ဦးနှောက်ရဲ့လုပ်ဆောင်ချက်စွမ်းရည်ကိုတိုးစေပြီးဦးနှောက်အတွင်း သွေးလည်ပတ်မှုကို ကောင်းစေတာ ဖြစ်ပါတယ်။

(၃) Blueberries

ဒီအသီးမှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာလည်း ဦးနှောက်ကျန်းမာရေးကို အများကြီး အထောက်အကူပြုထားတာပဲ ဖြစ်ပါတယ်။

ဗတ်တက္ကသိုလ်ရဲ့လေ့လာတွေ့ရှိချက်အရ Blueberries ကိုစားပေးခြင်းဖြင့် ဦးနှောက်စွမ်းရည်ကို ကောင်းကောင်းမြှင့်တက်စေကြောင်း ဖော်ပြထားပါတယ်။

(၄) လေးညှင်းပွင့်

လေးညှင်းပွင့်ကို ခေါင်းကိုက်တာ သက်သာပျောက်ကင်းစေဖို့နဲ့ စိတ်ဖိစီးမှုလျော့ကျသက်သာစေဖို့ လူအများစုအသုံးပြုကြကြောင်းသိရှိရပါတယ်။

ဒါ့အပြင် လေးညှင်းပွင့်ဟာမှတ်ဉာဏ်ချို့ယွင်းတာ၊ စိတ်ဓာတ်ကျတာ၊ သွားကိုက်တာနဲ့ အိပ်မပျော်တာတို့ကိုပါသက်သာစေတာ ဖြစ်ပါတယ်။

(၅) ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ ပါဝင်တဲ့ ဓာတ်သဘာဝတချို့ဟာ ဦးနှောက်အတွင်း ကင်ဆာဖြစ်ပွားနိုင်တဲ့ ဆဲလ်တွေကို သတ်နိုင်ခြင်း ဖြစ်ပါတယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website