ကလေးဖြစ်စေ၊လူကြီးဖြစ်စေ ရုတ်တစ်ရက် ဝမ်းမရပ်မနားသွားပါက အလျှင်မြန်ဆုံးကုသနည်း

ကလေးဖြစ်စေ၊လူကြီးဖြစ်စေရုတ်တစ်ရက် ဝမ်းမရပ်မနား သွားပါကအလျှင်မြန်ဆုံးကုသနည်း….

ကလေးဖြစ်စေ၊လူကြီးဖြစ်စေရုတ်တစ်ရက် ဝမ်းမရပ်မနား သွားပါလျှင် ဘာလုပ်ရမည်မသိဖြစ်တတ်ပါသည်။

အထူးသဖြင့် တောရပ်နေပြည်သူတို့ကြုံတတ်ကြလေသည်။

ဆေးနည်း – ထိုသို့ဖြစ်ပါလျှင်ဆူပွက်နေသောရေနွေးတစ်ခွက်ထဲသို့ လက်ဖက်ခြောက်လှော်ပြီးသား လက်တစ်ဆုပ်ကိုထည့်ပါ။

ပြီးလျှင်ဆားကော်ဖီဇွန်း(၁)ဇွန်းစာ၊သကြား ကော်ဖီဇွန်း(၁)ဇွန်းစာ၊ သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်၍ထည့်ပြီး နွေးနွေးလေးသောက်လိုက်ပေးလိုက်ပါ။

ဝမ်းလည်းရပ်သွားပါလိမ့်မယ်။အားလည်းမယုတ်လျော့ပါဘူး။သောက်နိုင်သမျှခဏခဏသာတိုက်ပေးလိုက်ပါ။

အင်ခိုင်ဘွန်တောင်တန်းမှာတောင်ယာလုပ်ကိုင်နေကြသူ တိုင်းရင်းသားများရဲ့ ပွဲတွေ့ဆေးနည်းကျော်လို့ဆိုပါတယ်။

ဝမ်းလျောခြင်းဖြစ်ရပ်များနှင့်ကြုံတိုင်း နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှ ရရှိသောဤဆေးလေးဖြင့်၊

ကိုယ်တိုင်ရော ၊ပတ် သက် ဆက်နွယ်သူများအား ပြုလုပ်တိုက်ကျွေးပေးရာ ဝမ်းလျောခြင်းအတွက် အလွန်ထိရောက်ပါကြောင်း တင်ပြလိုက်ပါတယ်။

(ဆရာဝန်၊ဆေးရုံ၊ဆေးခန်းပြသကုသရန်ခက်သူတို့အတွက်သာ) လိုသူတို့သုံး စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ..။

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)