ဒီရက်တွေထဲ ဘာအခက်အခဲကြောင့်ပဲဖြစ်ဖြစ် စိတ်ညစ်နေတဲ့သူတွေရှိရင် ဒါလေးလုပ်လိုက်ပါ

ဒီရက်တွေထဲ ဘာအခက်အခဲကြောင့်ပဲဖြစ်ဖြစ် စိတ်ညစ်နေတဲ့သူတွေရှိရင် ဒါလေးလုပ်လိုက်ပါ။

ဖန်ခွက်အကြည်အသန့်တစ်လုံးထဲကို ရေသန့်ထည့်ပါ။ ပြီးရင် အဲ့ရေကို ၁ မိနစ်လောက် စိတ်ထဲ ဘာမှ မတွေး မစဉ်းစားပဲ ကြည့်ပါ။

စိတ်ငြိမ်းငြ်ိမ်းချမ်းချမ်းနဲ့ ကြည့်ရမယ်နော်။ကြည့်ပြီးရင် အောက်က ဂါထာ၃ ပိုဒ်ကို ဖြေးဖြေးနဲ့ တစ်ခေါက်ရွတ်ပါ။

၁။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဗုဒ္ဓါနုဘာဝေန ဝိနသ မေန္တု။

၂။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဓမ္မာ နုဘာဝေန ဝိနာသ မေန္တု။

၃။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ သံဃာနုဘာဝေန ဝိနာသ မေန္တု။

ဂါထာရွတ်ပြီးရင် အဲ့ဒီဖန်ခွက်ထဲက ရေကို ကိုယ့်အိမ်ကသစ်ပင် သို့မဟုတ် ကြိုက်နှစ်သက်ရာ အပင်တစ်ပင်မှာ လောင်းပေးပါ။

လောင်းနေတဲ့အခါမှာ ဒီသစ်ပင်လေး ရှင်သန်ပါစေဆိုတဲ့ စိတ်နဲ့လောင်းပေးပါ။ ပြီးပြီးရော မလောင်းပါနဲ့နော်။

ဒီလိုဆောင်ရွက်လို့ ကိုယ့်ရဲ့အခက်အခဲတွေ ပြေလည်သွားခဲ့ရင် ဆင်းရဲနွမ်းပါးသူတစ်ဦးဦးကို (သို့မဟုတ်) မိဘမဲ့ ကလေး တစ်ဦးဦးကို (သို့မဟုတ်)

ချို့တဲ့သော အဖိုးအို အဖွားအို တစ်ဦးဦးကို မိမိတတ်နိုင်သလောက် လှူပေးပါ။ ၂၀၀ တတ်နိုင်ရင် ၂၀၀, ၅၀၀ တတ် နိုင်ရင် ၅၀၀,၁ထောင် တတ်နိုင်ရင် ၁ ထောင် စသဖြင့် ….ကိုယ်အဆင်ပြေသလိုလှူပေးပါ။

အခက်အခဲတွေပြေလည်ကြပါစေ

Credit > ဆရာမပုညကလျာဏီ