၈×၃=၂၄ လို့ပြောသောကြောင့် ကြိမ်ဒဏ်အပေးခံရသူ (အရမ်းကောင်းတဲ့ စာလေးမို့ ဖတ်ကြည့်ပါ)

ဉာဏ်မရှိတဲ့သူနဲ့ ပြိုင်မငြင်းပါနဲ့ !

တစ်ခါက ရွာတစ်ရွာမှာ လူ၂ယောက် တစ်နေကုန်စကားများငြင်းခုန်နေကြတယ်။ တစ်ယောက်က ၈x၃=၂၁ လို့ပြောတယ်။

နောက်တစ်ယောက်က “မဟုတ်ဘူး မှားနေတယ်။ ၈x၃=၂၄ မှ အမှန်” ဆိုပြီး
စကားများကြတာ ရွာသူကြီးအိမ်ရောက်လာကြတယ်။

သူကြီးက ဖြစ်စဉ်ကိုနားထောင်ပြီး ၂၄ လို့ပြောတဲ့သူကို ကြိမ်ဒဏ်ပေးခိုင်းလိုက်တယ်။

ရိုက်ခံရတဲ့သူကမကျေမနပ်နဲ့ သူကြီးကို ပြန်ပြောတယ်။ သူမမှားဘဲနဲ့ ဘာလို့ ကြိမ်ဒဏ်ပေးခံရသလဲပေါ့။

သူကြီးကပြောတယ် ၈x၃ =၂၁ လို့ပြောတဲ့သူနဲ့ တစ်နေ ကုန် ငြင်းခုန်ပြီးစကားများနိုင်ရအောင် မင်းလောက်အသိဉာဏ်မရှိတဲ့သူကို အပြစ်မပေးရင် ဘယ်သူ့ကို အပြစ်ပေးရမလဲဆိုပြီးပြောပါတယ်။

ကျွန်တော်တို့ ဘေးပတ်ဝန်းကျင်မှာလည်း ဒီလိုလူတွေနဲ့ အမြဲတွေ့ရတတ်ပါတယ်။

လျှာအရိုးမရှိတိုင်းပေါက်တတ်ကရတွေပြောပြီး သူထင်တာပဲအမြဲမှန်တယ်လို့ထင်နေတတ်တဲ့သူနဲ့ ပြိုင်ငြင်းရင် ပါးစပ် ( ၁၀) ပေါက်လောက်ပါလဲ ပြိုင်ငြင်းနိုင်မှာမဟုတ်ပါဘူး။

နောက်ဆုံး ဒုက္ခရောက်ပြီး ဉာဏ်မရှိတဲ့လူက ကိုယ်ဖြစ်သွားနိုင်ပါတယ်။ ဒီအတိုင်းလွှတ်ထားလိုက်တာက ပိုအဆင်ပြေနိုင်ပါတယ်။ဒါကြောင့် ဉာဏ်မရှိတဲ့သူနဲ့ ပြိုင်မငြင်းပါနဲ့ !

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website