မချက်ပြုတ်ခင်မှာ ကြက်ဥကို လုံးဝ ရေမ‌‌ဆေးသင့်တဲ့ အကြောင်းအရင်း

မချက်ပြုတ်ခင်မှာ ကြက်ဥကို လုံးဝ ရေမ‌‌ဆေးသင့်တဲ့ အကြောင်းအရင်း

ဘယ် ဟင်းသီးဟင်းရွက်တွေကိုမဆို မချက်မပြုတ်ခင်မှာ ရေသန့်စင်ရမယ်ဆိုတဲ့ အရာက ကျွန်မတို့ရဲ့ စိတ်ထဲမှာ စွဲမြဲပြီးသား ဖြစ်မှာပါ။

ကျွန်မတို့ဟာ ကျန်းမာရေးနဲ့ ညီညွှတ်အောင် စားသောက်ရမှာ ဖြစ်တာကြောင့် ဟင်းသီးဟင်းရွက်တွေ သန့်စင်နေတာ ပို ကောင်းပါတယ်။

ဒါပေမဲ့ တချို့ အစားအစာတွေက ရေ သန့်စင်လိုက်တာနဲ့ ကောင်းတာထက် အန္တရာယ် ပိုဖြစ် စေပါတယ်။

လူ တော်တော်များများ ကြိုက်နှစ်သက်ကြတဲ့ ကြက်ဥတွေ ကို ချက်ပြုတ်မကြော်ခင်မှာ ဖုန်မှုန့်၊ ရောဂါ ပိုးမွှားတွေ မရှိအောင် ရေဆေးပစ် ကြပါတယ်။

အမေရိကန် စိုက်ပျိုးရေး ဝန်ကြီးဌာန အဆိုအရ စီးပွားဖြစ် ထုတ်လုပ်ထားတဲ့ ကြက်ဥတွေအားလုံးကို သန့်စင်ဖို့ လိုအပ်တဲ့ စည်းမျဉ်းတွေ ရှိပါတယ်။

ရေသန့်စင်လိုက်ခြင်းက ကြက်ဥရဲ့ မျက်နှာပြင်က သဘာဝအလျောက် ကာကွယ်ပြီးသား အုတ်ထားတဲ့ အလွှာတွေကို ဖယ်ရှား ပစ်ပါတယ်။

ကြက်ဥတွေကို သန့်စင်ပြီးတဲ့ အခါ ကြက်ဥတွေ ကို ဘတ်တီးရီးယား မရှိအောင် အုတ်ပေးထားတဲ့ သတ္တု အဆီအနှစ်တွေကို ဖယ်ရှား ပစ်လိုက်သလို ဖြစ်စေပါတယ်။

တချို့လူတွေကတော့ သန့်စင်တဲ့ အပိုင်းကို မကျော်ပစ်ချင်ကြဘူးလို့ထင်ပါတယ်။

ဒါပေမဲ့ ကြက်ဥတွေကို ရေသန့်စင်လိုက်ခြင်းက ဘတ်တီးရီးယား ပိုးမွှားတွေကို ပိုပြီး ပြန့်နှံ့ စေပါတယ်။

တကယ်တော့ ကြက်ဥတွေကို သန့်စင် ဆေးကြောလိုက်ခြင်းက ကြက်ဥ အခွံတွေဟာ စိမ့်ဝင်နိုင်စွမ်း ရှိတာကြောင့် ကြက်ဥအတွင်းထဲကို ဘတ်တီးရီးယားတွေ ဝင်ရောက် စေပါတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။

ဘတ်တီးရီးယားတွေက ကြက်ဥရဲ့မျက်နှာပြင်မှာ ရှိနိုင်တာကြောင့် ရေသန့်စင်လိုက်တာနဲ့ ကြက်ဥ အထဲကို ဘတ်တီးရီးယားတွေ ဝင်ရောက်သွားစေပါတယ်။

ဒါက ကျွန်တော်တို့ စားလို့ ရတဲ့ ကြက်ဥအပိုင်းကို အဆိပ်တောက် ဖြစ်စေပါတယ်။

ရေ သန့်စင်ဆေးကြောတာ ကို မကျော်ပစ် ချင်ရင်တော့ ရေနွေးနွေးလေး အသုံးပြုပါ။ ဆပ်ပြာ အသုံးမပြုပါနဲ့။

Credit:MM ကျန်းမာရေး