အူမကြီးကင်ဆာ ဖြစ်ခဲ့ပေမဲ့ လက်ရှိမှာ လုံးဝသက်သာပျောက်ကင်းသွားခဲ့တဲ့ သူမဖခင်ကြီးရဲ့ အံသြစရာဖြစ်ရပ်ကိုပြောပြလာတဲ့ ခင်သဇင်

သရုပ်ဆောင် ခင်သဇင်ကတော့ အနုပညာလောကမှာ ထင်ရှားသူဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူတဦးပါ



ယခုရက်ပိုင်းမှာတော့ ခင်သဇင်က အူမကြီးကင်ဆာ အဆင့် (၃)အထိဖြစ်ခဲ့ပေမဲ့ လက်ရှိမှာ လုံးဝသက်သာပျောက်ကင်းသွားခဲ့တဲ့ သူ့ဖခင်ကြီးရဲ့ အံသြဖွယ်ဖြစ်ရပ်ကို ပြောပြလာခဲ့တာပါ



“အဖေ့ အသက်က ၇၀ ရှိပါပြီ။ လွန်ခဲ့တဲ့ ၆ နှစ်က အူကင်ဆာ အဆင့် ၃ကို ခွဲစိတ်ထားမှုကို ဒီနေ့ ဆရာဝန်ကြီးက ကင်ဆာဆဲလ်တွေ ထပ်ပွါး မပွါး မှန်ပြောင်းထပ်စစ်ကြည့်တော့ ဆရာဝန်ကြီးက အဖေ့ကို စမ်းနေရင်းနဲ့ အားလုံး ကောင်းပါတယ်.. အဆင်ပြေပါတယ်။ ကင်ဆာ အကြိတ်ထပ်မတွေ့ပါဘူး ပြောတဲ့ အချိန်ကျွန်မ ဝမ်းသာလွန်းလို့ မျက်ရည်တောင်ကျပါတယ်။




အသက်ကြီးတော့မခံနိုင်မှာစိုးလို့ ခွဲစိပ်ခဲ့ချိန်တုန်းကဓာတ်ရောင်ခြည်ခံပြီး မကုသခဲ့ပါဘူး။ အဲတာကြောင့် နှစ်စဉ်အမြဲ ကျွန်မတို့ စိတ်ပူနေခဲ့ရပါတယ်။ အဖေလည်း အိပ်ဆေးပြေပြီး သတိရလာတဲ့အချိန်ဆရာဝန်ကြီးက ဦးလေး အားလုံးကောင်းတယ်နော်ဘာမှ စိုးရိမ်စရာ ထပ်မတွေ့ပါဘူး ပြောတဲ့ အချိန်အဖေ့ မျက်ရည်တွေ တအိအိကျရင်းဝမ်းသာ ဝမ်းနည်းနဲ့ ငိုရှာပါတယ်။


ပြီးတော့ အဖေ့ ပါးစပ်က ပြောပါသေးတယ်။ သူ့ သူငယ်ချင်း ၅ ယောက် သူ့လိုပဲ အူမကြီး ကင်ဆာအတူတူ ဖြစ်ကြတာ သူတို့ အားလုံး ထွက်သွားကြရပြီတဲ့။


အဖေက ယနေ့ထိတိုင်သက်သက်လွတ်ကို အနှစ် ၅၀ ကျော်ကြာ စားခဲ့ပြီး ရာသက်ပန် အရက်၊ ဘီယာ၊ ဆေးလိပ် ကို ရာသက်ပန် မသောက်ခဲ့တဲ့ အကျိုးကျေးဇူးတွေကြောင့်လို့ ထင်ပါတယ်။နေ့စဉ် တရားထိုင် တရားလည်း အားထုတ်ပါတယ်။ မြတ်စွာဘုရားရဲ့ ဂုဏ်ကျေးဇူးတော်က ကြီးမားလွန်းပါတယ်။

လူသားတွေအပေါ် အကောင်းဆုံး လမ်းပြနိုင်ခဲ့ပါတယ်။ ဘုရားကို ကျေးဇူးတင်ပါတယ် “ဆိုပြီး ဖခင်ကြီးကလက်ရှိမှာတော့ ရောဂါဝေဒနာမခံစားရတော့ဘဲ လုံးဝပျောက်ကင်းသွားပြီဖြစ်ကြောင်း ဝမ်းသာစွာနဲ့ မျှဝေခဲ့တာပဲဖြစ်ပါတယ်နော်