ရွှေဝယ်မမှားကြစေဖို့ ၁၆ ပဲရည်ပြည့် (မီးလင်း အခေါက်ရွှေ)၊ ၁၄ ပဲရည်၊ ၁၅ ပဲရည် ဆိုတာ….

ရွှေဝယ်မမှားကြစေဖို့ ၁၆ ပဲရည်ပြည့် (မီးလင်း အခေါက်ရွှေ)၊ ၁၄ ပဲရည်၊ ၁၅ ပဲရည် ဆိုတာ….

၁၆ ပဲ ရွှေဆိုသည်မှာ ရွှေကိုအထည်လုပ်မယ်ဆို ရွှေသားစစ်စစ်ကပျော့တဲ့အတွက် အခြားသတ္တုနဲ့ရောစပ်ရပါတယ်။

၁၆ပဲရည်ဆိုတာ တစ်ကျပ်သားဖြစ်တဲ့ ၁၆ပဲလုံး ရွှေသားစစ်စစ် အရောအနှောမရှိဘူးလို့ဆိုတာပါ။

မီးဖုတ်တဲ့ခါ မမဲတဲ့အတွက် မီးလင်းအခေါက်ရွှေလို့ခေါ်ပါတယ်။

၁၄ ပဲရည်ဆိုတာ ၁၆ ပဲမှာ ရွှေ ၁၄ ပဲနဲ့အခြားသတ္တု(ကြေး)၂ပဲရောစပ်ထားတာပါ။ ကြေးပါတဲ့အတွက်ကြောင့် မီးဖုတ်ကြည့်ရင် မဲသွားပါတယ်။

ငရဲမီးစိမ်လိုက်မှ မူလရွှေရောင်ပြန်ရပါတယ်။ ၁၅ ပဲရည်လဲ ဒီသဘောတရားအတိုင်းပါပဲ။

အတွင်းစပ်ဆိုတာ ရွှေ၁၄ပဲ+ ကြေး၂ပဲပေါင်း တစ်ကျပ်ဖြစ်ပြီး အပြင်စပ်ဆိုတာ ရွှေတစ်ကျပ်+ကြေး၂ပဲပေါင်း၁၈ပဲဖြစ်ပါတယ်။

၁၄ပဲ၂ ပြား ဆိုတာ ရွှေ ၁၄ ပဲ ၄ ရွေး+ကြေး ၁ ပဲ၄ရွေး ရောစပ်ထားတာဖြစ်ပါတယ်။

ရွှေ ဝယ်စုမယ်ဆို ၁၆ ပဲရည်ဟာအလျော့တွက် လက်ခနဲတာကြောင့် ဝယ်စုရန်သင့်တော်ပါတယ်။

၁၆ ပဲရည်ဟာ ရွှေသားပျော့ပျောင်းတဲ့အတွက် လက်ဝတ်လက်စားတွေ မှာသုံးရန်သိပ်ပြီး မသင့်တော်ပါဘူး။

၁၅ ပဲရည် ၁၄ ပဲရည်ဟာအခြားသတ္တုပစ္စည်းရောစပ်ထားခြင်းကြောင့် ၁၆ ပဲရည်ထက် ပိုမာကျောပါတယ်။

လက်ဝတ်လက်စားများအတွက်ကတော့ ၁၄ ပဲရည်ကိုသုံးကြတာများပါတယ်။ ၁၅ ပဲရည်ထက်ပိုမာကျောတာကြောင့် မိတ်ဆွေဟာလက်ဝတ်လက်စား အတွက်ရည်ရွယ်ပြီးဝယ်မည်ဆိုပါက ၁၄ ပဲရည်ကိုသာရွေးချယ်သင့်ပါတယ်။

ရွှေဝယ်စုသူတိုင်း ရွှေအဝယ်မမှားကြစေဖို့ ဗဟုသုတအဖြစ်ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website