Bank တွေကနေထုတ်ပေးနေတဲ့အသစ်ထွက်(၁သောင်းတန်ကို)ဆိုင်တွေကမယူရဲကြတာ

အတုလို့ပြောဆိုကြတာတွေလက်တွေ့ကြုံနေရလို့ဘာတွေကွာသွားလဲယှဉ်ပြပေးထားပါတယ်အပြာရွက်တွေမထွက်ခင်ကထုတ်ခဲ့တဲ့အဖြူရွက်တွေလို့သိရပါတယ်။

Securityအားနည်းလို့ ပေးမသုံးခဲ့တဲ့တရားဝင်အရွက်တွေပါပဲ။

လူတွေလက်ထဲ နောက်မှရောက်လာတော့လည်းအသစ်လို့ပဲသုံးနှုန်းလိုက်ပါတယ်(1)စစချင်းမြင်ရမှာကတော့၊

အရောင်အသွေးပါအဟောင်းကအပြာဘက်သန်းပြီးအသစ်ကတော့ ဖြူဖျော့ဖျော့နဲ့ပါအထူအပါးအနေနဲ့လဲအဟောင်းက
ထူထူထဲထဲနဲ့ကိုင်ရတာမာမာကျောကျောရှိပေမယ့်။

အသစ်ကတော့ပါးတာမှကိုင်လို့ကိုင်ထားမှန်းတောင်မသိရပါဘူး။

(2)ညာဘက်အောက်ထောင့်မှာရေးထားတဲ့၁၀၀၀၀ဆိုတဲ့စာသားပုံစံလဲမတူပါဘူးသိသိသာသာကိုကွဲပြားပါတယ်။။

ရောင်ပြန်ကြိုးထည့်ထားပုံကလဲသောက်တလွဲပါဘယ်ဘက်ကအဖြူကွက်မှာလည်းအသစ်ကဘေးဘက်အချွန်ကြီး၂ခုနဲ့အပေါ်အောက်အချွန်လေး၄ခုသာပါပေမယ်။

အဟောင်းမှာတော့ ဘေးဘက်အချွန်ကြီး၄ခုနဲ့အပေါ်အောက်အချွန်လေး၄ခုစီပါခဲ့ပါတယ်။

ဒါ့ကြောင့်မို့အတုဆိုပြီးမယူရဲကြတာဖြစ်ပါလိမ့်မယ်တကယ်သာအတုထုတ်ချင်ရင်ချွတ်စွပ်တူအောင်ထုတ်မှာပေါ့

(3)ဒါကတော့နောက်ကျောဘက်ပါလေးထောင့်ဗလာအဖြူကွက်သိသိသာသာကိုသေးပါတယ်။

အဟောင်းရဲ့လေးထောင့်ကွက်က ထောင့်မှန်စတုဂံနဲနဲဆန်ပြီးအသစ်ကတော့လုံးဝလေးဘက်ညီစတုရန်းကွက်ပါTEN THOUSAND KYATSဆိုတဲ့စာသားကြီးကလည်းအသစ်ထုတ်တဲ့အရွက်မှာအကြွေးဆပ်သလားအောက်မေ့ရတယ်နည်းနည်းနောနောမဟုတ်ဘူး

(4)ဒါကတော့အလင်းခံကြည့်ရင်မြင်ရမယ့်အသစ်ထုတ်၁သောင်းတန်ရဲ့ကြာပွင့်ပါကြာပွင့်ရယ်၁၀၀၀၀ရယ်ပဲပါပါတယ်

(5)၁သောင်းတန်အဟောင်းရဲ့ကြာပွင့်ကတော့အလင်းဖြာနေသလိုပုံစံလေးပါအဆစ်ပါပါသေးတယ်။

6အသစ်ထုတ်၁သောင်းတန်မှာဘေးဘက်ကကုတ်လိုင်းတွေလုံးဝမပါပါဘူး

(7)အောက်ကဘားတန်းကလည်းအဟောင်းမှာ တော်တော်ရှည်ပေမယ့်အသစ်မှာတော့သူ့အရပ်လိုပဲ တော်တော်တိုပါတယ်။

အချုပ်အားဖြင့်ပြောရရင်
ဒါလည်းပဲဗဟိုဘဏ်ကနေတရားဝင်ထုတ်ထားတဲ့၁ သောင်းတန်ငွေစက္ကူအသစ်တွေဖြစ်တာမို့ယူကြပါ။

အတုဆိုပြီးမစွပ်စွဲပါနဲ့၊မျက်စိဖွင့်ပါနားစွင့်ပါဘဏ်တော်တော်များများမှာနောက်ပိုင်းထုတ်ပေးတဲ့၁ သောင်းတန်တွေကအဲ့လိုတွေချည်းပါပဲအတုလုံးဝမဟုတ်ပါဘူး။

Credit > ဆက်မင်းနောင်