ဖျားနာပြီး ကြွက်သားတွေ နာကျင်ကိုက်ခဲနေရင် ယူပစ်သလိုပျောက်စေတဲ့ အိမ်တွင်း ကုထုံးလေး

ဖျားနာပြီး ကြွက်သားတွေ နာကျင်ကိုက်ခဲနေရင် ယူပစ်သလို ပျောက်တဲ့ အိမ်တွင်း ကုထုံးလေးကို မျှဝေပေးချင်ပါတယ်နော်။

အိမ်တွင်း ကုထုံး တကယ်လက်တွေ့ ပါ

ပါဝင် ပစ္စည်း

ကြက်သွန်နီ ၂ လုံး. ကြက်သွန်ဖြူ ၁ လုံး

သံပုရာသီး ၂ လုံး. ဂျင်း ၂ တက် ရှောက်ရွက်(သို့) သံပုရာရွက် ၁၀ ရွက် ၁၅ ရွက်ခန့်အားလုံးကို အိုးတခုမှာ ရောပြီးအိုးထဲ ရေတဝက်ကျော် ထည့်ပြီးပြုတ်လိုက်ပါ။

ပွတ်ပွတ် ဆူလာတဲ့အခါ အိုးကို ညီတဲ့နေရာမှာချ ဒူးထောင် ထိုင်ပြီး
၁၀ မိနစ်ခန့် စောင် ကို ခေါင်းမှ ခြေထိတကိုယ်လုံး ခြုံထားပါ။

မသုံးတဲ့ အိုးကို ခြေခွထိုင်ပီး လုပ်ရင် ပိုကောင်းပါသည်။

ချွေးတွေ တစ်ကိုယ်လုံး ရေလောင်းထားသလို ချွေးထွက် လာပါမယ်။ တော်တော်ကို နေလို့ကောင်းသွားတယ်။

ညောင်းညာ ကိုက်ခဲတာ အကုန်ပျောက်။ မသွန်ပစ်ပဲ ၅ ခါ ၆ ခါ လုပ်လို့ ရပါတယ်။ ပူအောင် ပြန်နွေးရမှာပါ အဖျားပါ ပျောက်သွားတယ်။

ဆေးသောက်တာ ကြာပြီ မပျောက်ဘူး ခုမှ နေလို့ကောင်းသွားတော့တယ်။

ချွေးတွေ ထွက်ပြီး နှုံးချိမသွားအောင် Royal D လေး တစ်ထုပ်လောက် သောက်ပါ။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website