နံနက်စာ မစားဘဲနေရင် သင့်ခန္ဓာကိုယ်မှာ ဒီအချက်တွေ ဖြစ်လာမယ်

နံနက်စာ မစားချင်းကြောင့် ရလာမဲ့ ဆိုးကျိုးများ…..

ဒီနေ့ခေတ်မှာ လူအများစု၊ အထူးသဖြင့် လူငယ်တွေကို နံနက်စာ မစားဖြစ်ကြပါဘူး။

နံနက်စာ စားဖို့မမီလို့၊ အိပ်ရာထနောက်ကျလို့၊ စတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ နံနက်စာကို ရှောင်ကြပါတယ်။

နံနက်စာ မစားဖြစ်တာ များလာတဲ့အခါ နံနက်စာ လုံးဝ မစားချင်ဖြစ်လာပြီး ဒီလိုကနေ

၁- စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာမယ်။

နံနက်စာမစားတဲ့အခါ သွေးတွင်းသကြားဓာတ်နည်းလာပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်စိတ်တွေ မြင့်တက်လာစေနိုင်ပါတယ်။ကြာလာရင် စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ဖြစ်လာမှာပါ။

တစ်ယောက်တည်းနေတဲ့အခါ ခြောက်ခြားလာတာမျိုး၊ အလိုလို ဝမ်းနည်းလာတတ်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ပျော်ရွှင်မှုတွေ ပျောက်ဆုံးလာနိုင်ပါတယ်။

၂-လူမှုဆက်ဆံရေး အားနည်းလာမယ်။

ဒါကလည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကနေ ထပ်ဆင့်ဖြစ်လာတဲ့ ဆိုးကျိုးပါ။ပျော်

ရွှင်မှုနဲ့ တက်ကြွမှုတွေ ပျောက်ဆုံးပြီး စိတ်ဖိစီးမှုများနေတဲ့သူဟာ လူမှုဆက်ဆံရေးပိုင်းမှာ ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ပါဘူး။

လက်ရှိ ခင်မင်ရင်းနှီးရသူတွေနဲ့လည်း ပြဿနာတွေ များလာနိုင်ပါတယ်။

၃-ဦးနှောက်ကျန်းမာရေး ထိခိုက်လာမယ်။

နံနက်စာမစားတဲ့သူဟာ အမေ့လွယ်တာတွေ၊ ကြာကြာမစဉ်းစားနိုင်တာတွေဖြစ်တဲ့အပြင် အသက်ကြီးလာတဲ့အခါ အယ်လ်ဇိုင်းမားရောဂါ အလွယ်တကူဝင်နိုင်ပါတယ်။

မှတ်ဉာဏ်စွမ်းရည် ကျဆင်းလာပြီး အာရုံစူးစိုက်နိုင်စွမ်း လျော့နည်းလာပါလိမ့်မယ်။

၄-ဆံပင်ကျွတ်နိုင်တယ်။

နံနက်စာမစားတဲ့အခါ protein ကို ပြည့်ဝစွာမရရှိနိုင်ပါဘူး။အဲ့ဒီအခါ ဆံသားအတွက်လိုအပ်တဲ့ keratin လည်း မရရှိတော့ပါဘူး။

ဆံပင်ကျွတ်တာတွေ၊ ထိပ်ပြောင်တာတွေ ဖြစ်လာနိုင်ပါတယ်။ဆံပင်ပြန်ပေါက်ဖို့လည်း ခက်ခဲလာနိုင်ပါတယ်။

၅-Gym ဆော့ပေမယ့် အကျိုးမရှိတော့ဘူး။

နံနက်စာစားတဲ့အခါ ကြွက်သားတွေဟာ သိသိသာသာဖွံ့ဖြိုးပါတယ်။ဒါကြောင့် gym ကစားတဲ့သူတွေဟာ အာဟာရအပြည့်နဲ့ နံနက်စာကို စားပေးရပါတယ်။

မစားဘူးဆိုရင်တော့ gym ဘယ်လောက်ဆော့ဆော့ ခန္ဓာကိုယ်ဟာ ကိုယ်မျှော်လင့်ထားသလို ပုံပန်းကျ လှပနိုင်မှာမဟုတ်ပါဘူး။

