မြန်မာနိုင်ငံမှာ ဝယ်ယူလို့ရနေပြီဖြစ်တဲ့ သိန်း ၁၀၀ ကျော်တန် လျှပ်စစ်ကား

လူ ၅ ဦး စီးနင်းနိုင်ကာ မြို့တွင်းနှင့် ခရီးဝေး နှစ်မျိုးစလုံး အတွက် ၂၀၁၉ မော်ဒယ်လ် KSD အမှတ် တံဆိပ် ဘက်ထရီ စွမ်းအင်သုံး လျှပ်စစ်ကားများကို၊

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် သာဓုကန် စက်မှုဇုန်ရှိ ခိုင်ခိုင်ဆန်းဒါးအုပ်စု လီမိတက်မှ ဈေးကွက် အတွင်းသို့ ဖြန့်ဖြူး ရောင်းချနေလျက် ရှိပါတယ်။

လက်ရှိတွင် မော်ဒယ် နှစ်မျိုး ထုတ်လုပ်ထားလျက် ရှိပြီး၊ KSDV1-NE1 မော်ဒယ်မှာ မြို့တွင်းသွားလာရန် ရည်ရွယ်ကာ ခရီးဝေးသွားလာမယ့်သူများ အတွက် KSDV1-NE2 မော်ဒယ်ကို ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ကားများတွင် လီသီယမ် ဘက်ထရီအမျိုးအစား တပ်ဆင်ထားပြီး အာမခံ ၅ နှစ် ပေးထားသည်။

NE1 မော်ဒယ်မှာ ဘက်ထရီ အားသွင်းချိန် ၈ နာရီ ကြာမြင့်ပြီး ခရီးအကွာအဝေး ကီလိုမီတာ ၁၈၀ မှ ၂၀၀ ကြား မောင်းနှင်နိုင်ပါတယ်။

တစ်နာရီလျှင် ကီလိုမီတာ ၆၀ နှုန်းထိ မောင်းနှင်နိုင်ပြီး ၂၀၀ စီစီ အရေးပေါ် အားသွင်းမီးစက်ပါဝင်သည်။

ကား၏ အရောင်ကို အဖြူရောင် တစ်မျိုးတည်း ထုတ်လုပ်ထားပြီး စက်ရုံဈေး ၁၀၃ သိန်းဖြင့် ဝယ်ယူ နိုင်ပါတယ်။

ခရီးဝေး သွားလာနိုင်တဲ့ NE2 မော်ဒယ်အနေနဲ့ ဘက်ထရီ အားသွင်းချိန် ၅ နာရီ ကြာမြင့်ပြီး ကီလိုမီတာ ၁၀၀ ထိ မောင်းနှင်နိုင်ကာ ဘက်ထရီကို ၇၆၆ စီစီ အားသွင်းမီးစက်ဖြင့် အားဖြည့်ပြီး ဆက်လက်မောင်းနှင်နိုင်ပါတယ်။

အမြန်နှုန်း တစ်နာရီလျှင် ၈၀ ကီလိုမီတာဖြင့် မောင်းနှင်နိုင်သည်။

ကား၏ အရောင်မှာ တစ်စီးလုံး အဖြူရောင် ဖြစ်သော်လည်း အရှေ့ပိုင်းမှာ အနက်ရောက်ဖြစ်ပြီး ၊

စက်ရုံဈေး ၁၁၆ သိန်းဖြင့် ရောင်းချလျှက် ရှိပြီး ပြင်ပတွင် လက်ရှိပေါက်ဈေး သိန်း ၂၀၀ ထိ ရှိနေကြောင်း သိရသည်။

မော်တော်ယာဉ် အမျိုးအစား နှစ်ခုစလုံးတွင် တပ်ဆင်ထားသော ဘက်ထရီများကို အိမ်သုံးလျှပ်စစ်မီးဖြင့် လွယ်ကူစွာ အားသွင်းနိုင်ကြောင်း သိရသည်။

အဆိုပါကားမျာ ကို မြန်မာ−တရုတ် ချစ်ကြည်ရေး အတွက် တရုတ်အစိုးရမှ ကူညီထောက်ပံ့ပေးထားခြင်း ဖြစ်ကြောင်း ကုမ္ပဏီ၏ မန်းနေးဂျင်းဒါရိုက်တာ မစ္စတာ ယူဂျင်ချန်း က ပြောကြားခဲ့ ပါတယ်။

ခိုင်ခိုင်ဆန်းဒါး ကုမ္ပဏီအနေနဲ့ နောက်ပိုင်းတွင် တစ်လလျှင် ယာဉ်အစီးရေ ၅၀၀ ထိ ထုတ်လုပ်သွားရန် ရည်ရွယ် ထားပြီး ဆလွန်းအမျိုးအစား ကားများကိုလည်း ထပ်မံ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရ ပါတယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website