နောက်ပိုင်း အသစ်ထွက်လာတဲ့ ပိုက်ဆံတွေရဲ့ ဘေးနှစ်ဖက်မှာ ဘာလို့ ခြစ်ထားတာလဲ ?

နောက်ပိုင်း အသစ် ထွက်လာတဲ့ ပိုက်ဆံတွေ ရဲ့ ဘေးနှစ်ဖက်မှာ ခြစ်ထားတာကို တွေ့ရမှာပါ။

သေချာကြည့်မယ်ဆိုရင် ငွေကြေးရဲ့ တန်ဖိုးပေါ်မှာမူတည်ပြီး ခြစ်ထားတဲ့ အချောင်းအရေအတွက်ကွာခြားနေတာ တွေ့နိုင်ပါတယ်။

မသိသေးသူများအတွက် ပြောပြချင်ပါတယ်။တချို့က ဘာလိုခြစ်ထားလဲ မသိကြဘူး။ အလှခြစ် ထားတယ်လို့ ထင်ကြတယယ်။

အဲဒီခြစ်ထား တဲ့ ခြစ်ရာပေါ်မှာ လက်နဲ့ပွတ်ကြည့်မယ်ဆိုရင် အနည်းငယ် ကြမ်းတယ်လို့ သိနိုင်ပါတယ်။

ပိုက်ဆံအရွက်ရဲ့ ကျန်တဲ့အပိုင်းလို ချောမော ပြေပြစ်မှု မရှိတာကို သိနိုင်ပါတယ်။

တကယ်တော့ အဲဒီခြစ်ထားတဲ့ အမှတ်အသားဟာ အရမ်းကိုအရေးကြီးပါတယ်။

ဘာလို့လဲဆိုတော့အဲဒီခြစ်ရာဟာ ငွေကြေးရဲ့ တန်ဖိုး ကိန်းဂဏန်း ဖတ်ဖို့အခက်အခဲ ရှိသူများအတွက် တန်းဖိုးကိုဖော်ပြပေးတဲ့ အမှတ်အသား ဖြစ်လို့ပါ။

ကျနော်တို့ သာမှန်လူတွေ အတွက်တော့ သိပ်အရေးမကြီးပေမယ့် အမြင်အားနည်းချက်ရှိတဲ့ (မျက်မမြင်) တွေအတွက်တော့

အဲဒီခြစ်ထားတဲ့ နေရာမှာ လက်ဖြင့် ကိုင်ကြည့်မယ်ဆိုရင် ငွေကြေး ဘယ်လောက်တန် ဖြစ်တယ်ဆိုတာကို အလွယ်တကူ သိနိုင်ပါတယ်။

သူတို့တွေကို လိမ်ပြီး ပိုက်ဆံ အမှားတွေ ပေးလို့ မရတော့ပါဘူး။

မှတ်ချက်။ ။ မိမိပတ်ဝန်းကျင်တွင်ဤအချက်ကိုမသိသေးသူများရှိပါကမျှဝေပေးကြပါခဗျာ။

စာဖတ်သူမိတ်ဆွေအားလုံးကိုလေးစားလျှက်။

source : Will_Power။