အဲယားကွန်း မဝယ်နိုင်သူများအတွက် မီတာလည်း သက်သာ ၊ အေးလည်းအေးတဲ့ အဲယားကွန်း လုပ်နည်း

အခုလိုပူအိုက်သော ရာသီမှာအဲယားကွန်း မဝယ်နိုင်သူများအတွက် မီတာလည်း သက်သာအေးလည်းအေးတဲ့ အဲယားကွန်း လုပ်နည်းလေးကို တင်ပြလိုက်ရပါတယ်

မိမိအသားပြုမည့် လျှပ်စစ်ပန်ကာအရွယ် အစားနှင့်ကိုက်ညီသည့်ဖေါ့ ပုံးတခုကိုရှာပါ။

အဖုံးအလယ် တည့်တည့်နေရာကို ပန်ကာတင်နိုင်လောက်အောင် ဖေါ့သားကိုလှီးထုတ်ပါ။

ပုံးအောက်ခြေ ဘေးဘက်နေရာတွင် သုံးလက်မ(သို့မဟုတ်)လေးလက်မ ပီဗွီစီပိုက်လုံးကို (12)လက်မခန့် အရှည်သုံးလုံး ကိုဖြတ်တောက်ထားပါ။

ပုံပါအတိုင်း ဖြတ်တောက်ထားသော ပီဗွီစီပိုက်ကို ဖေါ့ကန်အတွင်းဘက်သို့လေးလက်မလောက်သွင်းပြီးခိုင်မြဲအောင် နှစ်မျိုးစပ်ကော် နှင့်ခိုင်မြဲအောင်ဆက်ပေးပါ။

ပြီးလျှင်သေတ္တာထဲသို့ရေခဲကိုထည့်ပါ။သေတ္တာကိုလုံခြုံစွာဖုံးပြီးအဖုံးပတ်ပတ်လည်ကိုတိတ်သားနှင့်ပတ်ပြီးအသေပိတ်လိုက်ပါ။

ပန်ကာကိုမီးထိုးပြီးစတင်လည်ပတ်ပါ။ထိုအခါပီဗွီစီပြွန်သုံးလုံးကနေအေးမြသောလေအေးတွေအခန်းထဲသို့စတင်ထွက်ရှိလာပြီး၊

မိမိကိုယ်တိုင်ပြုလုပ်ထားသောယူနစ်စားသက်သာအေးလည်းအေးမြန်တဲ့အဲယားကွန်းတစ်လုံးကိုသင်ပိုင်ဆိုင်နိုင်ပြီဖြစ်သည်။

(ထိုအဲယားကွန်းကိုအသုံးပြုနေစဉ်အတွင်းအခန်းကိုပြင်မလေမဝင်အောင်ကြိုတင်ပြုပြင်ထားပါ)

Credit: thutasone