၆-ဝမ်းဗိုက်အဆီတွေ ဖြစ်လာမယ်။

နံနက်စာရှောင်တဲ့သူတွေဟာ နေ့လည်စာနဲ့ ညစာကို ပိုစားတတ်ကြပါတယ်။တကယ်တော့ နံနက်စာဟာ ဘယ်လောက်အများကြီးစားစား ဝမ်းဗိုက်အဆီကို ဖြစ်မလာစေပါဘူး။

နေ့လည်စာနဲ့ ညစာကတော့ စားရင်စားသလို အဆီတက်စေပါတယ်။ဝိတ်ချမယ်လို့ စိတ်ကူးထားတယ်ဆိုရင် နေ့လည်စာနဲ့ ညစာကို လျော့စားပြီး နံနက်စာကို အပြည့်အဝ စားပေးသင့်ပါတယ်။

၇-နှလုံးရောဂါ ဖြစ်လာမယ်။

နံနက်စာမစားတဲ့သူဟာ တဖြည်းဖြည်းနဲ့ နှလုံးအားနည်းလာပါတယ်။ကြာလာတဲ့အခါ silent killer လို့ တင်စားတဲ့ နှလုံးရောဂါ ဖြစ်လာမှာပါ။

နှလုံးရောဂါဟာ ရုတ်တရက်အသက်ရှူရပ်ပြီး သေစေနိုင်တဲ့အထိ ပြင်းထန်ပါတယ်

ဖြစ်ပြီးသွားရင်လည်း အရှင်းမပျောက်တော့တဲ့ ရောဂါမျိုးဖြစ်ပါတယ်။

၈-ဆီးချိုရောဂါ ဖြစ်ပွားနိုင်ချေ များပါတယ်။

နံနက်စာမစားတဲ့သူတွေဟာ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ချေများတယ်လို့ ဆရာဝန်တွေက ထောက်ပြထားပါတယ်။

အင်ဆူလင် လုံလုံလောက်လောက်မထွက်တာကြောင့် သွေးတွင်းမှာ သကြားဓါတ်တွေစုပုံနေရာကနေ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားလာရခြင်း ဖြစ်ပါတယ်။

၉-ခေါင်းကိုက်ဝေဒနာ ဖြစ်လာမယ်။

နံနက်စာမစားတဲ့အတွက် သွေးတွင်းသကြားဓာတ်နည်းလာတဲ့အခါ ခန္ဓာကိုယ်က ဟော်မုန်းတစ်မျိုးကို ထုတ်ပါတယ်။

အဲ့ဒီဟော်မုန်းကြောင့် သွေးဖိအားမြင့်တက်လာပြီး ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာတွေ ဖြစ်နိုင်ပါတယ်။အာရုံကြောအားနည်းတဲ့သူဆိုရင် ပိုပြီး
ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။

၁၀-အသက် ၄၀ လောက်နဲ့ အားအင်ချိနဲ့လာမယ်။

နံနက်စာမစားတဲ့သူဟာ ပုံမှန်လူတွေထက် ကျန်းမာသန်စွမ်းမှုနဲ့ လျင်မြန်သွက်လက်မှုတွေ မြန်မြန် ကျဆင်းနိုင်ပါတယ်။အသက်ကြီးလေ သိသာလေ ဖြစ်လာမှာပါ။

သူများအသက် ၄၀ ဆို သန်မြန်နေဆဲပေမယ့် နံနက်စာမစားတဲ့သူကတော့ အသက် ၄၀ လောက်နဲ့ အင်အားချိနဲ့နေမှာ ဖြစ်ပါတယ်။နံနက်စာ စားသင့်တဲ့အချိန်ကတော့ အိပ်ရာထပြီး ၂ နာရီအတွင်း ဖြစ်ပါတယ်။

ဒါပေမယ့် အိပ်ရာထချိန်ဟာ နံနက် ၆ နာရီကနေ ၉ နာရီအတွင်း ဖြစ်ရပါမယ်။နံနက် ၁၀ နာရီလောက်မှ အိပ်ရာထပြီး နေ့လည် ၁၁ နာရီမှာ စားတဲ့အရာကိုတော့နံနက်စာလို့ မခေါ်ပါဘူး။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website