မျက်နှာကိုနေ့တိုင်းရေခဲပွတ်ပေးခြင်းဖြင့်ရလာမယ့် အံ့မခမ်းအကျိုးကျေးဇူးများ

ငွေကြေးကုန်ကျမှုနည်းပြီး မျက်နှာအသားအရေ လှလာစေနိုင်တဲ့ လျှိုဝှက်ချက်ကတော့ ရေခဲဖြစ်ပါတယ်။

စိတ်ဖိစီးမှုကြောင့် မျက်နှာအသားအရေပျက်ဆီးတာတွေကိုလည်း ရေခဲက ကူညီပေးနိုင်ပါတယ်။

ရေခဲက သွေးလည်ပတ်မှုကိုကောင်းစေတာကြောင့် မျက်နှာအသားအရေအတွက် ကောင်းကျိုးရှိပါတယ်။

နေ့တိုင်း မျက်နှာကို ရေခဲပွတ်ပေးရင်တော့ ဒီလို အကျိုးကျေးဇူးတွေရလာမှာပါ။

(၁) ဂလိုးလာမယ်

မိန်းကလေးတိုင်း မျက်နှာအသားအရေ ဂလိုးဖြစ်ချင်ကြပါတယ်။ ပြောင်ပြောင်တင်းတင်းလေးပေါ့။

မျက်နှာပေါ်နေ့တိုင်းလိုလို ရေခဲပွတ်ပေးခြင်းဟာဒီအတွက်အကျိုးရှိတယ်ဆိုတာ သင်သိပါသလား။

အဓိကသားဖြင့်တော့ သွေးလည်ပတ်မှုကိုကောင်းစေတဲ့အတွက်ကြောင့် အသားရေဟာဝင်းပြီး တစ်နေ့တစ်ခြားပိုပိုကြည်လာမှာပဲဖြစ်ပါတယ်။

(၂) မျက်ကွင်းညိုတာတွေ လျော့နည်းလာမယ်

နေ့တိုင်း ရေခဲတုံးအသေး ပွတ်ပေးတာက မျက်လုံးအောက် ညိုမည်းတာတွေကို သက်သာလျော့နည်းစေမှာပါ။

ပိုအကျိုးထူးချင်ရင်တော့ ရေ၊ နှင်းဆီရည် နဲ့ သခွားသီးရည်ကိုပါ ရောပေးပြီး ရေခဲခဲလိုက်ပါ။

ရလာတဲ့ ရေခဲတုံးကို မျက်လုံးအောက်နေရာပေါ် လိမ်းပေးခြင်းဖြင့် မထင်မှတ်ထားတဲ့ကောင်းကျိုးတွေကို ရရှိမှာပဲဖြစ်ပါတယ်။

(၃) ဝက်ခြံတွေ အနီလျော့နည်းလာမယ်

သင့်မျက်နှာမှာ ဝက်ခြံပေါက်နေရင် ရေခဲတုံးရဲ့အစွမ်းပြချိန်ရေက်ပြီလို့သာ သတ်မှတ်လိုက်ပါတော့။

မျက်နှာပေါ် ရေခဲတုံးပွတ်ပေးတာက အဆီထုတ်တဲ့လုပ်ဆောင်ချက်ကို လျော့နည်းသွားစေတာကြောင့် ဝက်ခြံဖြစ်စေနိုင်နှုန်းတွေကိုအါ လျော့နည်းသွားစေနိုင်လို့ပါပဲ။

(၄) ချွေးပေါက် ကျဉ်းလာမယ်

မျက်နှာပေါ် ရေခဲပွတ်ပေးတာက ချွေးပေါက်တွေကိုလည်း ကျဉ်းစေပါတယ်တဲ့။

ချွေးပေါက်ထဲက အညစ်အကြေးတွေကို ဖယ်ထုတ်ပေးတဲ့အတွက်ကြောင့် မျက်နှာသန့်စင်ပေးပြီးဝက်ခြံဖြစ်ခြင်းကိုပါသက်သာစေမှာပါ။

(၅) မျက်အိတ်ဖောင်းတာတွေ လျော့ကျလာမယ်

မျက်အိတ်ဖောင်းဖောင်းလေးတွေဟာ အန္တရာယ်တော့မရှိပေမယ့်လို့ ပျိုမေတို့ရဲ့ရုပ်ကလေးကိုတော့ ပင်ပမ်းနွမ်းနယ်သယောင် ဖြစ်စေတာပေါ့။

ဒီလိုမျက်အိတ်ဖောင်းတာတွေကိုလည်း ရေခဲပွတ်ပေးတာနဲ့တင် ပျောက်အောင်လုပ်နိုင်ပါတယ်တဲ့။

မျက်လုံးတစ်ဝိုက် ရေခဲပွတ်ပေးပါ။ ရေခဲက ဖောရမ်း ၊ နီမြန်းတာတွေကို သက်သာစေပါတယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website