မျက်နှာဖုံး ခွာကြည့်ပါ

“စာ” – တတ်သည် မတတ်သည် အဓိကမဟုတ်ပါ ။ ဖတ်သည် မှတ်သည်သာအဓိကဖြစ်သည်..။

”စကား” – များသည် နည်းသည် အဓိကမဟုတ်ပါ။မှန်သည် မှားသည်သာ အဓိကဖြစ်သည်..။

“လူ” – ဖြူသည် မည်းသည် အဓိကမဟုတ်ပါ ။ စိတ်ဓာတ် ကောင်းသည် ညံ့သည်သာ အဓိကဖြစ်သည်။

”ဘွဲ့စာရွက်ရ သူတယောက်ကလည်းစာတတ်ဆိုတဲ့ နာမည်တစ်လုံး ခံယူနိုင်ပေမယ့် စာ,ဖတ်အား မှတ်အားနည်းလျှင် စာပေစိတ်ဝင်စားတဲ့ မူလတန်း ကျောင်းသားထက် စဉ်းစားဉာဏ်က ရှိချင်မှ ရှိလာပါလိမ့်မည်..။

“အပြောကောင်းတဲ့ သူတယောက်လည်းလူတွေယုံကြည်မှုများကို ရထားပေမယ့်စကားနည်းတဲ့ သူတယောက်ထက် အမှန်တရား အမှန်စကားကို ပြောတတ်ချင်မှ ပြောလေပါလိမ့်မည်..”

ရုပ်ချော,လှ တဲ့သူတစ်ယောက်က ချစ်ခင်စရာ ကောင်းပေမယ့် သူ့ရင်တွင်း စာရိတ္တက ရုပ်ဆိုးလွန်းတဲ့ သူတစ်ယောက်ထက် ကောင်းချင်မှ ကောင်းနေပါလိမ့်မည်

အပေါ်ယံမြင်နေသမျှဟာ လူသားတို့ရဲ့ မျက်နှာဖုံးပါ..။ မခွာကြည့်နိုင်သေးပဲ ဆုံးဖြတ်ချက်များမပေးမိပါစေနဲ့။

Credit.. မေ