ပန်ကာဖွင့်ပြီး အိပ်တတ်သူတွေ အတွက် သိမှတ်စရာများ

ပန်ကာနဲ့ အိပ်စက်ခြင်းက သင့်ကျန်းမာရေးအတွက် ဘာလို့မကောင်းတာလဲ… ပန်ကာမဖွင့်ဘဲနဲ့ မအိပ်တတ်ကြတဲ့သူတွေကို တွေ့ဖူးကြတယ်မလား။

အရမ်းပူတဲ့ ညတွေမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ချင်တဲ့သူတွေက သူတို့ကို လေ တိုက်ရိုက်ထိတွေ့မှ အိပ်ပျော် တတ်ကြတာပါ။

ပန်ကာက အဆိပ်သင့်စေနိုင်တဲ့ အရာမဟုတ်ပေမဲ့ ညဘက်မှာ အသုံးပြုတာက မကောင်းတဲ့အကျိုးဆက်ကို ကြုံတွေ့ရနိုင်ပါတယ်။

ပန်ကာနဲ့ အိပ်ရင် သင့်ခန္ဓာကိုယ်က ဘယ်လိုတုံ့ပြန်လာမလဲဆိုတာကို ပြောပြပေးပါမယ်။

သင့် ပါးစပ်နဲ့ နှာခေါင်းဆိုင်ရာ လေလမ်းကြောင်းတွေကို ခြောက်စေပါတယ်

အိပ်တဲ့အခါ ပန်ကာ ဖွင့်ထားတာက သင့်ခန္ဓာကိုယ်က အစိုဓာတ်နဲ့ ချွေးတွေကို ရေငွေ့ပျံ့သွားအောင် ကူညီပေးပြီး ရေဓာတ် ကုန်ခန်းတာ၊

ပါးစပ်နဲ နှာခေါင်းဆိုင်ရာ လေလမ်းကြောင်းခြောက်သွေ့တာတွေ ဖြစ်လာစေနိုင်ပါတယ်။

သင်က ပန်ကာဖွင့်ပြီးမှ အိပ်တတ်ရင် ဒီအကျိုးဆက်တွေက မြန်မြန်ဆန်ဆန်ပေါ်လာနိုင်တဲ့အတွက် သေချာအာရုံစိုက်ထားဖို့တော့ လိုပါတယ်။

ဒါပေမဲ့ ရေတစ်ခွက်က သင်လိုအပ်တဲ့ ရေကို သိုလှောင်ဖို့အတွက် လုံလောက်ပါတယ်။

ဓာတ်မတည့်ခြင်းကို ပို ဆိုးရွားလာစေနိုင်တယ်
သင်က ဓာတ်မတည့်တဲ့ ရောဂါ ရှိတယ်ဆိုရင် ပန်ကာဖွင့်ပြီး အိပ်တာက ကောင်းတဲ့ အကြံဉာဏ်တော့မဟုတ်ပါဘူး။

ပန်ကာလေက အလာဂျစ် အမှုန့်အမွှားတွေကို လည်ပတ်စေပြီး ပန်းနာ ရင်ကျပ်ရောဂါ၊ မျက်လုံးခြောက်တာ၊ မျက်လုံး ဓာတ်မတည့်တာ၊ ဖျားနာနိုင်ချေတွေ တိုးလာ စေနိုင်ပါတယ်။

ကြွက်တက်ခြင်းကို ဖြစ်စေနိုင်တယ်

ညဘက် မှာ အပူချိန်က မြန်မြန်ဆန်ဆန် လျော့နည်းသွားပြီး သင့်ခန္ဓာကိုယ်က ပန်ကာမှ ထုတ်လုပ်တဲ့ အအေးနဲ့ ထိတွေ့တာက ကြွက်သားနာကျင်တာ၊ ကြွက်တက်တာတွေရဲ့အကြောင်းအရင်းတွေထဲက တစ်ခုပါပဲ။

ပန်ကာက ထုတ်လွှတ်တဲ့လေက ညဘက်မှာ သင့် အပူချိန်ကို တိုးလာစေပြီး ခေါင်းကိုက်တာ၊ ပျို့အန်တာလို အပူနဲ့ ဆက်စပ်တဲ့ နေမကောင်းတာတွေ ဖြစ်လာနိုင်ပါတယ်။

ပန်ကာကို ဖွင့်အိပ်မယ့်အစား ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်း မျှဝေပေးလိုက်ပါတယ်…။

ပြတင်းပေါက်တွေ ဖွင့် အိပ်ပါပူအိုက်တဲ့ ညတွေအတွက် ရိုးရှင်းတဲ့ ဖြေရှင်းနည်းက ပြတင်းပေါက်တွေ ဖွင့်ထားဖို့ပါပဲ။

သဘာဝအေးမြတဲ့ လေက သင့်အခန်းကို အေးသွားစေပါလိမ့်မယ်။

ပြတင်းပေါက် ဖွင့်ထားလို့ ခြင်ကိုက်မှာ ဆိုးရင် ခြင်ပြေးဇကာကို ပြတင်းပေါက်မှာ တပ်ထားလို့ရပါတယ်။

အိပ်ရာ အနီးနားမှာ ရေစိုတစ်ဘတ် (သို့) ရေဖြည့်ထားတဲ့ ပုံးတစ်ပုံးထားပါ
သင့်အခန်း အေးနေစေဖို့ အိပ်ရာဘေးနားမှာ ရေစိုတစ်ဘတ် (သို့) ရေဖြည့်ထားတဲ့ ပုံးကို ချထားပါ။

ဒီနည်းက သင့်အိပ်ခန်းထဲမှာ အစိုဓာတ် ရလာအောင် ကူညီပေးနိုင်ပါတယ်။

ပန်ကာကို နေရာပြောင်းပြီး ဖွင့်ထားပါ
သင်က ပန်ကာ မပါဘဲမအိပ်နိုင်ရင် ပန်ကာကို အခြားဘက်ကို လှည့်ထားပြီး ဖွင့်ဖို့ ကြိုးစားကြည့်ပါ။

ဒီနည်းက ပန်ကာလေကို သင့်ဆီ တိုက်ရိုက် ထိတွေ့စေမှာ မဟုတ်ပါဘူး။

ဒါမှ အပြင်ဘက်လေတွေက သင့်အခန်းထဲ ဝင်လာအောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website