လျှပ်စစ်ထမင်းပေါင်းအိုးတွေပျက်ရင် လွှင့်မပစ်ကြပါနဲ့ ဒီနည်းလေးအတိုင်းပြန်ပြင်သုံးလို့ရပါတယ်

လျှပ်စစ်မီးရတဲ့နေရာတိုင်းမှာ အသုံးများကြတဲ့ လျှပ်စစ်ထမင်းပေါင်းအိုး ပျက်စီးသွားတဲ့အခါ ပြန်ပြင်သုံးလို့ရတဲ့နည်းလမ်းလေးကို မျှဝေပေးပါမယ်။

ပေါင်းအိုးပြစ်ချက်များကတော့ Power supply မီးအဝင်ခေါင်း အရည်ပျော်နေတယ်။ ခလုတ်(check point) မကြာခနတက်နေတယ်။

ပြစ်ချက် (၁) အတွက် အောက်ခံကြွေသားပါတဲ့ မီးအဝင်ခေါင်း ဆော့ကက်အထိုင်ကို လျှပ်စစ်အပိုပစ္စည်းဆိုင်တွေမှာ ၅၀ဝိ နဲ့ ဝယ်ပြီးပုံမှာပြထားသလို လဲပေးလိုက်ရင် ရေရှည်အသုံးခံတဲ့ခေါင်းဖြစ်မယ်။

ယိုးဒယားဒယ်အိုးအနီ သုံးတဲ့ခေါင်းကြိုးတပ်သးလို့ရသွားပြီ။

အထိုင်ပေါက်ကအတူတူဘဲ နတ်ကြပ်ရုံပါ အော်ရီဂျင်နယ်သုံးပေါက်ခေါင်းကြိုးနဲ့ အထိုင်ခေါင်းတွေကအပူဒဏ်မခံနိုင်ဘဲ မကြာခနအရည်ပျော် shock ဖြစ်နေတာကို အခုလိုကြွေခေါင်းခံပေးရင် ရေရှည်စိတ်ချသုံးလို့ရပြီ။

ပြစ်ချက် (၂) အတွက်က သာမိုစတက်ခလုတ်မောင်းကိုအေဖြုတ်ပေးတဲ အပူကွိုင်အလည်က သံလိုက်ခလုတ်အုံ check point ကိုလဲပေးရင် ပေါင်းအိုးမကြာခနခလုတ်တက်နေတာ ကာင်းသွားမယ်။

ဒီပေါင်းအိုးက သူတို့ကလိထားတော ထမင်းကျက်ပြီးနှပ်တဲ့ circuit ကြိုးတွေမပါလာဘူး။ ဒါပေမဲ့ချက်လို့ရအောင် ပြင်ပေးလိုက်တယ်။

အိမ်ရှင်မများသို့အကြံပြုချက် တရုတ်ပေါင်းအးများဟာ ပစ္စည်း အရည်အသွေး အလွန်ညံ့ပါတယ်။ ဖြစ်နိုင်ရင် ယိုးဒယားကလာတဲ့ ထမင်းပေါင်းအိုးများကိုသုံးစေခြင်ပါတယ်။

Sharp,National,Toshiba,Mitshushita (ယိုးဒယားမြင်းတံဆိပ်) Hanabishi (ဟာနာဘီရှီ)စသည်ဖြင့် လာပါတယ်။

ရေရှည်အသုံးခံပါတယ်။ တရုတ်ပေါင်အိုးများက ပစ္စည်းညံလို့မီးဘေးအနတရယ် စိုးရိမ်ရပါတယ်။

ကျနော်သုံးနေတဲ့ Sharp ထမင်းပေါင်း အိုးဟာ ဆန်သားလှသလို မိနစ်၂၀ဝ ဝန်းကျင်နဲ့ ထမင်းကျက်ပါတယ်။

(volt အားပြည့်လို့ပါ) တရုတ်အိုးက မိနစ်၃၀ဝန်းကျင်ပါ။ မီးအားကျနေရင်မသုံးသင့်ပါ။ အန္တရယ်ရှိနိုင်လို့ပါ။

ပေါင်းအိုးဆော့ကက်ခေါင်းများကို မကြာခနစစ်ဆေးပေးပါချောင်နေ/လှုပ်နေလျှင် စံနစ်တကျပြန်တပ်ပြီးမှသုံးပါ။ ပေသုံးပါက အရည်ပျော် shock ဖြစ်ပြီး အန္တရယ်ရှိနိုင်လိုပါ။

ပေါင်းအိုးတည်လျှင် အိုးဘေးမှရေများကို အဝတ်ဖြင့်ခြောက်အောင်သုတ်ပြီးမှ အိုးကိုထည့ပါ။

ခလုတ်တက်နေတာ ကိုဒုတ်နဲ့ထိုးပြး တခုခုနဲ့ဖိထားပြီးမသုံးပါနဲ့ အရမ်းအန္တရယ်ကြီးပါတယ်။ အပူကွိုင်အလည်က သံလိုက်အုံ check point လဲရင် ကောင်းသွားတယ်။

တည်မဲ့ဆန်နဲလို့ ဥပမာခလုပ်တက်ရင်တော့ ၁ ဘူးဘဲတည်ရင်အဖုံးအပေါ်က တခုခုတင်လိုက်ရင်အဆင်ပြေပါတယ်။ တခါတလေ ဒန်အိုးကသိပ်ကြာနေပြီး အလည်ကခွက်နေရငလည် းခလတ်နဲ့အထိုင်မကျ fitting မဖြစ်ဘဲ ခလုတ်တက်လရှိပါတယ်။

ဒန်အိုးဖငကို မူလအတိုင်းပြင်ပေးရင်ရပါတယ်။ ဒါကိုမလုပ်ပါနဲ့ ထမင်းပေါင်းအိုးထဲမှာ တခြားအိုးထဲ့ပြီး ရေနွေးကျိုခြင်း တခြား fitting မကျတဲ့ အိုးတွေထည့်ပြီး တည်တာမလုပ်ရပါဘူးဗျာ။

ပေါင်းအိုးပျက်တတ်လို့ပါ မိတ်ဆွေများ မိမိတိကိုယ်တိုင်ပြုပြင်ပြီး အိမ်သုံးစရိတ် ချွေတာနိုင်ကြပါစေဗျာ။

ပြုလုပ်ရမယ့် အဆင့်တွေကတော့- ၁။ အလည်သံလိုက်ခလုတ်အုံ အသစ်တပ်ဆင်ခြင်း။

၂။ powersupply မီးအဝင်ကြွေခေါင်းတပ်ဆင်။

၃။ မီးအဝင်ကြွေခေါင်း စံနစ်တကျတပ်ဆင်ခြင်း။

၄။ မီးကြိုးများ စံနစ်တကျတပ်ဆင်ပြီးနောက် သာမိုစတက်မောင်းတံနှင့်အလည်ခလုတ်အုံအား စံနစ်တကျချိတ်ဆက်တပ်ဆင်ပေးခြင်းဖြင့် ပြန်လည်အသုံးပြုလို့ရပါပြီ။

credit – ကိုတင်လေးဇော်