သင် စားနေတဲ့ ပုစွန်တွေက ဧရာဝတီတိုင်းက လာတာလို့ အခုထိ ထင်နေသေးတုန်းလား

မြန်မာနိုင်ငံမှာ .. ငါးပုဇွန် အလွန်ပေါ ပါတယ် ..

ရေခဲ ရိုက်ဖို့ ရေခဲ မဝယ်ချင်လို့ .. မပုတ်အောင် ဖော်မလင်သုံးတာက .. တစ်ပိုင်းပေါ့ ..

အဲ .. ပြောချင်တာက .. ဒီပုဇွန် …ေ စျးသယ်တွေက .. ချောင်းသာ ပုဇွန်လို့ လိမ်ရောင်းတယ် .. ချောင်းသာက လာတာ မဟုတ်ဘူး …

နိုင်ငံခြားကနေ .. ရေခဲပုံးတွေနဲ့လာတာ .. စားသောက်ဆိုင်တွေ .. အဓိက သုံးတယ် …

နိုင်ငဲခြားကနေ ရန်ကုန်ထိ ရေခဲပုံးနဲ့ သယ်လာတဲ့ ပုဇွန်က ဧရာဝတီက .. ဘော့ချိပ်ထက် စျေးပိုပေါနေတယ်။

သူ့ နိုင်ငံ မှာ .. ဓာတုဗေဒဆေး အလွန်အကျွန်သုံးထားလို့ Japan နဲ့ Europe ပို့မရ .. သူ့နိုင်ငံထဲမှာလဲ လက်မခံ တဲ့ ပုဇွန်တွေကို အောက်လမ်းကနေ အဆင့်ဆင့် ရန်ကုန်ထိ သယ်လာတာပါ။

လမ်းကြေးကောက်တဲ့ အဆင့်ဆင့်က ဒီပုဇွန်တွေဝင်နေတာ သိပေမဲ့ .. ပညာတတ်ပီး Food Safety အကြောင်းနားလည်တဲ့သူတွေ .. မရှိလို့လားတော့ မသိ။

ဒီလို အန္တရာယ် များတဲ့ .. အစားအစာတွေကို .. ကိုယ့်နိုင်ငံသားတွေ နားမလည်ပဲ စားနေရတာ အများကြီး ၊

အဲ့ဒါတွေကြောင့် .. ဖြစ်နေတဲ့… ရောဂါတွေလဲ အများကြီး … အဲ့တာတွေ ..ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။

ဘယ်လိုပဲ ဖြစ်ဖြစ် … နေ့စဉ် ဒီလိုမျိုး အဆိပ်သင့်နေတဲ့ အစားအစာတွေကို .. နားမလည်တဲ့ ပြည်သူတွေက နေစဉ်စားသုံးနေကြရတာပါ …ကိုယ်ဖြစ် .. ကိုယ်ခံ .. ပါပဲ ..

Ba Nyar (လေးစားမှုဖြင့် ခရက်ဒစ်)