မြန်မာနိုင်ငံက ပေါချောင်ကောင်းစျေးနဲ့ ဝယ်သွားတဲ့ လှည်းပန်းတောင်းတွေကို တရုတ်ပြည်ကနည်းပညာပေါင်းလိုက်တဲ့အခါ

အတုယူကြစေချင်ပါသည်။ ကိုယ်တွေ ဆီမှာတော့ အမှိုက် ဆိုပြီး ရတဲ့ဈေးနဲ့ ရောင်းပေးလိုက်ကြတယ်။

(ဝယ်သူရှိလို့ ပျော်တောင် နေကြအုံးမယ်) တီထွင် ဖန်တီးတက်သူတွေ လက်ထဲရောက်သွားတော့ အမှိုက်ကနေ ရွှေဖြစ်သွားတယ်။

မြန်မာပြည်က လှည်းပန်းတောင်းတွေ ဘာလုပ်ဖို့ ဝယ်နေကြတာလဲလို့ ရှာဖွေလိုက်တာ တွေ့သွားပါပြီ… မြန်မာပြည်တွင်းမှာ ဝယ်နေကြတာ

အလွန်ဆုး aပးရင် တစ်လုံး ကို ၅၀၀၀ ပဲ။ ပန်းပု ထုထားတဲ့ ပုံထဲမှာပါတဲ့ တရုတ်ငွေဈေးအရ မြန်မာငွေ ၆သိန်းမှ ၁၄ သိန်းကျော် ရှိပါတယ်။

လှည်းပတောင်း ဆိုတာ နွားလှည်းရဲ့ ဘီးအလည်ဗဟိုမှာ ရှိတဲ့ လှည်းဝင်ရိုး တပ်ရတဲ့ aနရာမှာ ရှိတာပါ..

လှည်းဘီးက ဒေါက်တွေကို လှည်းပတောင်းပတ်လည်မှာ စိုက်ပြီး အပြင်ပတ်လည်က သစ်သားဂွေနဲ့ ပတ်ပတ်လည် ဆက်လိုက်မှ လှည်းဘီးတစ်ခု ဖြစ်လာတာပါ။

မြန်မာတောင်သူတွေရဲ့ လက်ရှိ အခြေအနေကတော့ အများစုမှာ နွားတွေ မရှိတော့ပါဘူး…။

လယ်ထွန် ကောက်စိုက်၊ လယ်ရိတ် စတဲ့ လုပ်ငန်းတွေမှာ စက်တွေကို ငှားပြီး လုပ်နေကြတာ ဖြစ်ပါတယ်….။ နွားမရှိတော့

ရှိတဲ့ လှည်းတွေကလည်း အသုံးမဝင်တော့ပါဘူး…။ ပျက်ရင်လည်း မပြင်ကြတော့ပါဘူး..။

လှည်းတွေ ပျက်သွားတဲ့ အခါရောင်းလို့ ရတာ တွေ ဖြုတ်ရောင်း ကြပါတယ်။

လှည်းပတောင်းတွေကို ပြုလုပ်တဲ့အခါ ခိုင်ခန့်စေဖို့ ပိတောက်သားနဲ့ ပြုလုပ်ရတာ ဖြစ်ပါတယ်..

ပိတောက်သားတွေ ဈေးကြီးတဲ့ အခါ စီးပွားရေး အကွက်မြင်သူတွေက ပိတောက်သားနဲ့ လုပ်ထားတဲ့ ယခုလိုပစ္စ္စည်းဟောင်း တွေကို ဈေးပေါပေါ နဲ့ ဝယ်ယူပြီး တန်ဖိုးမြငိ့ ထုတ်ကုန်တွေ ပြုလုပ် ရောင်းချကြတာ ဖြစ်ပါတယ်….။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website